တာခ်ီလိတ္ၿမိဳ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမေပၚတြင္ ခိုးယူခံရသည့္ ေျမာင္းဖံုးအခ်ဳိ႕ ေနရာတြင္ သြားလာသူမ်ား အဆင္ေျပေစေရးအတြက္ စည္ပင္က ကြန္ကရစ္ေျမာင္းဖံုးမ်ား ယာယီတပ္ဆင္မည္

တာခ်ီလိတ္ၿမိဳ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမေပၚတြင္ ခိုးယူခံရသည့္ ေျမာင္းဖံုးအခ်ဳိ႕ ေနရာတြင္ သြားလာသူမ်ား အဆင္ေျပေစေရးအတြက္ စည္ပင္က ကြန္ကရစ္ေျမာင္းဖံုးမ်ား ယာယီတပ္ဆင္မည္
ဇန်နဝါရီ 21, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္း လမ္းမႀကီး ေပၚတြင္ ေရေျမာင္းအတြင္း အမိႈက္မ်ား ဆယ္ယူရာ၌ အဆင္ေျပလြယ္ကူေစရန္ အတြက္ သံေျမာင္းဖံုးမ်ား တပ္ဆင္ထားရာ  ေျမာင္းဖံုး (၁၄)ခု ခိုးယူခံခဲ့ရၿပီး အခ်ိဳ႕ကို ကြန္ကရစ္ေျမာင္းဖံုးမ်ားျဖင့္ ယာယီ တပ္ဆင္ ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၉ခုႏွစ္ ဇန္န၀ါရီ (၂၀)ရက္ ည (၇)နာရီအခ်ိန္ခန္႔က ဆန္ဆိုင္း(က)ရပ္ကြက္ ဗိုလ္ခ်ဳပ္လမ္းမႀကီး ေပၚတြင္ ကားတစ္စီး ေျမာင္းဖံုးမရိွသည့္ ေနရာတြင္ ကြ်ံက်မႈ ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

“အမ်ားသူငွာ သြားလာေရး အခက္အခဲရိွတယ္။ ကားဘီးေတြ ဘာေတြက်တယ္ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ ေလာေလာဆယ္  အဂၤေတျပားနဲ႔ ယာယီ တင္ထားေပးလိုက္မယ္၊ တစ္ခ်ိဳ႕ကိုေတာ့ ကြ်န္ေတာ္တို႔ ျပန္တပ္ၿပီးၿပီ။ ဆန္ဆိုင္း (၅)လမ္းမွာေတာ့ ျပန္တပ္ၿပီးၿပီ။ (၂)ခုပဲလားမသိဘူး က်န္တာ”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရး ဌာနမွ အမႈေဆာင္အရာရွိ ဦးစိုင္းေအာင္လင္းက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ဇန္န၀ါရီလ (၂၁)ရက္ေန႔တြင္ ေျပာၾကားသည္။

ခိုးယူခံထားရသည့္ ေျမာင္းဖံုးမ်ားႏွင့္ ပတ္သက္၍ တရားခံ ႏွင့္ သူခိုးလက္ခံအျဖစ္ လက္ခံ၀ယ္ယူသူတို႔အား ဖမ္းဆီးရမိထားၿပီး သက္ေသခံ ပစၥည္းမ်ားအျဖစ္ သိမ္းယူထားသည့္ အတြက္  ျပန္လည္ထုတ္ ယူႏိုင္ျခင္း မရိွေသးသျဖင့္ စည္ပင္သာယာေရးဌာနမွ အဖံုး (၈)ခုကို အစားထိုး တပ္ဆင္ထားၿပီး သက္ေသခံ ေျမာင္းဖံုးမ်ား ျပန္လည္ရရိွပါက အားလံုးကို ျပန္လည္တပ္ဆင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဖမ္းၿပီးတရားစြဲရမွာ၊ တရားခံေရာ သက္ေသခံပစၥည္းေရာ တရားရံုးတင္ျပ။ တရားရံုးကေနၿပီးမွ ဒီသက္ေသခံ ပစၥည္းကို ပိုင္ရွင္ကို ျပန္အပ္ႏွံသည္ဆိုေတာ့မွ ပိုင္ရွင္က လက္မွတ္ထိုးၿပီးျပန္ထုတ္။ အခုကေတာ့ တရားစြဲမတင္ရေသးဘူး။ ကၽြန္ေတာ္တို႔ ဥပေဒအၾကံ ေတာင္းရဦးမယ္”ဟု တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွ နယ္ထိန္းေခါင္ေဆာင္ ရဲအုပ္ကိုကိုဦးက ေျပာသည္။

ေျမာင္းဖံုး (၁၄)ခုအား ခိုးယူခံရၿပီး (၂)ရက္ေျမာက္ေန႔ျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၁)ရက္ေန႔ ည(၁၀)နာရီက ခိုးယူသူမ်ားကို ဖမ္းဆီးႏုိင္ခဲ့ၿပီး ေရေျမာင္းဖံုးမ်ားကို လက္ခံဝယ္ယူထားသူကိုလည္း အေရးယူ ထားေၾကာင္းႏွင့္ အဆိုပါ အမႈႏွင့္ ပတ္သက္၍ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၂၁)ရက္ေန႔အထိ တရားရံုး မတင္ရေသးေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး ပေါ်တွင် ရေမြောင်းအတွင်း အမှိုက်များ ဆယ်ယူရာ၌ အဆင်ပြေလွယ်ကူစေရန် အတွက် သံမြောင်းဖုံးများ တပ်ဆင်ထားရာ မြောင်းဖုံး (၁၄)ခု ခိုးယူခံခဲ့ရပြီး အချို့ကို ကွန်ကရစ်မြောင်းဖုံးများဖြင့် ယာယီ တပ်ဆင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ခုနှစ် ဇန်နဝါရီ (၂၀)ရက် ည (၇)နာရီအချိန်ခန့်က ဆန်ဆိုင်း(က)ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီး ပေါ်တွင် ကားတစ်စီး မြောင်းဖုံးမရှိသည့် နေရာတွင် ကျွံကျမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“အများသူငှါ သွားလာရေး အခက်အခဲရှိတယ်။ ကားဘီးတွေ ဘာတွေကျတယ်ဆိုရင်တော့ ကျွန်တော်တို့ လောလောဆယ် အင်္ဂေတပြားနဲ့ ယာယီ တင်ထားပေးလိုက်မယ်၊ တစ်ချို့ကိုတော့ ကျွန်တော်တို့ ပြန်တပ်ပြီးပြီ။ ဆန်ဆိုင်း (၅)လမ်းမှာတော့ ပြန်တပ်ပြီးပြီ။ (၂)ခုပဲလားမသိဘူး ကျန်တာ”ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေး ဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက တာချီလိတ် သတင်းအေဂျင်စီသို့ ဇန်နဝါရီလ (၂၁)ရက်နေ့တွင် ပြောကြားသည်။

ခိုးယူခံထားရသည့် မြောင်းဖုံးများနှင့် ပတ်သက်၍ တရားခံ နှင့် သူခိုးလက်ခံအဖြစ် လက်ခံဝယ်ယူသူတို့အား ဖမ်းဆီးရမိထားပြီး သက်သေခံ ပစ္စည်းများအဖြစ် သိမ်းယူထားသည့် အတွက် ပြန်လည်ထုတ် ယူနိုင်ခြင်း မရှိသေးသဖြင့် စည်ပင်သာယာရေးဌာနမှ အဖုံး (၈)ခုကို အစားထိုး တပ်ဆင်ထားပြီး သက်သေခံ မြောင်းဖုံးများ ပြန်လည်ရရှိပါက အားလုံးကို ပြန်လည်တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဖမ်းပြီးတရားစွဲရမှာ၊ တရားခံရော သက်သေခံပစ္စည်းရော တရားရုံးတင်ပြ။ တရားရုံးကနပြေီးမှ ဒီသက်သေခံ ပစ္စည်းကို ပိုင်ရှင်ကို ပြန်အပ်နှံသည်ဆိုတော့မှ ပိုင်ရှင်က လက်မှတ်ထိုးပြီးပြန်ထုတ်။ အခုကတော့ တရားစွဲမတင်ရသေးဘူး။ ကျွန်တော်တို့ ဥပဒေအကြံ တောင်းရဦးမယ်”ဟု တာချီလိတ်မြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်ဆောင် ရဲအုပ်ကိုကိုဦးက ပြောသည်။

မြောင်းဖုံး (၁၄)ခုအား ခိုးယူခံရပြီး (၂)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့ ည(၁၀)နာရီက ခိုးယူသူများကို ဖမ်းဆီးနိုင်ခဲ့ပြီး ရေမြောင်းဖုံးများကို လက်ခံဝယ်ယူထားသူကိုလည်း အရေးယူ ထားကြောင်းနှင့် အဆိုပါ အမှုနှင့် ပတ်သက်၍ ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၁)ရက်နေ့အထိ တရားရုံး မတင်ရသေးကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~