ဘဏ္မွ ေငြထုတ္ၿပီး ျပန္လာသူကို ေနာက္ေယာင္ခံလိုက္ကာ လြယ္အိတ္အား ဓါးေျမႇာင္ျဖင့္ ျဖတ္၍ လုယူထြက္ေျပးမႈ ျဖစ္ပြား

ဘဏ္မွ ေငြထုတ္ၿပီး ျပန္လာသူကို ေနာက္ေယာင္ခံလိုက္ကာ လြယ္အိတ္အား ဓါးေျမႇာင္ျဖင့္ ျဖတ္၍ လုယူထြက္ေျပးမႈ ျဖစ္ပြား
ဇန်နဝါရီ 28, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေနာင္ခ်ိဳၿမိဳ႕နယ္တြင္ ဘဏ္မွေငြထုတ္ၿပီး ျပန္လာသူကို ေနာက္ေယာင္ခံလုိက္၍ ေငြလုေျပးမႈျဖစ္ပြားသျဖင့္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၂၆)ရက္ေန႔တြင္ အမႈဖြင့္တုိင္ၾကားထားၿပီး ရဲတပ္ဖြဲ႕က စံုစမ္းေနေၾကာင္း သိရသည္။

ေနာင္ခ်ိဳၿမိဳ႕၊ ေစ်းရပ္ကြက္ရိွ ကေမၻာဇဘဏ္တြင္ ေငြက်ပ္ (၁၀)သိန္းထုတ္ယူၿပီး ဆုိင္ကယ္ျဖင့္ ျပန္လာသည့္ အသက္ (၂၂)ႏွစ္အရြယ္ သန္႔ဇင္ဦးကို ကံုးစံုေက်းရြာ မႏၱေလး - လားရိႈးကားလမ္း မုိင္တုိင္အမွတ္ (၇၄/၇)အနီးတြင္ ေနာက္မွ လုိက္လာသည့္ CZI – 125 ေပၚမွ အမ်ိဳးသား(၃)ဦးအနက္က တစ္ဦးက လြယ္အိတ္အား ဓါးေျမႇာင္ျဖင့္ျဖတ္၍ လုယူသြားျခင္းျဖစ္ေၾကာင္း သိရသည္။

လြယ္အိတ္ႀကိဳးအား ဓါးျဖင့္ျဖတ္စဥ္ လက္ျဖင့္ကာလုိက္သျဖင့္ သန္႔ဇင္ဦး၏ ဝဲဘက္လက္ဖဝါးတြင္ ဓါးဒဏ္ရာရသြားခဲ့ကာ ေနာင္ခ်ိဳၿမိဳ႕မရဲစခန္းသို႔ ဇန္နဝါရီလ (၂၆)ရက္ေန႔တြင္ လာေရာက္အမႈဖြင့္ တုိင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေငြလုယူသြားသည့္ အမ်ိဳးသား(၃)ဦးကို ေနာင္ခ်ိဳၿမိဳ႕မ ရဲစခန္းတြင္ (ပ)၂၅/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၄(လုယက္မႈက်ဴးလြန္ရာတြင္ မိမိအလိုအေလ်ာက္နာက်င္ ေစမႈ)ျဖင့္ အမႈဖြင့္စုံစမ္းလ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် ဘဏ်မှငွေထုတ်ပြီး ပြန်လာသူကို နောက်ယောင်ခံလိုက်၍ ငွေလုပြေးမှုဖြစ်ပွားသဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့တွင် အမှုဖွင့်တိုင်ကြားထားပြီး ရဲတပ်ဖွဲ့က စုံစမ်းနေကြောင်း သိရသည်။

နောင်ချိုမြို့၊ ဈေးရပ်ကွက်ရှိ ကမ္ဘောဇဘဏ်တွင် ငွေကျပ် (၁၀)သိန်းထုတ်ယူပြီး ဆိုင်ကယ်ဖြင့် ပြန်လာသည့် အသက် (၂၂)နှစ်အရွယ် သန့်ဇင်ဦးကို ကုံးစုံကျေးရွာ မန္တလေး - လားရှိုးကားလမ်း မိုင်တိုင်အမှတ် (၇၄/၇)အနီးတွင် နောက်မှ လိုက်လာသည့် CZI – 125 ပေါ်မှ အမျိုးသား(၃)ဦးအနက်က တစ်ဦးက လွယ်အိတ်အား ဓားမြှောင်ဖြင့်ဖြတ်၍ လုယူသွားခြင်းဖြစ်ကြောင်း သိရသည်။

လွယ်အိတ်ကြိုးအား ဓားဖြင့်ဖြတ်စဉ် လက်ဖြင့်ကာလိုက်သဖြင့် သန့်ဇင်ဦး၏ ဝဲဘက်လက်ဖဝါးတွင် ဓားဒဏ်ရာရသွားခဲ့ကာ နောင်ချိုမြို့မရဲစခန်းသို့ ဇန်နဝါရီလ (၂၆)ရက်နေ့တွင် လာရောက်အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငွေလုယူသွားသည့် အမျိုးသား(၃)ဦးကို နောင်ချိုမြို့မ ရဲစခန်းတွင် (ပ)၂၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄(လုယက်မှုကျူးလွန်ရာတွင် မိမိအလိုအလျောက်နာကျင် စေမှု)ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~