စာတုိက္ေခ်ာျဖင့္ ပို႔လုိက္သည့္ ေအာင္ဘာေလထီစာအုပ္မ်ား လမ္းတြင္ ေပ်ာက္ဆံုး

စာတုိက္ေခ်ာျဖင့္ ပို႔လုိက္သည့္ ေအာင္ဘာေလထီစာအုပ္မ်ား လမ္းတြင္ ေပ်ာက္ဆံုး
ဇန်နဝါရီ 10, 2019
By Tachileik News Agency

ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ေအာင္ဘာေလသိန္းဆုဌာနခြဲက စာတုိက္ေခ်ာျဖင့္ ေပးပို႔လုိက္သည့္ ထီစာအုပ္မ်ား ေပ်ာက္ဆံုးသြားေၾကာင္း ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၀)ရက္ေန႔က ေၾကညာခ်က္ ထုတ္ျပန္ထားသည္။

မေကြးတုိင္းေဒသႀကီး၊ ပြင့္ျဖဴၿမိဳ႕သို႔ စာတိုက္ေခ်ာပို႔စနစ္ျဖင့္ ပို႔ေဆာင္လုိက္သည့္ ထီစာအုပ္ (၁၂၈၅)အုပ္ စုစုေပါင္း အေစာင္ေရ (၁၄,၁၃၅)မွာ လမ္းတြင္ ေပ်ာက္ဆံုးသြားသျဖင့္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁)ရက္ေန႔၌ ထီဖြင့္ရာတြင္ အဆိုပါ ေပ်ာက္ဆံုးနံပါတ္မ်ားကို ထီဆုေပးမည္ မဟုတ္ေၾကာင္း ေအာင္ဘာေလသိန္းဆုဌာနခြဲက ေၾကညာလုိက္ျခင္းျဖစ္သည္။

 (၂၃)ႀကိမ္ေျမာက္ က်ပ္ (၅၀၀)တန္ ထီလက္မွတ္မ်ားအား မႏၱေလးၿမိဳ႕ရိွ ေအာင္ဘာေလရံုးခြဲမွ မေကြးတုိင္း ပြင့္ျဖဴၿမိဳ႕သို႔ စာတိုက္ေခ်ာျဖင့္ ေပးပို႔လိုက္သည့္ ထီစာအုပ္မ်ား ေပ်ာက္ဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေပ်ာက္ဆံုး ထီလက္မွတ္မ်ားမွာ ေရာင္းခ်ရျခင္းမရိွေသးသည့္ လက္မွတ္မ်ားျဖစ္သျဖင့္ ထီဖြင့္ပြဲတြင္ အဆိုပါနံပါတ္မ်ားမွ ေပၚထြက္လာပါက အျခားနံပါတ္ကို ျပန္လည္ေရြးခ်ယ္မည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲက စာတိုက်ချောဖြင့် ပေးပို့လိုက်သည့် ထီစာအုပ်များ ပျောက်ဆုံးသွားကြောင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားသည်။

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့သို့ စာတိုက်ချောပို့စနစ်ဖြင့် ပို့ဆောင်လိုက်သည့် ထီစာအုပ် (၁၂၈၅)အုပ် စုစုပေါင်း အစောင်ရေ (၁၄,၁၃၅)မှာ လမ်းတွင် ပျောက်ဆုံးသွားသဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့၌ ထီဖွင့်ရာတွင် အဆိုပါ ပျောက်ဆုံးနံပါတ်များကို ထီဆုပေးမည် မဟုတ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲက ကြေညာလိုက်ခြင်းဖြစ်သည်။

 (၂၃)ကြိမ်မြောက် ကျပ် (၅၀၀)တန် ထီလက်မှတ်များအား မန္တလေးမြို့ရှိ အောင်ဘာလေရုံးခွဲမှ မကွေးတိုင်း ပွင့်ဖြူမြို့သို့ စာတိုက်ချောဖြင့် ပေးပို့လိုက်သည့် ထီစာအုပ်များ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပျောက်ဆုံး ထီလက်မှတ်များမှာ ရောင်းချရခြင်းမရှိသေးသည့် လက်မှတ်များဖြစ်သဖြင့် ထီဖွင့်ပွဲတွင် အဆိုပါနံပါတ်များမှ ပေါ်ထွက်လာပါက အခြားနံပါတ်ကို ပြန်လည်ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~