ရန္ကုန္ၿမိဳ႕၌ က်င္းပေနသည့္ ေသြးခ်င္းတို႔ရဲ႕ပြဲေတာ္ဆီ ပြဲေတာ္တြင္ တိုင္းရင္းသားရိုးရာ အသံုးအေဆာင္မ်ားႏွင့္ အစားအစာမ်ား ေရာင္းခ်ေပးေန

ရန္ကုန္ၿမိဳ႕၌ က်င္းပေနသည့္ ေသြးခ်င္းတို႔ရဲ႕ပြဲေတာ္ဆီ ပြဲေတာ္တြင္ တိုင္းရင္းသားရိုးရာ အသံုးအေဆာင္မ်ားႏွင့္ အစားအစာမ်ား ေရာင္းခ်ေပးေန
ဇန်နဝါရီ 26, 2019
By Tachileik News Agency

 ရန္ကုန္ၿမိဳ႕ က်ိဳကၠစံအားကစားကြင္းတြင္ က်င္းပျပဳလုပ္ေနသည့္ ေသြးခ်င္းတို႔ရဲ႕ ပြဲေတာ္ဆီ ပြဲေတာ္မွာ တိုင္းရင္းသားရိုးရာ ျပခန္းမ်ားအျပင္ ဆိုင္ခန္းေပါင္း (၈၀၀)ေက်ာ္ျဖင့္ စည္ကားစြာ က်င္းပေနသည္။

ပြဲေတာ္ကို ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၂၅)ရက္ေန႔မွ (၃၀)ရက္ေန႔အထိ က်င္းပျပဳလုပ္ေနျခင္းျဖစ္ၿပီး ပြဲေတာ္ အခ်ိန္ကို နံနက္ (၁၁)နာရီမွ ည (၁၀)နာရီအထိ၊ ျပခန္းမ်ားကို နံနက္ (၁၁)နာရီမွ ည (၈)နာရီအထိႏွင့္ ေဖ်ာ္ေျဖေရးကို ည (၇)နာရီမွ (၁၀)နာရီအထိ သတ္မွတ္ ျပသေနေၾကာင္း သိရသည္။

တိုင္းရင္းသားမ်ားစြာပါ၀င္သည့္ ရိုးရာယဥ္ေက်းမႈ ျပခန္းမ်ားႏွင့္ တိုင္းရင္းသားရိုးရာ အ၀တ္အထည္မ်ား၊ တိုင္းရင္းသားရိုးရာ အစားအစာမ်ား ေရာင္းခ်သည့္ ဆိုင္ခန္းမ်ားဖြင့္လွစ္ ေရာင္းခ်ေနေၾကာင္းသိရသည္။

ပြဲေတာ္ႀကီးတြင္ ႏိုင္ငံေက်ာ္ေတးသံ႐ွင္မ်ား၏ ေဖ်ာ္ေျဖတင္ဆက္မႈမ်ား၊ တိုင္းရင္းသားလူမ်ိဳးတစုခ်င္းစီ၏ အကအလွမ်ား၊ တိုင္းရင္းသား အလွမယ္ ေရြးခ်ယ္ပြဲႀကီး(Miss Ethnic Myanmar 2019)၊ တိုင္းရင္းသား ယဥ္ေက်းမႈျပခန္းမ်ား၊ အမွတ္တရဓာတ္ပုံ႐ိုက္ကူးႏိုင္မည့္ ေနရာမ်ား၊ အျခားေဖ်ာ္ေျဖ တင္ဆက္မႈ ေပါင္းမ်ားစြာႏွင့္အတူ က်င္းပေနေၾကာင္းသိရသည္။

Tachileik News Agency
ဓါတ္ပံု - သံစဥ္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

 ရန်ကုန်မြို့ ကျိုက္ကစံအားကစားကွင်းတွင် ကျင်းပပြုလုပ်နေသည့် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပွဲတော်မှာ တိုင်းရင်းသားရိုးရာ ပြခန်းများအပြင် ဆိုင်ခန်းပေါင်း (၈၀၀)ကျော်ဖြင့် စည်ကားစွာ ကျင်းပနေသည်။

ပွဲတော်ကို ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့မှ (၃၀)ရက်နေ့အထိ ကျင်းပပြုလုပ်နခြေင်းဖြစ်ပြီး ပွဲတော် အချိန်ကို နံနက် (၁၁)နာရီမှ ည (၁၀)နာရီအထိ၊ ပြခန်းများကို နံနက် (၁၁)နာရီမှ ည (၈)နာရီအထိနှင့် ဖျော်ဖြေရေးကို ည (၇)နာရီမှ (၁၀)နာရီအထိ သတ်မှတ် ပြသနေကြောင်း သိရသည်။

တိုင်းရင်းသားများစွာပါဝင်သည့် ရိုးရာယဉ်ကျေးမှု ပြခန်းများနှင့် တိုင်းရင်းသားရိုးရာ အဝတ်အထည်များ၊ တိုင်းရင်းသားရိုးရာ အစားအစာများ ရောင်းချသည့် ဆိုင်ခန်းများဖွင့်လှစ် ရောင်းချနေကြောင်းသိရသည်။

ပွဲတော်ကြီးတွင် နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ တိုင်းရင်းသားလူမျိုးတစုချင်းစီ၏ အကအလှများ၊ တိုင်းရင်းသား အလှမယ် ရွေးချယ်ပွဲကြီး(Miss Ethnic Myanmar 2019)၊ တိုင်းရင်းသား ယဉ်ကျေးမှုပြခန်းများ၊ အမှတ်တရဓာတ်ပုံရိုက်ကူးနိုင်မည့် နေရာများ၊ အခြားဖျော်ဖြေ တင်ဆက်မှု ပေါင်းများစွာနှင့်အတူ ကျင်းပနေကြောင်းသိရသည်။

Tachileik News Agency
ဓာတ်ပုံ - သံစဉ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~