ကျောင်းပြောင်းလက်မှတ် ထုတ်ယူရာတွင် မြို့နယ်ပြောင်းများအတွက် ပညာရေးမှူး၏ ထောက်ခံချက်ရယူစရာမလိုတော့ဘဲ သက်ဆိုင်ရာ ကျောင်းအုပ်များက ထုတ်ပေးနိုင်ရန် ညွှန်ကြားထား

ကျောင်းပြောင်းလက်မှတ် ထုတ်ယူရာတွင် မြို့နယ်ပြောင်းများအတွက် ပညာရေးမှူး၏ ထောက်ခံချက်ရယူစရာမလိုတော့ဘဲ သက်ဆိုင်ရာ ကျောင်းအုပ်များက ထုတ်ပေးနိုင်ရန် ညွှန်ကြားထား
ဇနျနဝါရီ 28, 2019
By Tachileik News Agency

တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် မြို့နယ်ခြား ကျောင်းပြောင်းလက်မှတ်ထုတ်ယူရာ၌ ယခင်က မြို့နယ်ပညာရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်ရယူနေရခြင်းကို ဖြေလျှော့သည့် အနေဖြင့် သက်ဆိုင်ရာ ကျောင်းအုပ်များမှ ထုတ်ပေးနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားသည်။

“ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ၂၀၁၈ ခုနှစ် မေလမှာ ကျောင်းအုပ်ချုပ်မှု သင်တန်းကျောင်း ထောက်ကြန့်မှာ ဖွင့်လှစ်ခဲ့တဲ့ ပညာရေးစီမံခန့်ခွဲသူများ စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းမှ စ၍ တိုင်းဒေသကြီး ပြည်နယ်များတွင် ပြောင်းသောကျောင်းထွက်လက်မှတ် TC များတွင်သာ မြို့နယ်ပညာရေးမှူးများရဲ့ ထောက်ခံချက် ထပ်ဆင့်ရေး ထိုးရန်လိုအပ်ကြောင်း ထပ်ဆင့် ညွှန်ကြားထားပြီးတော့ တိုင်းဒေသကြီး ပြည်နယ်များအတွင်းမှာရှိတဲ့ မြို့နယ်ခြားပြောင်း TC များတွင်မှု မြို့နယ်ပညာရေးမှူးရဲ့ထောက်ခံချက်လက်မှတ် ထပ်ဆင့်ရေးထိုးရန် မလိုအပ်တော့ပါကြောင်းနှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအတွင်း မြို့နယ်ခြားပြောင်း TC များအတွက် ကျောင်းအုပ်မရှိပဲ တာဝန်ခံကျောင်းအုပ်သာရှိတဲ့ ကျောင်းမျာမှ TC များအတွက်ကိုသာ မြို့နယ်ပညာရေးမှူးရဲ့ ထပ်ဆင့် ထောက်ခံချက်လက်မှတ် ထပ်ဆင့်ရယူဆောင် ရွက်သွားဖို့အတွက် စီစဉ်ဆောင်ရွက်ထားလျှက်ရှိပါကြောင်း လေးစားစွာတင်ပြအပ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက လွှတ်တော်တွင်ဖြေကြားခဲ့သည်။



Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် မြို့နယ်ခြား ကျောင်းပြောင်းလက်မှတ်ထုတ်ယူရာ၌ ယခင်က မြို့နယ်ပညာရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်ရယူနေရခြင်းကို ဖြေလျှော့သည့် အနဖြေင့် သက်ဆိုင်ရာ ကျောင်းအုပ်များမှ ထုတ်ပေးနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြကြေားသည်။

“ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ၂၀၁၈ ခုနှစ် မေလမှာ ကျောင်းအုပ်ချုပ်မှု သင်တန်းကျောင်း ထောက်ကြန့်မှာ ဖွင့်လှစ်ခဲ့တဲ့ ပညာရေးစီမံခန့်ခွဲသူများ စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းမှ စ၍ တိုင်းဒေသကြီး ပြည်နယ်များတွင် ပြောင်းသောကျောင်းထွက်လက်မှတ် TC များတွင်သာ မြို့နယ်ပညာရေးမှူးများရဲ့ ထောက်ခံချက် ထပ်ဆင့်ရေး ထိုးရန်လိုအပ်ကြောင်း ထပ်ဆင့် ညွှန်ကြားထားပြီးတော့ တိုင်းဒေသကြီး ပြည်နယ်များအတွင်းမှာရှိတဲ့ မြို့နယ်ခြားပြောင်း TC များတွင်မှု မြို့နယ်ပညာရေးမှူးရဲ့ထောက်ခံချက်လက်မှတ် ထပ်ဆင့်ရေးထိုးရန် မလိုအပ်တော့ပါကြောင်းနှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအတွင်း မြို့နယ်ခြားပြောင်း TC များအတွက် ကျောင်းအုပ်မရှိပဲ တာဝန်ခံကျောင်းအုပ်သာရှိတဲ့ ကျောင်းမျာမှ TC များအတွက်ကိုသာ မြို့နယ်ပညာရေးမှူးရဲ့ ထပ်ဆင့် ထောက်ခံချက်လက်မှတ် ထပ်ဆင့်ရယူဆောင် ရွက်သွားဖို့အတွက် စီစဉ်ဆောင်ရွက်ထားလျှက်ရှိပါကြောင်း လေးစားစွာတင်ပြအပ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက လွှတ်တော်တွင်ဖြကြေားခဲ့သည်။

မြို့နယ်ခြား၊ တိုင်းခြားကျောင်းပြောင်းလက်မှတ်ထုတ်ယူခြင်းနှင့် ကျောင်းအပ်နှံရာတွင် အသက် မပြည့်သဖြင့် မြို့နယ်ပညာရေးမှူးများ၏ ထပ်ဆင့်လက်မှတ်လိုအပ်ခြင်း ကန့်သတ်ထားခြင်းမှာ ဟုမ္မလင်းမြို့နယ်ကဲ့သို့ ကြီးမားကျယ်ပြန့်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် မြို့နယ်အစွန်အဖျားတွင်ရှိ ကျောင်းသူ၊ ကျောင်းသားများနှင့် မိဘများအတွက် အခက်အခဲ အဟန့်အတားဖြစ်နေသဖြင့် အဆိုပါ မေးခွန်းကို မေးမြန်းရခြင်းဖြစ်ကြောင်း ဟုမ္မလင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က ပြောသည်။

“ကျောင်းအပ်စ ကလေးငယ်တွေ ကျောင်းအပ်တဲ့အခါမှာ အသက်၂ လလိုတဲ့အခါမှာ မြို့နယ် ပညာရေးမှူးလက်မှတ် လိုအပ်ခြင်း၊ ၃ လလိုတဲ့အခါမှာ ခရိုင်ပညာရေးမှူးရဲ့ ထောက်ခံချက်လိုအပ်ခြင်းများ၊ ကျောင်းထွက်လက်မှတ်ယူပါက မြို့နယ်ခြားပြောင်းရင် မြို့နယ်ပညာရေးမှူး ထောက်ခံချက် လက်မှတ်ထပ်ဆင့်ယူရခြင်း စတဲ့ဟန့်တားချက်များကို ဖြေလျှော့ပေးရန် အစီအစဉ် ရှိမရှိနှင့် မရှိပါက အဘယ်ဘယ်ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း” ဟု ဟုမ္မလင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က လွှတ်တော်တွင် မေးမြန်းခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~