မကွေးတိုင်း၏ ပထမဆုံး ဆင်စခန်းကို ရွှေစက်တော်ဘုရားပွဲတော် ဖွင့်ပွဲနေ့တွင် စတင် ဖွင့်လှစ်မည်
မကွေးတိုင်း၏ ပထမဆုံး ဆင်စခန်းကို ရွှေစက်တော်ဘုရားပွဲတော် ဖွင့်ပွဲနေ့တွင် စတင် ဖွင့်လှစ်မည်
ဇနျနဝါရီ 14, 2019
By Tachileik News Agency
မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရားအနီး ကြိုးပြင်ကာကွယ်တော၌ ဆင်ထိန်းသိမ်းရေးအခြေပြု ခရီးသွားလုပ်ငန်းအတွက် တည်ဆောက်နေသည့် ဆင်စခန်းကို မန်းစက်တော်ရာ ဘုရားပွဲတော် စတင်ဖွင့်လှစ်သည့် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၉)ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆင်စခန်းမှာ ပဒါန်းဘက်မှ ရွှေစက်တော်ဘက်သွားသည့် ပုသိမ်-မုံရွာလမ်းမှ(၈)မိုင်လမ်းအတိုင်း သွားပါက (၅)မိုင်ခန့်အကွာတွင် ရှိနေပြီး ရွှေစက်တော်ဘက်မှ သွားမည်ဆိုပါက အထက်စက်တော်ရာ ကိုးခန်းကြီးလမ်းခွဲမှ (၈)မိုင်လမ်းအတိုင်း (၃)မိုင်ခန့်အကွာတွင်ရှိနေကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းဒေသကြီးအစိုးရနှင့် မြန်မာ့သစ်လုပ်ငန်းတို့ ပူးပေါင်း၍ ပထမဆုံး ဆင်ထိန်းသိမ်းရေးအခြေပြု ခရီးသွားလုပ်ငန်းဆင်စခန်းကို တည်ဆောက်နေခြင်းဖြစ်ကာ လတ်တလောတွင် ဆင်(၇)ကောင် ရောက်ရှိနေပြီး  (၈)ကောင် ထပ်မံ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးတွင် ဆင်စခန်း (၁၉)ခုရှိပြီး မကွေးတိုင်းအတွင်း သစ်ထုတ်လုပ်ရေးဆင် (၂၀၄) ကောင်ရှိသဖြင့် မကွေးတိုင်းဒေသကြီး၏ ပထမဆုံးဆင်စခန်းကို စတင်တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရားအနီး ကြိုးပြင်ကာကွယ်တော၌ ဆင်ထိန်းသိမ်းရေးအခြပြေု ခရီးသွားလုပ်ငန်းအတွက် တည်ဆောက်နေသည့် ဆင်စခန်းကို မန်းစက်တော်ရာ ဘုရားပွဲတော် စတင်ဖွင့်လှစ်သည့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
“ဆင်စခန်းကို လာရောက်သူတွေအနေနဲ့ ဆင်တွေကိုကြည့်ရှုနိုင်မယ်။ ဆင်စီးနိုင်မယ်။ နားနေ အပန်းဖြေ နိုင်ဖို့ အတွက် နှစ်ယောက်အိပ်မွေ့ယာ၊ ခေါင်းအုံး၊ စောင်၊ ခြင်ထောင်၊ ဘိုထိုင်အိမ်သာနဲ့ ရေချိုးခန်း တွေပါရှိမယ့် ဘန်ဂလို (၁၁)လုံး ဆောက်လုပ်ပြီးပါပြီ။ နောက်ထပ်လည်း တည်ဆောက်နေဆဲဖြစ်ပါတယ်။ စားသောက်ဆိုင် အနေနဲ့ လောလောဆယ် Canteen တစ်ခု ဆောက်ထားပြီးပါပြီ။ မန်းချောင်းအတွင်း ရေချိုးနိုင်မှာဖြစ်ပြီး ရေပေါ်အဆောက်အဦလေးတွေလည်း ထားရှိဖို့ စီစဉ်နေပါတယ်”ဟု ဆင်စခန်း ဒုတိယ တာဝန်ခံ ဦးအောင်ကိုကိုထက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ဆင်စခန်းမှာ ပဒါန်းဘက်မှ ရွှေစက်တော်ဘက်သွားသည့် ပုသိမ်-မုံရွာလမ်းမှ(၈)မိုင်လမ်းအတိုင်း သွားပါက (၅)မိုင်ခန့်အကွာတွင် ရှိနပြေီး ရွှေစက်တော်ဘက်မှ သွားမည်ဆိုပါက အထက်စက်တော်ရာ ကိုးခန်းကြီးလမ်းခွဲမှ (၈)မိုင်လမ်းအတိုင်း (၃)မိုင်ခန့်အကွာတွင်ရှိနေကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းဒေသကြီးအစိုးရနှင့် မြန်မာ့သစ်လုပ်ငန်းတို့ ပူးပေါင်း၍ ပထမဆုံး ဆင်ထိန်းသိမ်းရေးအခြပြေု ခရီးသွားလုပ်ငန်းဆင်စခန်းကို တည်ဆောက်နခြေင်းဖြစ်ကာ လတ်တလောတွင် ဆင်(၇)ကောင် ရောက်ရှိနပြေီး (၈)ကောင် ထပ်မံ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆင်စခန်းတွင် စားသောက်ဆိုင်နှင့် တည်းခိုဆောင်များလည်း ပါဝင်မည်ဖြစ်ပြီး ဆင်စီးခ တစ်ဦးလျှင် ကျပ်ငါးထောင်၊ ဆင်စာတစ်ဗန်းလျှင် ကျပ်တစ်ထောင်နှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးတွင် ဆင်စခန်း (၁၉)ခုရှိပြီး မကွေးတိုင်းအတွင်း သစ်ထုတ်လုပ်ရေးဆင် (၂၀၄) ကောင်ရှိသဖြင့် မကွေးတိုင်းဒေသကြီး၏ ပထမဆုံးဆင်စခန်းကို စတင်တည်ဆောက်နခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~