တာခ်ီလိတ္ၿမိဳ႕တြင္ က်င္းပမည့္ ကရင္အမ်ိဳးသားႏွစ္သစ္ကူးပြဲေတာ္သို႔ မည္သူမဆို လာေရာက္ ဆင္ႏႊဲႏိုင္

တာခ်ီလိတ္ၿမိဳ႕တြင္ က်င္းပမည့္ ကရင္အမ်ိဳးသားႏွစ္သစ္ကူးပြဲေတာ္သို႔ မည္သူမဆို လာေရာက္ ဆင္ႏႊဲႏိုင္
ဇန်နဝါရီ 5, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၌ က်င္းပမည့္ ကရင္အမ်ိဳးသားႏွစ္သစ္ကူးပြဲေတာ္ကို ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၆)ရက္ေန႔တြင္ က်င္းပမည္ျဖစ္ရာ ရွမ္းျပည္နယ္အေရွ႕ပိုင္းရိွ ကရင္တုိင္းရင္းသားမ်ား စုစည္းတက္ေရာက္ၾကရန္ ပြဲက်င္းပေရးေကာ္မတီက ဖိတ္ၾကားထားသည္။

တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ မီးသတ္စခန္းအေနာက္ဘက္ ငွက္ေပ်ာၿခံတြင္ နံနက္ (၇)နာရီမွစ၍ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္း။

အဆုိပါ အခမ္းအနားစတင္သည့္ နံနက္ (၇)နာရီတြင္ ကရင္အလံေတာ္တင္ျခင္း လုပ္ေဆာင္မည္ျဖစ္ၿပီး ပြဲေတာ္ အခမ္းအနားကို နံနက္ (၇)နာရီခြဲမွ နံနက္ (၈)နာရီခြဲအထိ လည္းေကာင္း၊ အနယ္နယ္အရပ္ရပ္မွ ၾကြေရာက္လာသည့္ ဧည့္သည္မ်ားအား ေကၽြးေမြးဧည့္ခံျခင္းကို နံနက္ (၉)နာရီမွ ေန႔လယ္ (၁၂)နာရီအထိ လည္းေကာင္း၊ အခမ္းအနားပိတ္ပြဲႏွင့္ ကရင္အလံေတာ္ခ်ျခင္းကို ညေန (၅)နာရီတြင္လည္းေကာင္း လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၌ ကျင်းပမည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကရင်တိုင်းရင်းသားများ စုစည်းတက်ရောက်ကြရန် ပွဲကျင်းပရေးကော်မတီက ဖိတ်ကြားထားသည်။

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မီးသတ်စခန်းအနောက်ဘက် ငှက်ပျောခြံတွင် နံနက် (၇)နာရီမှစ၍ ကျင်းပမည်ဖြစ်ကြောင်း သိရသည်း။

အဆိုပါ အခမ်းအနားစတင်သည့် နံနက် (၇)နာရီတွင် ကရင်အလံတော်တင်ခြင်း လုပ်ဆောင်မည်ဖြစ်ပြီး ပွဲတော် အခမ်းအနားကို နံနက် (၇)နာရီခွဲမှ နံနက် (၈)နာရီခွဲအထိ လည်းကောင်း၊ အနယ်နယ်အရပ်ရပ်မှ ကြွရောက်လာသည့် ဧည့်သည်များအား ကျွေးမွေးဧည့်ခံခြင်းကို နံနက် (၉)နာရီမှ နေ့လယ် (၁၂)နာရီအထိ လည်းကောင်း၊ အခမ်းအနားပိတ်ပွဲနှင့် ကရင်အလံတော်ချခြင်းကို ညနေ (၅)နာရီတွင်လည်းကောင်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~