လွိုင်ကော်တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုထားရှိသည့်ကိစ္စကို ကရင်နီလူငယ်များအဖွဲ့က ထိုင်သပိတ်ဖြင့် ဆန္ဒပြ
လွိုင်ကော်တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုထားရှိသည့်ကိစ္စကို ကရင်နီလူငယ်များအဖွဲ့က ထိုင်သပိတ်ဖြင့် ဆန္ဒပြ
ဇနျနဝါရီ 31, 2019
By Tachileik News Agency
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကန္ဓာဟေဝန်ပန်းခြံတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ ညနေက ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ် စိုက်ထူခြင်းကို ကရင်နီလူများအဖွဲ့များက ကန့်ကွက်ဆန္ဒပြနေပြီး တာဝန်ရှိသူများက လာရောက်ဖြေရှင်းပေးသည်အထိ ထိုင်သပိတ်ပြုလုပ်မည်ဟု ဆိုသည်။
အဆိုပါ ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုစိုက်ထူမည်ကို ကရင်နီလူငယ်အဖွဲ့က ကန့်ကွက်နေခြင်း ဖြစ်ပြီး  ရုပ်ထုထားရှိခြင်းနှင့် ပတ်သက်၍ လူထုသဘောထားဆန္ဒမဲရယူဆုံးဖြတ်ရန် တောင်းဆိုထားကာ ရုပ်ထုထားရှိခြင်းနှင့် ပတ်သက်၍ ကော်မတီဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်၍ ကော်မတီနှင့်ညှိနှိုင်းရန် ပြည်နယ်အစိုးရက ဖြေကြားထားကြောင်း သိရသည်။
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကန္ဓာဟေဝန်ပန်းခြံတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ ညနေက ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ် စိုက်ထူခြင်းကို ကရင်နီလူများအဖွဲ့များက ကန့်ကွက်ဆန္ဒပြနပြေီး တာဝန်ရှိသူများက လာရောက်ဖြေရှင်းပေးသည်အထိ ထိုင်သပိတ်ပြုလုပ်မည်ဟု ဆိုသည်။
"ဒီနေ့ အနေနဲ့ကတော့ ကျွန်တော်တို့ ထိုင်သပိတ်စလုပ်ပြီ။ ဒီညလည်း ဒီမှာပဲ အိပ်မယ်။ နောက်နေ့တွေ ဆက်တိုက် ဒီမှာပဲ ထိုင်သပိတ် ဆက်ထိုင်သွားပါမယ်။ ဒီပန်းခြံရှေ့မှာပဲ သပိတ်စခန်းစဖွင့် ပြီပေါ့။ ကျွန်တော်တို့ကို တစ်စုံတစ်ရာ လာရောက်ဆွေးနွခြေင်း မရှိမချင်း သပိတ်လုပ်သွားမှာပါ"ဟု ဆန္ဒထုတ်ဖော်နေသူတစ်ဦးဖြစ်သည့် ကိုမျိုးလှိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။
အဆိုပါ ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုစိုက်ထူမည်ကို ကရင်နီလူငယ်အဖွဲ့က ကန့်ကွက်နခြေင်း ဖြစ်ပြီး ရုပ်ထုထားရှိခြင်းနှင့် ပတ်သက်၍ လူထုသဘောထားဆန္ဒမဲရယူဆုံးဖြတ်ရန် တောင်းဆိုထားကာ ရုပ်ထုထားရှိခြင်းနှင့် ပတ်သက်၍ ကော်မတီဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်၍ ကော်မတီနှင့်ညှိနှိုင်းရန် ပြည်နယ်အစိုးရက ဖြကြေားထားကြောင်း သိရသည်။
"အစိုးရအဖွဲ့က တာဝန်ယူပြီးလုပ်တာမဟုတ်တော့ဘူးပေါ့။ တစ်ခြားကော်မတီတစ်ခုကို လွှဲပေးလိုက်ပြီ။ အဲဒီတော့ လူငယ်တွေအနေနဲ့ လုပ်စရာရှိတာဆက်လုပ်ပါ။ အစိုးရနဲ့မဆိုင်တော့ဘူး ဆိုတဲ့သဘော ပြောတယ်"ဟု ဆန္ဒပြသူတစ်ဦးဖြစ်သည့် ကိုကျော်ထင်အောင်က ပြောသသည်။
ကယားပြည်နယ်တွင် အဆိုပါ ရုပ်ထုထားရှိမည့် ကိစ္စနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်ကလည်း ကရင်နီလူငယ်အဖွဲ့က ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်ခဲ့ကြသဖြင့် ငြိမ်းစုစီဥပဒေ၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)(၈)တို့ဖြင့် တရားစွဲဆိုခံရခြင်းများလည်း ရှိခဲ့ခြင်းဖြစ်သည်။
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~