(၆၇)ႏွစ္ေျမာက္ ကယားျပည္နယ္ေန႔ပြဲေတာ္ကို လိြဳင္ေကာ္ၿမိဳ႕တြင္ ဇန္နဝါရီလ (၁၀)ရက္ေန႔မွစ၍ (၈)ရက္ၾကာ က်င္းပမည္

(၆၇)ႏွစ္ေျမာက္ ကယားျပည္နယ္ေန႔ပြဲေတာ္ကို လိြဳင္ေကာ္ၿမိဳ႕တြင္ ဇန္နဝါရီလ (၁၀)ရက္ေန႔မွစ၍ (၈)ရက္ၾကာ က်င္းပမည္
ဇန်နဝါရီ 3, 2019
By Tachileik News Agency

ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕တြင္ က်င္းပမည့္ (၆၇) ႏွစ္ေျမာက္ ကယားျပည္နယ္ေန႔ပြဲေတာ္၏ မုခ္ဦးကို ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၀) ရက္ေန႔တြင္ စတင္ဖြင့္လွစ္ၿပီး ျပည္နယ္ေန႔အခမ္းအနားကို ကႏၵာေဟဝန္ပန္းၿခံရိွ ေက်ာက္သားရင္ျပင္၊ အားကစားပြဲမ်ားကို ေနရာ (၇)ခုႏွင့္ ေဖ်ာ္ေျဖေရးပြဲမ်ားကို ေနရာ(၃)တို႔တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

ကယားျပည္နယ္ေန႔ အထိမ္းအမွတ္မုခ္ဦးကို စာတုိက္အဝုိင္းမုခ္ဦးေနရာတြင္ ဇန္နဝါရီလ (၁၀)ရက္ေန႔ နံနက္ (၈)နာရီတြင္ ဖြင့္လွစ္မည္ျဖစ္ၿပီး ျပည္နယ္ေန႔ အခမ္းအနားကို လိြဳင္ေကာ္ၿမိဳ႕၊ ဂႏၵာေဟဝန္ပန္းၿခံရွိ ေက်ာက္သားရင္ျပင္တြင္ ဇန္နဝါရီလ (၁၅)ရက္ေန႔၌ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

အားကစားၿပိဳင္ပြဲ (၂၄)မ်ိဳးကို ဇန္နဝါရီလ (၁၁)ရက္ေန႔မွစ၍  (၁၆)ရက္ေန႔အထိ ကြန္ပ်ဴတာတကၠသိုလ္ ေက်ာင္းေရွ႕၊ ေဒါဥခူ ျပည္နယ္အားကစားရံုသစ္၊ အားကစားႏွင့္ကာယပညာသိပၸံေက်ာင္း၊ ျပည္နယ္ မီးသတ္ဦးစီးဌာန၊ ကႏၵရဝတီေဂါက္ကလပ္၊ ပြဲေတာ္အားကစားကြင္းႏွင့္ ျပည္နယ္ခန္းမတုိ႔တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

အားကစားၿပိဳင္ပြဲမ်ားအျဖစ္ စက္ဘီးစီး ၊ တိုက္ကြမ္ဒို ၊ ထုတ္စည္းထိုး ၊ ေဘာလုံး ၊ ဘတ္စကက္ေဘာ ၊စစ္တုရင္ ၊ ေဂါက္သီးရုိက္၊ ေျပးခုန္ပစ္(မီနီမာရသြန္) ၊ ကရာေတးဒို ၊ ေခ်ာတိုင္တက္၊ ရုိးရာနပန္းႏွင့္ စပါးေထာင္း ၊ ခရစ္ကက္၊ ပိုက္ေက်ာ္ျခင္း ၊ ေဘာလီေဘာ ၊ လြန္ဆြဲ၊ လက္ေဝွ႔၊ ဖူဆယ္၊ မသန္စြမ္း ေျပးခုန္ပစ္၊ ေခါင္းအုံးရုိက္ ၊ စာပြဲတင္တင္းနစ္၊ တင္းနစ္၊ ၾကက္ေတာင္၊ ကာယဗလ ေမာင္/မယ္၊ ျခင္းလုံး ၿပိဳင္ပြဲမ်ား ပါဝင္မည္ ျဖစ္ေၾကာင္း သိရသည္။

ရုိးရာအကၿပိဳင္ပြဲမ်ား၊ ကႏၵၵာရဝတီ အလွမယ္၊အလွေမာင္ ၿပိဳင္ပြဲ မ်ား၊ တိုင္းရင္းသားရုိးရာအကမ်ား၊ ဇာတ္သဘင္ ေဖ်ာ္ေျဖပြဲ ၊ အၿငိမ့္သဘင္ ေဖ်ာ္ေျဖပြဲ၊ ဟားငါးေကာင္အဖြဲ႕ႏွင့္ IRON CROSS ေတးဂီတအဖြဲ႕တို႔၏ ေဖ်ာ္ေျဖပြဲမ်ားကို ဇန္နဝါရီလ (၁၀)ရက္ေန႔မွစ၍ ဇန္နဝါရီလ (၁၈)ရက္ေန႔အထိ ရိုးရာဇာတ္စင္၊ ပြဲလယ္ဇာတ္စင္၊ ျပည္နယ္ခန္းမႏွင့္ ေလဟာျပင္စင္တို႔တြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း



~~~~~~~~⊰❂Unicode Version ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကျင်းပမည့် (၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲတော်၏ မုခ်ဦးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီး ပြည်နယ်နေ့အခမ်းအနားကို ကန္ဒါဟေဝန်ပန်းခြံရှိ ကျောက်သားရင်ပြင်၊ အားကစားပွဲများကို နေရာ (၇)ခုနှင့် ဖျော်ဖြေရေးပွဲများကို နေရာ(၃)တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်နေ့ အထိမ်းအမှတ်မုခ်ဦးကို စာတိုက်အဝိုင်းမုခ်ဦးနေရာတွင် ဇန်နဝါရီလ (၁၀)ရက်နေ့ နံနက် (၈)နာရီတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြည်နယ်နေ့ အခမ်းအနားကို လွိုင်ကော်မြို့၊ ဂန္ဒါဟေဝန်ပန်းခြံရှိ ကျောက်သားရင်ပြင်တွင် ဇန်နဝါရီလ (၁၅)ရက်နေ့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အားကစားပြိုင်ပွဲ (၂၄)မျိုးကို ဇန်နဝါရီလ (၁၁)ရက်နေ့မှစ၍ (၁၆)ရက်နေ့အထိ ကွန်ပျူတာတက္ကသိုလ် ကျောင်းရှေ့၊ ဒေါဥခူ ပြည်နယ်အားကစားရုံသစ်၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း၊ ပြည်နယ် မီးသတ်ဦးစီးဌာန၊ ကန္ဒရဝတီဂေါက်ကလပ်၊ ပွဲတော်အားကစားကွင်းနှင့် ပြည်နယ်ခန်းမတို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အားကစားပြိုင်ပွဲများအဖြစ် စက်ဘီးစီး၊ တိုက်ကွမ်ဒို၊ ထုတ်စည်းထိုး၊ ဘောလုံး၊ ဘတ်စကက်ဘော၊စစ်တုရင်၊ ဂေါက်သီးရိုက်၊ ပြေးခုန်ပစ်(မီနီမာရသွန်)၊ ကရာတေးဒို၊ ချောတိုင်တက်၊ ရိုးရာနပန်းနှင့် စပါးထောင်း၊ ခရစ်ကက်၊ ပိုက်ကျော်ခြင်း၊ ဘောလီဘော၊ လွန်ဆွဲ၊ လက်ဝှေ့၊ ဖူဆယ်၊ မသန်စွမ်း ပြေးခုန်ပစ်၊ ခေါင်းအုံးရိုက်၊ စာပွဲတင်တင်းနစ်၊ တင်းနစ်၊ ကြက်တောင်၊ ကာယဗလ မောင်/မယ်၊ ခြင်းလုံး ပြိုင်ပွဲများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ရိုးရာအကပြိုင်ပွဲများ၊ ကန္ဒ္ဒါရဝတီ အလှမယ်၊အလှမောင် ပြိုင်ပွဲ များ၊ တိုင်းရင်းသားရိုးရာအကများ၊ ဇာတ်သဘင် ဖျော်ဖြေပွဲ၊ အငြိမ့်သဘင် ဖျော်ဖြေပွဲ၊ ဟားငါးကောင်အဖွဲ့နှင့် IRON CROSS တေးဂီတအဖွဲ့တို့၏ ဖျော်ဖြေပွဲများကို ဇန်နဝါရီလ (၁၀)ရက်နေ့မှစ၍ ဇန်နဝါရီလ (၁၈)ရက်နေ့အထိ ရိုးရာဇာတ်စင်၊ ပွဲလယ်ဇာတ်စင်၊ ပြည်နယ်ခန်းမနှင့် လေဟာပြင်စင်တို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~