ကျိုင်းတုံမြို့ နောင်တုံကန်ပတ်လည် အပါအ၀င် မြို့တွင်းရှိ အသားကင်ဆိုင်များအား ရှောင်တခင် စစ်ဆေးအရေးယူပြီးနောက် မှန်ဘောင်များပြုလုပ်ကာ ရောင်းချခြင်းဖြင့် စည်းကမ်း လိုက်နာမှုများပြားလာ

ကျိုင်းတုံမြို့ နောင်တုံကန်ပတ်လည် အပါအ၀င် မြို့တွင်းရှိ အသားကင်ဆိုင်များအား ရှောင်တခင် စစ်ဆေးအရေးယူပြီးနောက် မှန်ဘောင်များပြုလုပ်ကာ ရောင်းချခြင်းဖြင့် စည်းကမ်း လိုက်နာမှုများပြားလာ
ဇနျနဝါရီ 23, 2019
By Tachileik News Agency



အေးခဲအသားရောင်းချသည့် ဆိုင်များနှင့် အသားကင်ဆိုင်များ အနေဖြင့် အသားများကို မှန်ဘောင်များ အတွင်းရေခဲခံကာ ထည့်သွင်းရောင်းချစေရန် ညွှန်ကြားထားပြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက အပတ်စဉ် စစ်ဆေးမှုများအပြင် စားသုံးသူများမှ တိုင်ကြားလာပါက ချက်ခြင်း ကွင်းဆင်းစစ်ဆေး အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

ရောင်းချသည့်ဆိုင်များ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ၂၀၁၈ ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့က စတင်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စတိုးဆိုင်ပိုင်ရှင်များနှင့် အကင်ဆိုင်ပိုင်ရှင်များကို အသိပညာပေးမှုများ လုပ်ဆောင်ခဲ့ပြီး ပညာပေးကာလ (၂)လကျော်လွန်ချိန်တွင် လိုက်နာမှုမရှိသည့် ဆိုင်များအား စစ်ဆေးအရေးယူနေခြင်းဖြစ်ကြောင်း သိရသည်။



အသားကင်ဆိုင်အများစုမှာ လမ်းဘေးတွင် ရောင်းချနေပြီး ရောင်းချသည့် ပစ္စည်းများကို ဇာပ၀ါများ၊ ပိတ်စများဖြင့်သာ ဖုံးအုပ်ထားပြီး အချို့ဆိုင်များမှာ ဖုံးအုပ်ထားခြင်း မရှိသဖြင့် ဖုန်များ၊ အမှိုက်များ ၀င်ရောက်မှု ရှိနေသည့် အပြင် နေပူထဲတွင် ထားရှိသဖြင့် အသားများ အနံ့ထွက်ပြီး ပုပ်သိုးအသားများ သဖွယ် ဖြစ်ပေါ်ကာ စားသုံးသူများအတွက် ဘေးအန္တရာယ်ရှိစေသဖြင့် စည်းကမ်းချက်များထုတ်ပြန်ကာ လိုက်နာဆောင်ရွက်မှုမရှိသည့် ဆိုင်များကို စစ်ဆေးအရေးယူမှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှာ ထိုင်း၊ တရုတ်၊ လာအိုနိုင်ငံများနှင့် ထိစပ်နေသဖြင့် အခြားနိုင်ငံများမှ စားသောက်ကုန်များကို တရားဝင် တင်သွင်းရောင်းချစေရန်နှင့် သန့်ရှင်းသပ်ရပ်သော စားသောက်ကုန်များ ရောင်းချနိုင်စေရန် စိစစ် ကြပ်မတ်နေပြီး သက်မှတ်စည်းကမ်းချက်များနှင့် မကိုက်ညီသည့် စားသောက်ကုန်များကို သိမ်းဆည်းဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ဦးသန်းစိုး


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင်း နှင့် နောင်တုံကန်ပတ်လည်တွင် ရောင်းချနေသည့် အသား ကင်ဆိုင်များကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့က စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က ရှောင်တခင် စစ်ဆေးပြီးနောက် သတ်မှတ် စည်းကမ်းချက်များကို မလိုက်နာသည့် (၁၇)ဆိုင်အား အရေးယူပြီးနောက် လိုက်နာမှု များပြား လာကြောင်း သိရသည်။

“အဲဒီ တုန်းက ကျွန်တော်မသိမ်းခဲ့ဘူး။ နောက်တစ်ကြိမ်ဆိုရင်တော့ သိမ်းလည်းသိမ်းမယ်။ ထပ်ပြီးတော့လည်း အရေးယူမယ်လို့ အဲဒီနေ့က ပြောထားတယ်။ နောက်နေ့ မှန်ဘောင်တွေနဲ့ လုပ်လိုက်တော့ ကျွန်တော် စားသုံးသူပြည်သူတွေကိုယ်စား စိတ်ထဲမှာ ကြည်နူးပီတိဖြစ်မိတယ်။ သူတို့ကိုလည်း စားသုံးသူ ပြည်သူတွေကိုယ်စား ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်”"ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၂၃)ရက်နေ့တွင် ပြောသည်။

အေးခဲအသားရောင်းချသည့် ဆိုင်များနှင့် အသားကင်ဆိုင်များ အနဖြေင့် အသားများကို မှန်ဘောင်များ အတွင်းရေခဲခံကာ ထည့်သွင်းရောင်းချစေရန် ညွှန်ကြားထားပြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက အပတ်စဉ် စစ်ဆေးမှုများအပြင် စားသုံးသူများမှ တိုင်ကြားလာပါက ချက်ခြင်း ကွင်းဆင်းစစ်ဆေး အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

ရောင်းချသည့်ဆိုင်များ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ၂၀၁၈ ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့က စတင်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စတိုးဆိုင်ပိုင်ရှင်များနှင့် အကင်ဆိုင်ပိုင်ရှင်များကို အသိပညာပေးမှုများ လုပ်ဆောင်ခဲ့ပြီး ပညာပေးကာလ (၂)လကျော်လွန်ချိန်တွင် လိုက်နာမှုမရှိသည့် ဆိုင်များအား စစ်ဆေးအရေးယူနခြေင်းဖြစ်ကြောင်း သိရသည်။

 “စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ ၁၉(ဃ)နဲ့ အရေးယူတာကို သိရှိကြောင်းနဲ့ နောက်ကို ကျွန်တော်တို့ ကြေညာထားတဲ့ အတိုင်းလိုက်နာမှ ပြန်ရောင်းမယ်ဆိုတာကို လက်မှတ်ထိုးခိုင်းတယ်။ သူတို့ကို သိမ်းလည်း သိမ်းခိုင်းလိုက်တယ်”ဟု လက်ရှိဆောင်ရွက်နေသည့် အခြေအနေကို ဦးသန်းစိုးက ပြောပြသည်။

အေးခဲအသားများသည် သတ်မှတ်အပူချိန်တွင် ထားရှိခြင်းမရှိပါက စားသုံးသူများကို ဘေးအန္တရာယ် ဖြစ်စေသဖြင့် အသားကင်ရောင်းချမည့် အသားများကို ရေခဲသေတ္တာ (သို့) ရေခဲပုံး (သို့) ရေခဲအောက်ခံပါမှန်ဘောင်များဖြင့် ရောင်းချရန် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့မှစ၍ အသားကင်ဆိုင်များအား အသိပညာပေးခြင်းကို အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အသားကင်ဆိုင်အများစုမှာ လမ်းဘေးတွင် ရောင်းချနပြေီး ရောင်းချသည့် ပစ္စည်းများကို ဇာပဝါများ၊ ပိတ်စများဖြင့်သာ ဖုံးအုပ်ထားပြီး အချို့ဆိုင်များမှာ ဖုံးအုပ်ထားခြင်း မရှိသဖြင့် ဖုန်များ၊ အမှိုက်များ ဝင်ရောက်မှု ရှိနေသည့် အပြင် နေပူထဲတွင် ထားရှိသဖြင့် အသားများ အနံ့ထွက်ပြီး ပုပ်သိုးအသားများ သဖွယ် ဖြစ်ပေါ်ကာ စားသုံးသူများအတွက် ဘေးအန္တရာယ်ရှိစေသဖြင့် စည်းကမ်းချက်များထုတ်ပြန်ကာ လိုက်နာဆောင်ရွက်မှုမရှိသည့် ဆိုင်များကို စစ်ဆေးအရေးယူမှုများ ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှာ ထိုင်း၊ တရုတ်၊ လာအိုနိုင်ငံများနှင့် ထိစပ်နေသဖြင့် အခြားနိုင်ငံများမှ စားသောက်ကုန်များကို တရားဝင် တင်သွင်းရောင်းချစေရန်နှင့် သန့်ရှင်းသပ်ရပ်သော စားသောက်ကုန်များ ရောင်းချနိုင်စေရန် စိစစ် ကြပ်မတ်နပြေီး သက်မှတ်စည်းကမ်းချက်များနှင့် မကိုက်ညီသည့် စားသောက်ကုန်များကို သိမ်းဆည်းဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ဦးသန်းစိုး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~