ေက်ာက္မဲၿမိဳ႕တြင္ လူငယ္(၃)ဦးထံက မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ေလေသနတ္တစ္လက္ သိမ္းဆည္းရမိ

ေက်ာက္မဲၿမိဳ႕တြင္ လူငယ္(၃)ဦးထံက မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ေလေသနတ္တစ္လက္ သိမ္းဆည္းရမိ
ဇန်နဝါရီ 15, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕နယ္ နမ့္ဟူးေတာင္းေက်းရြာအုပ္စုအတြင္း၌ မသကၤာဖြယ္ရာ လူငယ္တစ္ဦး ႏွင့္ ဆက္စပ္သည့္ လူငယ္(၂)ဦးတို႔ထံက မူးယစ္ေဆး၀ါးမ်ားႏွင့္ ေလေသနတ္ (၁)လက္တို႔ကို စစ္ေဆးရွာေဖြ ဖမ္းဆီးရမိ၍ ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ ထားရွိေၾကာင္း သိရသည္။

ေက်ာက္မဲအေျခစိုက္ အမွတ္(၅) စစ္ဘက္ေရးရာလံုၿခံဳေရးတပ္ဖြဲ႔ႏွင့္သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔သည္ ေက်ာက္မဲၿမိဳ႕နယ္ နမ္းဟူးေတာင္းေက်းရြာအုပ္စု၊ ပန္ေပါင္းရပ္ကြက္ရွိ ထမင္းဆိုင္တစ္ဆိုင္ အနီးတြင္ မကၤာဖြယ္ လူငယ္လတ္ပိုင္းတစ္ဦး ေရာက္ရွိေနေၾကာင္း သတင္းအရ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၁၄)ရက္ေန႔ ညေန(၃)နာရီ၀န္းက်င္အခ်ိန္က သြားေရာက္ စစ္ေဆးရာ အသက္(၃၂)ႏွစ္အရြယ္ရွိ မ်ုိးေအာင္ဆိုသူအား ၎ေမာင္းနင္လာသည္ ဆိုင္ကယ္တစ္စီး ႏွင့္အတူ ေတြ႔ရွိရ၍ ဆက္လက္ရွာေဖြရာ 88/ စာတန္းပါ စိတ္ၾကြေဆးျပား (၂၆)ျပား ႏွင့္ ဘိန္းျဖဴ အမႈန္႔မ်ား ပါ၀င္သည့္ ေကာ္ဗူးငယ္(၄)ဗူးတို႔အား ေတြ႕ရွိ သိမ္းဆည္းရမိေၾကာင္း သိသည္။

သိမ္းဆည္းရမိသည့္ အဆိုပါ မူးယစ္ေဆး၀ါးမ်ားအား ေက်ာက္မဲၿမိဳ႕ အမွတ္(၂)ရပ္ကြက္ေန အမ်ဳိးသားတစ္ဦးက ေတာင္ႀကီးၿမိဳ႕သို႔ ပို႔ေဆာင္ခိုင္းျခင္း ျဖစ္ေၾကာင္း စစ္ေဆးသိရွိရသည့္အတြက္ ပူးေပါင္းအဖြဲ႔က ဆက္လက္၍ အဆိုပါ ေနအိမ္သို႔ သြားေရာက္ရွာေဖြရာ ေနအိမ္တြင္ မူးယစ္ေဆး၀ါးသံုးစြဲရန္ ေရာက္ရွိေနသည့္ အသက္(၂၄)ႏွစ္ရွိ အာကာရွိန္း ဆိုသူအား ေတြ႔ရွိရၿပီး ဆက္လက္ရွာေဖြရာ ေလေသနတ္(၁)လက္၊ စိတ္ၾကြေဆးျပား (၂၇၂)ျပား ႏွင့္ စုစုေပါင္း အေလးခ်ိန္ (၁၀.၅)ဂရမ္ခန္႔ရွိသည့္ ဘိန္းျဖဴ အမႈန္႔ တို႔ကို ရွာေဖြေတြ႔ရွိရေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔မွ ရွာေဖြေနစဥ္ ေနအိမ္ပိုင္ရွင္ျဖစ္သူ အသက္(၃၂)ႏွစ္၀န္းက်င္ရွိ ဥာဏ္လင္းဆိုသူသည္ မိမိကိုယ္ကိုကိုယ္ ေသေၾကာင္းႀကံသည့္အတြက္ စိုးရိမ္ရသည့္ ဓါးဒဏ္ရာရရွိထား၍ ေက်ာက္မဲျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးသံုးစြဲရန္ ေရာက္ရွိေနသူ အာကာရွိန္း ႏွင့္ ေနအိမ္ပိုင္ရွင္ ဥာဏ္လင္း အပါအ၀င္ ပန္ေပါင္းရပ္ကြက္တြင္ မူးယစ္ေဆး၀ါးမ်ားျဖင့္ ကနဦး ေတြ႔ရွိရသည့္ မ်ဳိးေအာင္တို႔ (၃)ဦးအား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၃/ ၂၀၁၉၊ မူး/စိတ္ ပုဒ္မ ၁၉(က)/ ၂၁ တို႔ျဖင့္လည္းေကာင္း၊ ေလေသနတ္ႏွင့္ ပတ္သက္ ၍ လက္နက္ဥပေဒ ပုဒ္မ ၁၉(စ)ျဖင့္ လည္းေကာင္း၊ ဥာဏ္လင္းအား မိမိကိုယ္ကိုကိုယ္  ေသေၾကာင္းႀကံစည္မႈျဖင့္ ရာဇသတ္ႀကီးပုဒ္မ - ၃၀၉ အရ လည္းေကာင္း အသီးသီးအမႈဖြင့္ အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နမ့်ဟူးတောင်းကျေးရွာအုပ်စုအတွင်း၌ မသင်္ကာဖွယ်ရာ လူငယ်တစ်ဦး နှင့် ဆက်စပ်သည့် လူငယ်(၂)ဦးတို့ထံက မူးယစ်ဆေးဝါးများနှင့် လေသေနတ် (၁)လက်တို့ကို စစ်ဆေးရှာဖွေ ဖမ်းဆီးရမိ၍ ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရသည်။

ကျောက်မဲအခြေစိုက် အမှတ်(၅) စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့နှင့်သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကျောက်မဲမြို့နယ် နမ်းဟူးတောင်းကျေးရွာအုပ်စု၊ ပန်ပေါင်းရပ်ကွက်ရှိ ထမင်းဆိုင်တစ်ဆိုင် အနီးတွင် မင်္ကာဖွယ် လူငယ်လတ်ပိုင်းတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁၄)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က သွားရောက် စစ်ဆေးရာ အသက်(၃၂)နှစ်အရွယ်ရှိ မျိုးအောင်ဆိုသူအား၎င်းမောင်းနင်လာသည် ဆိုင်ကယ်တစ်စီး နှင့်အတူ တွေ့ရှိရ၍ ဆက်လက်ရှာဖွေရာ 88/ စာတန်းပါ စိတ်ကြွဆေးပြား (၂၆)ပြား နှင့် ဘိန်းဖြူ အမှုန့်များ ပါဝင်သည့် ကော်ဗူးငယ်(၄)ဗူးတို့အား တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိသည်။

သိမ်းဆည်းရမိသည့် အဆိုပါ မူးယစ်ဆေးဝါးများအား ကျောက်မဲမြို့ အမှတ်(၂)ရပ်ကွက်နေ အမျိုးသားတစ်ဦးက တောင်ကြီးမြို့သို့ ပို့ဆောင်ခိုင်းခြင်း ဖြစ်ကြောင်း စစ်ဆေးသိရှိရသည့်အတွက် ပူးပေါင်းအဖွဲ့က ဆက်လက်၍ အဆိုပါ နေအိမ်သို့ သွားရောက်ရှာဖွေရာ နေအိမ်တွင် မူးယစ်ဆေးဝါးသုံးစွဲရန် ရောက်ရှိနေသည့် အသက်(၂၄)နှစ်ရှိ အာကာရှိန်း ဆိုသူအား တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ လေသေနတ်(၁)လက်၊ စိတ်ကြွဆေးပြား (၂၇၂)ပြား နှင့် စုစုပေါင်း အလေးချိန် (၁၀.၅)ဂရမ်ခန့်ရှိသည့် ဘိန်းဖြူ အမှုန့် တို့ကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ ရှာဖွေနေစဉ် နေအိမ်ပိုင်ရှင်ဖြစ်သူ အသက်(၃၂)နှစ်ဝန်းကျင်ရှိ ဉာဏ်လင်းဆိုသူသည် မိမိကိုယ်ကိုကိုယ် သေကြောင်းကြံသည့်အတွက် စိုးရိမ်ရသည့် ဓားဒဏ်ရာရရှိထား၍ ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

မူးယစ်ဆေးဝါးသုံးစွဲရန် ရောက်ရှိနေသူ အာကာရှိန်း နှင့် နေအိမ်ပိုင်ရှင် ဉါဏ်လင်း အပါအဝင် ပန်ပေါင်းရပ်ကွက်တွင် မူးယစ်ဆေးဝါးများဖြင့် ကနဦး တွေ့ရှိရသည့် မျိုးအောင်တို့ (၃)ဦးအား ကျောက်မဲမြို့မရဲစခန်းတွင် မယ(ပ)၃/ ၂၀၁၉၊ မူး/စိတ် ပုဒ်မ ၁၉(က)/ ၂၁ တို့ဖြင့်လည်းကောင်း၊ လေသေနတ်နှင့် ပတ်သက်၍ လက်နက်ဥပဒေ ပုဒ်မ ၁၉(စ)ဖြင့် လည်းကောင်း၊ ဉါဏ်လင်းအား မိမိကိုယ်ကိုကိုယ် သေကြောင်းကြံစည်မှုဖြင့် ရာဇသတ်ကြီးပုဒ်မ - ၃၀၉ အရ လည်းကောင်း အသီးသီးအမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~