တာေကာ္တံတားတြင္ ပူးေပါင္းအဖြဲ႔ျဖင့္ စစ္ေဆးေနစဥ္ တာခ်ီလိတ္၌ ေနထိုင္သူထံက အိုက္စ္ ကီလို (၆၀၀)ကို ဖမ္းဆီးရမိ

တာေကာ္တံတားတြင္ ပူးေပါင္းအဖြဲ႔ျဖင့္ စစ္ေဆးေနစဥ္ တာခ်ီလိတ္၌ ေနထိုင္သူထံက အိုက္စ္ ကီလို (၆၀၀)ကို ဖမ္းဆီးရမိ
ဇန်နဝါရီ 16, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းပ်ဥ္းၿမိဳ႕ဘက္မွ ရွမ္းျပည္နယ္ေတာင္ပိုင္း ကာလိၿမိဳ႕ဘက္သို႔ ေမာင္းလာေသာ ေမာ္ေတာ္ယာဥ္အား ရပ္တန္႔စစ္ေဆးရွာေဖြရာက  ICE (မက္သာအက္ဖက္တမင္း) ကီလို(၆၀၀)ကို ဖမ္းဆီးရမိၿပီး မူးယစ္ေဆး၀ါးမ်ားသယ္ေဆာင္လာသူမွာ တာခ်ီလိတ္တြင္ ေနထိုင္သူျဖစ္ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားရွိသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔စု(၂၇)လြိဳင္လင္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ တာေကာ္တံတား ရဲကင္းစခန္းမွ တပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔သည္ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၁၅)ရက္ေန႔  နံနက္(၈)နာရီခြဲ၀န္းက်င္အခ်ိန္က တာေကာ္တံတားတြင္ စစ္ေဆးမႈမ်ား ျပဳလုပ္ရာက အဆိုပါ မူးယစ္ ေဆး၀ါးမ်ားကို ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြ႔ဲသည့္ တာေကာ္တံတားတြင္ ေမာ္ေတာ္ယာဥ္မ်ားအား စစ္ေဆးမႈမ်ား ျပဳလုပ္စဥ္ မိုင္းပ်ဥ္းၿမိဳ႕ဘက္မွ ကာလိၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္အား ရပ္တန္႔စစ္ေဆး ရွာေဖြရာက ေမာ္ေတာ္ယာဥ္ေပၚတြင္ အံ၀ွက္ျပဳလုပ္ကာ သို၀ွက္သယ္ေဆာင္လာေသာ ပီနံအိတ္မ်ား အတြင္းက  ကီလို (၆၀၀)ရွိသည့္ ICE (မက္သာအက္ဖက္တမင္း)မ်ားကို ေတြ႔ရွိရေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားအား ေမာ္ေတာ္ယာဥ္ျဖင့္ သယ္ေဆာင္လာသူ အသက္(၄၀)ႏွစ္ရွိ ျမင့္ေအာင္ဆိုသူသည္ တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္တြင္ ေနထိုင္သူျဖစ္ေၾကာင္း ႏွင့္ ၎အား ကာလိနယ္ေျမရဲစခန္းတြင္ မူးယစ္ေဆး၀ါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆး၀ါးမ်ားဆိုင္ရာ ဥပေဒျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိၿပီး ကြင္းဆက္ဆက္မ်ားကို ဆက္လက္ေဖာ္ထုတ္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့ဘက်မှ ရှမ်းပြည်နယ်တောင်ပိုင်း ကာလိမြို့ဘက်သို့ မောင်းလာသော မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာက ICE (မက်သာအက်ဖက်တမင်း) ကီလို(၆၀၀)ကို ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါးများသယ်ဆောင်လာသူမှာ တာချီလိတ်တွင် နေထိုင်သူဖြစ်ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားရှိသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များနှင့် တာကော်တံတား ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁၅)ရက်နေ့ နံနက်(၈)နာရီခွဲဝန်းကျင်အချိန်က တာကော်တံတားတွင် စစ်ဆေးမှုများ ပြုလုပ်ရာက အဆိုပါ မူးယစ် ဆေးဝါးများကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည့် တာကော်တံတားတွင် မော်တော်ယာဉ်များအား စစ်ဆေးမှုများ ပြုလုပ်စဉ် မိုင်းပျဉ်းမြို့ဘက်မှ ကာလိမြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာက မော်တော်ယာဉ်ပေါ်တွင် အံဝှက်ပြုလုပ်ကာ သိုဝှက်သယ်ဆောင်လာသော ပီနံအိတ်များ အတွင်းက ကီလို (၆၀၀)ရှိသည့် ICE (မက်သာအက်ဖက်တမင်း)များကို တွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါးများအား မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသူ အသက်(၄၀)နှစ်ရှိ မြင့်အောင်ဆိုသူသည် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း နှင့်၎င်းအား ကာလိနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒဖြေင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိပြီး ကွင်းဆက်ဆက်များကို ဆက်လက်ဖော်ထုတ်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~