က်ိဳင္းတံုေဆးရံုႀကီးႏွင့္ လြယ္ေမြတုိက္နယ္အတြက္ လိုအပ္သည့္ ဆရာဝန္မ်ားကို ၂၀၁၉ ခုႏွစ္အတြင္း ခန္႔အပ္မည္

က်ိဳင္းတံုေဆးရံုႀကီးႏွင့္ လြယ္ေမြတုိက္နယ္အတြက္ လိုအပ္သည့္ ဆရာဝန္မ်ားကို ၂၀၁၉ ခုႏွစ္အတြင္း ခန္႔အပ္မည္
ဇန်နဝါရီ 27, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုအေထြေထြေရာဂါကုေဆးရံုႀကီးႏွင့္ လြယ္ေမြတိုက္နယ္ေဆးရံုတို႔တြင္ လိုအပ္သည့္ ဆရာဝန္အင္အားကို ၂၀၁၉ ခုႏွစ္အတြင္း ျဖည့္တင္းေပးသြားမည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးထံမွ သိရသည္။

က်ိဳင္းတံုၿမိဳ႕ အေထြေထြေရာဂါကုေဆးရံုႀကီးတြင္ အထူးကုဆရာဝန္တစ္ဦးႏွင့္ လြယ္ေမြတုိက္နယ္ ေဆးရံုတြင္ လက္ေထာက္ဆရာဝန္ လစ္လပ္ေနသျဖင့္ ခန္႔ထားေပးရန္ တတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ (၁၁) ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး စတုတၳေန႔တြင္ က်ိဳင္းတုံ မဲဆႏၵနယ္မွ ေမးျမန္းခဲ့ျခင္းျဖစ္သည္။

က်ိဳင္းတံုအေထြေထြေရာဂါကုေဆးရံုအတြက္ ေမ့ေဆး အထူးကုဆရာဝန္တစ္ဦးကို ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၂၈)ရက္ေန႔မတုိင္မီ ခန္႔အပ္ေပးရန္ႏွင့္ လြယ္ေမြတုိက္နယ္ေဆးရံုအတြက္ လက္ေထာက္ဆရာဝန္ကို ဧၿပီလအတြင္း ခန္႔ထားေပးမည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက  လႊတ္ေတာ္တြင္ ေျဖၾကားခဲ့သည္။

လက္ရိွတြင္ က်ိဳင္းတုံၿမိဳ႕နယ္အေထြေထြေရာဂါကုေဆး႐ုံႀကီး ခုတင္ ၂၀၀ ေဆးရံု၌ ေဆးပညာ တစ္ဦး၊ ခြဲစိတ္ ႏွစ္ ဦး၊ သားဖြား သုံး ဦး၊ ကေလး Special List ႏွစ္ဦး၊ အ႐ိုး Special List တစ္ဦး၊ မ်က္စိ Special List တစ္ဦး၊ နား၊ ႏွာေခါင္း Special List တစ္ ဦး၊ ဓာတ္မွန္ Special List တစ္ ဦး၊ စိတ္ေရာဂါအထူးကု တစ္ ဦး၊ သြားက်န္းမာေရးဆရာဝန္ တစ္ ဦး ႏွင့္ ယခုလ ၂၂ ရက္တြင္ အထူးကုဆရာဝန္ Special List AS ေရာဂါေဗဒဆရာဝန္ တစ္ ဦး  စုစုေပါင္း ဆရာဝန္ (၁၅)ဦး တာဝန္ထမ္းေဆာင္ေနေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံကြီးနှင့် လွယ်မွေတိုက်နယ်ဆေးရုံတို့တွင် လိုအပ်သည့် ဆရာဝန်အင်အားကို ၂၀၁၉ ခုနှစ်အတွင်း ဖြည့်တင်းပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ သိရသည်။

ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် အထူးကုဆရာဝန်တစ်ဦးနှင့် လွယ်မွေတိုက်နယ် ဆေးရုံတွင် လက်ထောက်ဆရာဝန် လစ်လပ်နေသဖြင့် ခန့်ထားပေးရန် တတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ကျိုင်းတုံ မဲဆန္ဒနယ်မှ မေးမြန်းခဲ့ခြင်းဖြစ်သည်။

ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံအတွက် မေ့ဆေး အထူးကုဆရာဝန်တစ်ဦးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့မတိုင်မီ ခန့်အပ်ပေးရန်နှင့် လွယ်မွေတိုက်နယ်ဆေးရုံအတွက် လက်ထောက်ဆရာဝန်ကို ဧပြီလအတွင်း ခန့်ထားပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လွှတ်တော်တွင် ဖြကြေားခဲ့သည်။

လက်ရှိတွင် ကျိုင်းတုံမြို့နယ်အထွေထွေရောဂါကုဆေးရုံကြီး ခုတင် ၂၀၀ ဆေးရုံ၌ ဆေးပညာ တစ်ဦး၊ ခွဲစိတ် နှစ် ဦး၊ သားဖွား သုံး ဦး၊ ကလေး Special List နှစ်ဦး၊ အရိုး Special List တစ်ဦး၊ မျက်စိ Special List တစ်ဦး၊ နား၊ နှာခေါင်း Special List တစ် ဦး၊ ဓာတ်မှန် Special List တစ် ဦး၊ စိတ်ရောဂါအထူးကု တစ် ဦး၊ သွားကျန်းမာရေးဆရာဝန် တစ် ဦး နှင့် ယခုလ ၂၂ ရက်တွင် အထူးကုဆရာဝန် Special List AS ရောဂါဗေဒဆရာဝန် တစ် ဦး စုစုပေါင်း ဆရာဝန် (၁၅)ဦး တာဝန်ထမ်းဆောင်နေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~