မူဆယ် - မန္တလေးသွား အိုရီယမ်တယ်တိုးဂိတ်အနီးတွင် အမျိုးသမီးနှစ်ဦးထံက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူဆယ် - မန္တလေးသွား အိုရီယမ်တယ်တိုးဂိတ်အနီးတွင် အမျိုးသမီးနှစ်ဦးထံက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ဇနျနဝါရီ 17, 2019
By Tachileik News Agency



အဆိုပါ မော်တော်ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် ခရီးဆောင်အိတ်အတွင်းမှ ဆပ်ပြာခွက် (၇၇) ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် (၇၇ဝ) ဂရမ်နှင့် ကျော်ပိုးအိတ်အတွင်း ဆပ်ပြာခွက် (၃၃) ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် (၃၃ဝ) ဂရမ်၊ စုစုပေါင်း ဘိန်းဖြူအလေးချိန် (၁.၁) ကီလို၊ မြန်မာငွေ (၃)သိန်းကျပ်တို့နှင့်အတူ ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် မခါမျော်နှင့် ဒေါင်နန်တို့အား သိန္နီမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်- မန္တလေးသွား ပြည်ထောင်စု ကားလမ်းမတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်က ဘိန်းဖြူ (၁.၁)ကီလို သယ်ဆောင်လာသည့် အမျိုးသမီး(၂)ဦးကို ဖမ်းမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၄)လားရှိုး(သိန္နီလှုပ်ရှား)မှ တပ်ဖွဲ့ဝင်များသည် သိန္နီမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ စစ်ဘက်ရေးရာလုံခြုံရေး တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်း၍ သက်သေများနှင့်အတူ ရှာဖွေရာ ကွတ်ခိုင်မြို့ဘက်မှ သိန္နီမြို့ဘက်သို့ အမျိုးသမီး(၂)ဦး လိုက်ပါလာသည့် မော်တော်ယာဉ်အား စစ်ဆေးရာမှ မူးယစ်ဆေးများ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် ခရီးဆောင်အိတ်အတွင်းမှ ဆပ်ပြာခွက် (၇၇) ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် (၇၇ဝ) ဂရမ်နှင့် ကျော်ပိုးအိတ်အတွင်း ဆပ်ပြာခွက် (၃၃) ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် (၃၃ဝ) ဂရမ်၊ စုစုပေါင်း ဘိန်းဖြူအလေးချိန် (၁.၁) ကီလို၊ မြန်မာငွေ (၃)သိန်းကျပ်တို့နှင့်အတူ ဖမ်းမိခြင်းဖြစ်ကြောငး် သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် မခါမျော်နှင့် ဒေါင်နန်တို့အား သိန္နီမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒဖြေင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~