ျပည္ထဲေရး၀န္ႀကီးဌာန အမည္အစား ျပည္ေထာင္စုအစိုးရအဖြဲ႕ရုံးဝန္ႀကီးဌာနအမည္ျဖင့္ အစားထိုး အသံုးျပဳရန္ ေထြအုပ္ ကို ညႊန္ၾကားထား

ျပည္ထဲေရး၀န္ႀကီးဌာန အမည္အစား ျပည္ေထာင္စုအစိုးရအဖြဲ႕ရုံးဝန္ႀကီးဌာနအမည္ျဖင့္ အစားထိုး အသံုးျပဳရန္ ေထြအုပ္ ကို ညႊန္ၾကားထား
ဇန်နဝါရီ 8, 2019
By Tachileik News Agency

အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနအား ျပည္ထဲေရးဝန္ႀကီးဌာန လက္ေအာက္မွ ျပည္ေထာင္စုအစိုးရ အဖြဲ႕ရုံး ဝန္ႀကီးဌာန လက္ေအာက္သုိ႔ ေျပာင္းေရႊ႕ ျပင္ဆင္ဖြဲ႕စည္းခဲ့ၿပီေနာက္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ ရုံးအသုံး အေဆာင္မ်ားအား ျပည္ေထာင္စုအစိုးရအဖြဲ႕ရုံး ဝန္ႀကီးဌာနဟု ေျပာင္းလဲ အသုံးျပဳရန္ အျပင္ လက္ရွိ အသုံးျပဳေနေသာ ရင္ထိုးတံဆိပ္ကို အသံုးမျပဳရန္ ႏွင့္ လတ္တေလာ အေျခအေနတြင္ အလံလႊင့္ထူျခင္း မျပဳလုပ္ရန္ ၂၀၁၉ခုႏွစ္ ဇန္နဝါရီလ (၇)ရက္ေန႔က ညႊန္ၾကားစာ ထုတ္ထားေၾကာင္း သိရသည္။

အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုးတြင္ ရုံးအသုံးအေဆာင္အျဖစ္ အသုံးျပဳလွ်က္ရွိေသာ ရုံးဆိုင္းဘုတ္မ်ား ၊ ရုံးေဆာင္ပုဒ္မ်ား၊ ရုံးတံဆိပ္မ်ား၊ စကားေျပာစင္၊ စားပြဲခုံ၊ ထိုင္ခုံေက်ာမွီအစြပ္မ်ား၊ စာေရးကိရိယာအသုံး အေဆာင္မ်ား ၊ ေနာက္ခံစာသားမ်ား ၊ ဝတ္စားဆင္ယင္မႈဆိုင္ရာ အမွတ္အသားတံဆိပ္မ်ား ၊ ေမာ္ေတာ္ယဥ္ အမွတ္တံဆိပ္မ်ားတြင္ ျပည္ထဲေရး၀န္ႀကီးဌာနအစား ျပည္ေထာင္စုအစိုးရအဖြဲ႕ရုံး ဝန္ႀကီးဌာနဟု ေျပာင္းလဲ အသုံးျပဳရန္ ႏွင့္ ယခင္ျပည္ထဲေရး တံဆိပ္မ်ားအား အသုံးမျပဳရန္ ညႊန္ၾကားထားသည္။

အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ဝန္ထမ္းအားလုံး၏ ဝတ္စားဆင္ယင္မႈအား  ဗုဒၶဟူးေန႔ ဝတ္စုံတစ္မ်ိဳး တည္းကိုသာ ဝတ္ဆင္သြားရန္ကိုလည္း ညႊန္ၾကားထားသည္။

အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနအား ျပည္ထဲေရးဝန္ႀကီးဌာန လက္ေအာက္မွ ျပည္ေထာင္စုအစိုးရအဖြဲ႕ရုံး ဝန္ႀကီးဌာန လက္ေအာက္သို႔ ၂၀၁၈ ခုႏွစ္ ၊ ဒီဇင္ဘာလ ၂၈ ရက္ေန႔က လႊဲေျပာင္းဖြဲ႕စည္းခဲ့ၿပီး ဇန္နဝါရီလ (၂)ရက္ေန႔တြင္လည္း ျပည္ေထာင္စုအစိုးရအဖြဲ႕ရုံး ဝန္ႀကီးဌာန၏ ဒုတိယဝန္ႀကီးအျဖစ္ ျပည္ထဲေရး ၀န္ႀကီးဌာန၏ အၿမဲတမ္းအတြင္း၀န္ ဦးတင္ျမင့္အား ခန္႔အပ္တာဝန္ေပးခဲ့သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွှေ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရုံးအသုံး အဆောင်များအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနဟု ပြောင်းလဲ အသုံးပြုရန် အပြင် လက်ရှိ အသုံးပြုနေသော ရင်ထိုးတံဆိပ်ကို အသုံးမပြုရန် နှင့် လတ်တလော အခြေအနေတွင် အလံလွှင့်ထူခြင်း မပြုလုပ်ရန် ၂၀၁၉ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့က ညွှန်ကြားစာ ထုတ်ထားကြောင်း သိရသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရုံးအသုံးအဆောင်အဖြစ် အသုံးပြုလျှက်ရှိသော ရုံးဆိုင်းဘုတ်များ၊ ရုံးဆောင်ပုဒ်များ၊ ရုံးတံဆိပ်များ၊ စကားပြောစင်၊ စားပွဲခုံ၊ ထိုင်ခုံကျောမှီအစွပ်များ၊ စာရေးကိရိယာအသုံး အဆောင်များ၊ နောက်ခံစာသားများ၊ ဝတ်စားဆင်ယင်မှုဆိုင်ရာ အမှတ်အသားတံဆိပ်များ၊ မော်တော်ယဉ် အမှတ်တံဆိပ်များတွင် ပြည်ထဲရေးဝန်ကြီးဌာနအစား ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနဟု ပြောင်းလဲ အသုံးပြုရန် နှင့် ယခင်ပြည်ထဲရေး တံဆိပ်များအား အသုံးမပြုရန် ညွှန်ကြားထားသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအားလုံး၏ ဝတ်စားဆင်ယင်မှုအား ဗုဒ္ဓဟူးနေ့ ဝတ်စုံတစ်မျိုး တည်းကိုသာ ဝတ်ဆင်သွားရန်ကိုလည်း ညွှန်ကြားထားသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန လက်အောက်သို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က လွှဲပြောင်းဖွဲ့စည်းခဲ့ပြီး ဇန်နဝါရီလ (၂)ရက်နေ့တွင်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ပြည်ထဲရေး ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်အား ခန့်အပ်တာဝန်ပေးခဲ့သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~