တာခ်ီလိတ္ - က်ဳိင္းတံုသြားလမ္း မိုင္းျဖတ္ၿမိဳ႕ဘီးခြန္ဂိတ္အနီးတြင္ ကားေမာင္းလာသည့္ အမ်ဳိးသားတစ္ဦးထံက က်ည္ေတာင့္မ်ား သိမ္းဆည္းရမိ

တာခ်ီလိတ္ - က်ဳိင္းတံုသြားလမ္း မိုင္းျဖတ္ၿမိဳ႕ဘီးခြန္ဂိတ္အနီးတြင္ ကားေမာင္းလာသည့္ အမ်ဳိးသားတစ္ဦးထံက က်ည္ေတာင့္မ်ား သိမ္းဆည္းရမိ
ဇန်နဝါရီ 24, 2019
By Tachileik News Agency

တာခ်ီလိတ္ - က်ဳိင္းတံုသြားလမ္း ျပည္ေထာင္စုလမ္းမေပၚ မိုင္းျဖတ္ၿမိဳ႕နယ္ ယမ္းခမ္းရြာရွိ ဘီးခြန္ဂိတ္အနီးတြင္ ေရွာင္တခင္ ပိတ္ဆို႔ စစ္ေဆးေရးအဖြဲ႕မွ စစ္ေဆးေနစဥ္ ယာဥ္ေပၚမွ ဆင္းေျပးသြားသူထံက က်ည္ဆံ (၃၈)ေတာင့္ကို ရွာေဖြေတြ႔ရွိရ၍ မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ အေရးယူ ထားေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္၊ ၀မ္လံုးေက်းရြာအုပ္စု၊ ယမ္းခမ္းရြာ ဘီးခြန္ဂိတ္အနီးတြင္ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၂၃)ရက္ေန႔ ည(၈)နာရီခြဲ၀န္းက်င္အခ်ိန္က မိုင္းျဖတ္ၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ ေက်ာ္ေက်ာ္ႏိုင္ႏွင့္ သက္ဆိုင္ရာတပ္ဖြဲ႔၀င္မ်ား အပါအ၀င္ ပူးေပါင္းအဖြဲ႔ျဖင့္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္  တာခ်ီလိတ္မွ က်ဳိင္းတံုဘက္သို႔  စိုင္းအိုက္ပီး ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္အား ရပ္တန္႔စစ္ေဆးရွာေဖြစဥ္ စိုင္းအိုက္ပီးမွာ ယာဥ္ေပၚက ဆင္းေျပးသြားေၾကာင္း သိရသည္။

ယာဥ္ေပၚမွ ဆင္းေျပးသြားသူ စိုင္းအိုက္ပီးအား ပူးေပါင္းအဖြဲ႔က လိုက္လံဖမ္းဆီးရာ  ခဏအတြင္း ဖမ္းမိၿပီးေနာက္ ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ရာ ၎လြယ္ထားေသာ လြယ္အိတ္တြင္းမွ အေမရိကန္ႏိုင္ငံလုပ္ (.45) က်ည္ (၁၂) ေတာင့္ထည့္ထားသည့္ က်ည္အိမ္ (၁)ခု၊ မီးခိုးေရာင္ အိတ္အတြင္းမွ အေမရိကန္ႏိုင္ငံလုပ္ (.45) က်ည္ (၇) ေတာင့္နွင့္ ထိုင္းႏိုင္ငံထုတ္ (.45) က်ည္ (၁၉) ေတာင့္ စုစုေပါင္း က်ည္ (၃၈) ေတာင့္ကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

က်ည္ေတာင့္မ်ားႏွင့္အတူ ဖမ္းဆီးရမိၿပီး အသက္(၃၂)ႏွစ္ရွိ စိုင္းအိုက္ပီးအား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္  (ပ) ၃/၂၀၁၉၊ ရွမ္းလက္နက္ ၁၂(ဂ) အရ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ် - ကျိုင်းတုံသွားလမ်း ပြည်ထောင်စုလမ်းမပေါ် မိုင်းဖြတ်မြို့နယ် ယမ်းခမ်းရွာရှိ ဘီးခွန်ဂိတ်အနီးတွင် ရှောင်တခင် ပိတ်ဆို့ စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးနေစဉ် ယာဉ်ပေါ်မှ ဆင်းပြေးသွားသူထံက ကျည်ဆံ (၃၈)တောင့်ကို ရှာဖွေတွေ့ရှိရ၍ မိုင်းဖြတ်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ယမ်းခမ်းရွာ ဘီးခွန်ဂိတ်အနီးတွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၃)ရက်နေ့ ည(၈)နာရီခွဲဝန်းကျင်အချိန်က မိုင်းဖြတ်မြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်ကျော်နိုင်နှင့် သက်ဆိုင်ရာတပ်ဖွဲ့ဝင်များ အပါအဝင် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးမှုများ ပြုလုပ်နေစဉ် တာချီလိတ်မှ ကျိုင်းတုံဘက်သို့ စိုင်းအိုက်ပီး မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေစဉ် စိုင်းအိုက်ပီးမှာ ယာဉ်ပေါ်က ဆင်းပြေးသွားကြောင်း သိရသည်။

ယာဉ်ပေါ်မှ ဆင်းပြေးသွားသူ စိုင်းအိုက်ပီးအား ပူးပေါင်းအဖွဲ့က လိုက်လံဖမ်းဆီးရာ ခဏအတွင်း ဖမ်းမိပြီးနောက် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာ၎င်းလွယ်ထားသော လွယ်အိတ်တွင်းမှ အမေရိကန်နိုင်ငံလုပ် (.45) ကျည် (၁၂) တောင့်ထည့်ထားသည့် ကျည်အိမ် (၁)ခု၊ မီးခိုးရောင် အိတ်အတွင်းမှ အမေရိကန်နိုင်ငံလုပ် (.45) ကျည် (၇) တောင့်နှင့် ထိုင်းနိုင်ငံထုတ် (.45) ကျည် (၁၉) တောင့် စုစုပေါင်း ကျည် (၃၈) တောင့်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကျည်တောင့်များနှင့်အတူ ဖမ်းဆီးရမိပြီး အသက်(၃၂)နှစ်ရှိ စိုင်းအိုက်ပီးအား မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ) ၃/၂၀၁၉၊ ရှမ်းလက်နက် ၁၂(ဂ) အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~