ဖူဆယ္တာခ်ီလိတ္ကြင္းသစ္ဖြင့္ပြဲ အထိမ္အမွတ္အျဖစ္ အမ်ိဳးသား(အလြတ္တန္း) ဖူဆယ္ ေဘာလံုးၿပိဳင္ပြဲ က်င္းပမည္ျဖစ္၍ ဇန္န၀ါရီလ(၂၈)ရက္ေန႔အထိ ၿပိုင္ပြဲ၀င္ စာရင္းေပးသြင္းႏိုင္

ဖူဆယ္တာခ်ီလိတ္ကြင္းသစ္ဖြင့္ပြဲ အထိမ္အမွတ္အျဖစ္ အမ်ိဳးသား(အလြတ္တန္း) ဖူဆယ္ ေဘာလံုးၿပိဳင္ပြဲ က်င္းပမည္ျဖစ္၍ ဇန္န၀ါရီလ(၂၈)ရက္ေန႔အထိ ၿပိုင္ပြဲ၀င္ စာရင္းေပးသြင္းႏိုင္
ဇန်နဝါရီ 23, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၊ ၀မ္ေကာင္းရပ္၊ တာခ်ီလိတ္ျပည္သူ႕ေဆးရံုအနီး၊ ဘိုးဘြားရိပ္သာ လမ္းတြင္ ဖူဆယ္တာခ်ီလိတ္မွ ေဆာက္လုပ္ ၿပီးစီးသြားသည့္ ျမက္ခင္းတုဖူဆယ္ ေဘာလံုးကြင္းသစ္ ဖြင့္ပြဲ အထိမ္းအမွတ္ အျဖစ္ အမ်ိဳးသား(အလြတ္တန္း) ေဘာလံုးၿပိဳင္ပြဲကို ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ (၂၉)ရက္ေန႔တြင္ က်င္းပျပဳလုပ္ သြားမည္ျဖစ္၍ ဇန္န၀ါရီလ(၂၈)ရက္ေန႔အထိ ၿပိဳင္ပြဲ၀င္စာရင္းမ်ား ေပးသြင္း ႏိုင္ေၾကာင္း သိရသည္။

အဆိုပါ ၿပိဳင္တြင္ ပထမဆုအျဖစ္ ဘတ္ (၁၀,၀၀၀)၊ ဒုတိယဆုအျဖစ္ ဘတ္(၇,၀၀၀)၊ တတိယဆုအျဖစ္ ဘတ္ (၅,၀၀၀)ခ်ီးျမႇင့္မည္ျဖစ္ၿပီး တာခ်ီလိတ္ၿမိဳ႕နယ္အားကစားႏွင့္ကာယပညာဦးစီးဌာန၏  ဒိုင္လူႀကီးမ်ားမွ ႏိုင္ငံတကာဖူဆယ္ ေဘာလံုးၿပိဳင္ပြဲ၏ စည္းကမ္းခ်က္မ်ားႏွင့္ အညီ က်င္းပ ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲကို ၂၀၁၉ခုႏွစ္ ဇန္န၀ါရီ (၂၉)ရက္တြင္ စတင္က်င္းပမည္ျဖစ္ၿပီး ဆုေပးပြဲ အခမ္းအနားႏွင့္ ကြင္းဖြင့္ပြဲသို႔ ျမန္မာ့လက္ေရြးစင္ ကစားသမားေဟာင္း ဦးမ်ိဳးလိႈင္၀င္းႏွင့္ ဦးစိုးျမတ္မင္းတို႔ လာေရာက္မည္ ျဖစ္ေၾကာင္း သိရသည္။

"အလြတ္တန္းဆိုေတာ့ ႀကိဳက္တဲ့အသင္း၀င္ကန္ေပါ့။ (၂၈)ရက္ေန႔ စာရင္းပိတ္မယ္။ အုပ္စုခြဲမယ္။ သူတို႔ကို စည္းကမ္းခ်က္ေတြ ေျပာျပမယ္။ အား/ကာက ဒိုင္ေတြက ေျပာျပမွာပါ။ (၂၉)ရက္ေန႔ စကန္ၿပီးေတာ့ သူတို႔တက္လာတဲ့ အသင္းေပၚ မူတည္ၿပီးေတာ့ တစ္ပတ္ (၁၀)ရက္ၾကာခ်င္ၾကာမယ္ေပါ့။ ပထမဆု၊ ဒုတိယဆု၊ တတိယဆုကို ကၽြန္ေတာ္တို႔ ေငြသားဆုေရာ ဆြဲျပားေတြေရာ ဒိုင္ေတြေရာေပါ့။ ျမန္မာ့လက္ေရြးစင္က မ်ဳိးလိႈင္၀င္းတို႔နဲ႔ ဆုေပးၿပီးေတာ့ ဖြင့္ပြဲလုပ္မယ္"ဟု  ဖူဆယ္တာခ်ီလိတ္ကြင္း ပိုင္ရွင္ ဦးထြန္းထြန္းဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿပိဳင္ပြဲ အသင္း၀င္လိုသူမ်ား အေနျဖင့္ အသင္းတစ္သင္းလွ်င္ ဘတ္ (၂၀၀၀)ႏႈန္း(ကြင္း၀င္ေၾကးထပ္ေပးရန္မလို)ျဖင့္ သတ္မွတ္ထားၿပီး တာခ်ီလိတ္ၿမိဳ႕၊ ၀မ္ေကာင္းရပ္ကြက္၊ တာခ်ီလိတ္ျပည္သူ႔ေဆးရံုအနီး၊ ဘိုးဘြားရိပ္သာလမ္းရွိ ဖူဆယ္တာခ်ီလိတ္ကြင္း သို႔လည္းေကာင္း၊  ဖုန္း - 09891035755 ႏွင့္ 095127912 သို႔ ဇန္န၀ါရီလ(၂၈)ရက္ေန႔ ညေန(၅)နာရီအထိ ဆက္သြယ္၍ ေနာက္ဆံုးထား စာရင္းေပးႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ဖူဆယ္ေဘာလံုးကြင္း ဖြင့္ပြဲ မျပဳလုပ္ေသးေသာ္လည္း ကြင္းတည္ေဆာက္ၿပီးစီးၿပီ ျဖစ္သျဖင့္ လာေရာက္ကစားႏိုင္ၿပီး၊ ဖူဆယ္ကြင္းေသးတြင္ နံနက္ (၆)နာရီမွ ညေန(၅)နာရီအထိ (၁)နာရီ ဘတ္ (၂၀၀) ႏႈန္း၊ ညေန (၅)နာရီေနာက္ပိုင္းတြင္ (၁)နာရီ ဘတ္ (၄၀၀)ႏႈန္း၊ ဖူးဆယ္ကြင္းႀကီးတြင္ နံနက္(၆) နာရီမွ ညေန (၅)နာရီအထိ (၁)နာရီ ဘတ္ (၄၀၀)ႏႈန္း၊ ညေန (၅)နာရီ ေနာက္ပိုင္းတြင္ ဘတ္(၆၀၀) ႏႈန္းျဖင့္ လာေရာက္ကစားႏိုင္ေၾကာင္း သိရသည္။

 Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်၊ တာချီလိတ်ပြည်သူ့ဆေးရုံအနီး၊ ဘိုးဘွားရိပ်သာ လမ်းတွင် ဖူဆယ်တာချီလိတ်မှ ဆောက်လုပ် ပြီးစီးသွားသည့် မြက်ခင်းတုဖူဆယ် ဘောလုံးကွင်းသစ် ဖွင့်ပွဲ အထိမ်းအမှတ် အဖြစ် အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲကို ၂၀၁၉ခုနှစ် ဇန်နဝါရီလ (၂၉)ရက်နေ့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်၍ ဇန်နဝါရီလ(၂၈)ရက်နေ့အထိ ပြိုင်ပွဲဝင်စာရင်းများ ပေးသွင်း နိုင်ကြောင်း သိရသည်။

အဆိုပါ ပြိုင်တွင် ပထမဆုအဖြစ် ဘတ် (၁၀,ဝဝဝ)၊ ဒုတိယဆုအဖြစ် ဘတ်(၇,ဝဝဝ)၊ တတိယဆုအဖြစ် ဘတ် (၅,ဝဝဝ)ချီးမြှင့်မည်ဖြစ်ပြီး တာချီလိတ်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ဒိုင်လူကြီးများမှ နိုင်ငံတကာဖူဆယ် ဘောလုံးပြိုင်ပွဲ၏ စည်းကမ်းချက်များနှင့် အညီ ကျင်းပ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကို ၂၀၁၉ခုနှစ် ဇန်နဝါရီ (၂၉)ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဆုပေးပွဲ အခမ်းအနားနှင့် ကွင်းဖွင့်ပွဲသို့ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ဦးမျိုးလှိုင်ဝင်းနှင့် ဦးစိုးမြတ်မင်းတို့ လာရောက်မည် ဖြစ်ကြောင်း သိရသည်။

"အလွတ်တန်းဆိုတော့ ကြိုက်တဲ့အသင်းဝင်ကန်ပေါ့။ (၂၈)ရက်နေ့ စာရင်းပိတ်မယ်။ အုပ်စုခွဲမယ်။ သူတို့ကို စည်းကမ်းချက်တွေ ပြောပြမယ်။ အား/ကာက ဒိုင်တွေက ပြောပြမှာပါ။ (၂၉)ရက်နေ့ စကန်ပြီးတော့ သူတို့တက်လာတဲ့ အသင်းပေါ် မူတည်ပြီးတော့ တစ်ပတ် (၁၀)ရက်ကြာချင်ကြာမယ်ပေါ့။ ပထမဆု၊ ဒုတိယဆု၊ တတိယဆုကို ကျွန်တော်တို့ ငွေသားဆုရော ဆွဲပြားတွေရော ဒိုင်တွေရောပေါ့။ မြန်မာ့လက်ရွေးစင်က မျိုးလှိုင်ဝင်းတို့နဲ့ ဆုပေးပြီးတော့ ဖွင့်ပွဲလုပ်မယ်"ဟု ဖူဆယ်တာချီလိတ်ကွင်း ပိုင်ရှင် ဦးထွန်းထွန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြိုင်ပွဲ အသင်းဝင်လိုသူများ အနဖြေင့် အသင်းတစ်သင်းလျှင် ဘတ် (၂၀၀၀)နှုန်း(ကွင်းဝင်ကြေးထပ်ပေးရန်မလို)ဖြင့် သတ်မှတ်ထားပြီး တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ တာချီလိတ်ပြည်သူ့ဆေးရုံအနီး၊ ဘိုးဘွားရိပ်သာလမ်းရှိ ဖူဆယ်တာချီလိတ်ကွင်း သို့လည်းကောင်း၊ ဖုန်း - 09891035755 နှင့် 095127912 သို့ ဇန်နဝါရီလ(၂၈)ရက်နေ့ ညနေ(၅)နာရီအထိ ဆက်သွယ်၍ နောက်ဆုံးထား စာရင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဖူဆယ်ဘောလုံးကွင်း ဖွင့်ပွဲ မပြုလုပ်သေးသော်လည်း ကွင်းတည်ဆောက်ပြီးစီးပြီ ဖြစ်သဖြင့် လာရောက်ကစားနိုင်ပြီး၊ ဖူဆယ်ကွင်းသေးတွင် နံနက် (၆)နာရီမှ ညနေ(၅)နာရီအထိ (၁)နာရီ ဘတ် (၂၀၀) နှုန်း၊ ညနေ (၅)နာရီနောက်ပိုင်းတွင် (၁)နာရီ ဘတ် (၄၀၀)နှုန်း၊ ဖူးဆယ်ကွင်းကြီးတွင် နံနက်(၆) နာရီမှ ညနေ (၅)နာရီအထိ (၁)နာရီ ဘတ် (၄၀၀)နှုန်း၊ ညနေ (၅)နာရီ နောက်ပိုင်းတွင် ဘတ်(၆၀၀) နှုန်းဖြင့် လာရောက်ကစားနိုင်ကြောင်း သိရသည်။

 Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~