မႏၱေလး၊ ျပင္ဦးလြင္၊ ေနာင္ခ်ိဳၿမိဳ႕မ်ား၌ ျမန္မာႏုိင္ငံ၏ ပထမဆံုး စက္တပ္ေလထီး(ပါရာမိုတာ)အဖြဲ႕လုိက္ ေမာင္းႏွင္ၾကမည္

မႏၱေလး၊ ျပင္ဦးလြင္၊ ေနာင္ခ်ိဳၿမိဳ႕မ်ား၌ ျမန္မာႏုိင္ငံ၏ ပထမဆံုး စက္တပ္ေလထီး(ပါရာမိုတာ)အဖြဲ႕လုိက္ ေမာင္းႏွင္ၾကမည္
ဇန်နဝါရီ 13, 2019
By Tachileik News Agency

ျမန္မာႏိုင္ငံေလထီးခုန္အဖြဲ႔ခ်ဳပ္ႏွင့္ ထိုင္းႏိုင္ငံမွ ပါရာမိုတာပညာရွင္ (၈)ဦးပူးေပါင္းကာ ျမန္မာႏုိင္ငံတြင္ ပထမဦးဆံုး စက္တပ္ေလထီးအဖြဲ႕လုိက္ အလွျပစီးနင္းေမာင္းႏွင္ျခင္းကို ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၇)ရက္ေန႔မွ (၁၉)ရက္ေန႔အထိ မႏၱေလး၊ ျပင္ဦးလြင္၊ ေနာင္ခ်ိဳၿမိဳ႕မ်ား၌ ေမာင္းႏွင္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံမွ Asean Paramotoring Club ( FLY ASEAN ) မွ ပါရာမိုတာေမာင္းႏွင္ကၽြမ္းက်င္သူ (၄) ဦးႏွင့္ ျမန္မာႏိုင္ငံေလထီးခုန္အဖြဲ႔ခ်ဳပ္ ( Myanmar Parachute Federation ) တို႔မွ ပါရာမိုတာေမာင္းႏွင္ကၽြမ္းက်င္သူမ်ား ပါဝင္သည့္ အဖြဲ႕က ဇန္နဝါရီလ (၁၇) ရက္ေန႔ႏွင့္ (၁၈) ရက္ေန႔မ်ားတြင္ မႏၱေလးၿမိဳ႕၊ အမရပူရၿမိဳ႕နယ္ရွိ ဦးပိန္တံတားအနီးမွ ဧရာဝတီျမစ္ကမ္းေဘး တစ္ေလ်ွာက္တြင္ အလွျပပ်ံသန္းမည္ျဖစ္ေၾကာင္း သိရသည္။

"ျမန္မာႏိုင္ငံမွာ ပထမဦးဆံုး အဖြဲ႔လိုက္စီးနင္းတာျဖစ္သလို ထိုင္းႏိုင္ငံက ပညာရွင္ေတြနဲ႔လည္း ပထမဆံုး ပူးေပါင္း စီးနင္းတာျဖစ္ပါတယ္။ ဇန္နဝါရီ (၁၇)နဲ႔ (၁၈) ရက္ေတြမွာ ဦးပိန္တံတားအနီးကေနပ်ံတက္ၿပီး (၆) မိုင္ေလာက္ အကြာမွာရွိတဲ့ ရွမ္းေလးကၽြန္းကို ဆင္းသက္မွာပါ။ ၿပီးရင္ ဧရာဝတီျမစ္ကမ္းတစ္ေလွ်ာက္ ခြင့္ျပဳခ်က္တင္ထားတဲ့ နယ္နိမိတ္ထဲ စီးနင္းမွာျဖစ္ပါတယ္" ဟု ျမန္မာႏိုင္ငံေလထီးခုန္အဖြဲ႔ခ်ဳပ္မွ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔ဝင္ ဦးေက်ာ္စိုးေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

မႏၱေလးတြင္ ဇန္နဝါရီ (၁၇) စီးနင္းစဥ္ ဆင္းသက္ရပ္နားမည့္ ရွမ္းေလးေက်းရြာ စာသင္ေက်ာင္း၊ ဇန္နဝါရီလ (၁၉) ရက္ေန႔တြင္ ျပင္ဦးလြင္ၿမိဳ႕ေပၚ စီးနင္းရာ၌ ဆင္းသက္ရပ္နားမည့္ ေစတလံုးေက်းရြာ စာသင္ေက်ာင္းႏွင့္ ေနာင္ပိန္ေက်းရြာစာသင္ေက်ာင္းမ်ားတြင္ ေက်ာင္းသူ၊ေက်ာင္းသားမ်ားကို ေက်ာင္းသံုး ပစၥည္းအခ်ိဳ႕ႏွင့္ ေလယာဥ္ပ်ံငယ္မ်ားကို ေပးေဝမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အစီအစဥ္အတြက္ သက္ဆိုင္ရာ တိုင္းေဒသႀကီးအစိုးရထံ ခြင့္ျပဳခ်က္ေတာင္းခံထားၿပီးျဖစ္ ေပ (၃၀၀၀) အျမင့္မွ ပ်ံသန္းရာလမ္းေၾကာင္းမ်ားကိုလည္း ေလေၾကာင္းလိုင္းမ်ားႏွင့္ လြတ္ကင္းေစရန္ ေရြးခ်ယ္ထားၿပီးျဖစ္ေၾကာင္း သိရသည္။

ယခုျပဳလုပ္သည့္ ပထမဦးဆံုးအႀကိမ္ ပါရာမိုတာစီးနင္းေမာင္းႏွင္မႈတြင္ ထိုင္းႏိုင္ငံမွ (၄) ဦးပါဝင္ၿပီး ဒုတိယအႀကိမ္ ထပ္မံစီးနင္းမႈတြင္ ထိုင္းႏိုင္ငံမွ (၁၇) ဦး အျပင္ အိႏၵိယႏိုင္ငံႏွင့္ ဆြဇ္ဇာလန္ႏိုင္ငံတို႔မွလည္း ပါဝင္ရန္ ကမ္းလွမ္းထားၾကေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - AKS


~~~~~~~~⊰❂ Unicode Version ~~~~~~~~


မြန်မာနိုင်ငံလေထီးခုန်အဖွဲ့ချုပ်နှင့် ထိုင်းနိုင်ငံမှ ပါရာမိုတာပညာရှင် (၈)ဦးပူးပေါင်းကာ မြန်မာနိုင်ငံတွင် ပထမဦးဆုံး စက်တပ်လေထီးအဖွဲ့လိုက် အလှပြစီးနင်းမောင်းနှင်ခြင်းကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်နေ့မှ (၁၉)ရက်နေ့အထိ မန္တလေး၊ ပြင်ဦးလွင်၊ နောင်ချိုမြို့များ၌ မောင်းနှင်ကြမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ Asean Paramotoring Club ( FLY ASEAN ) မှ ပါရာမိုတာမောင်းနှင်ကျွမ်းကျင်သူ (၄) ဦးနှင့် မြန်မာနိုင်ငံလေထီးခုန်အဖွဲ့ချုပ် ( Myanmar Parachute Federation ) တို့မှ ပါရာမိုတာမောင်းနှင်ကျွမ်းကျင်သူများ ပါဝင်သည့် အဖွဲ့က ဇန်နဝါရီလ (၁၇) ရက်နေ့နှင့် (၁၈) ရက်နေ့များတွင် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ ဦးပိန်တံတားအနီးမှ ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက်တွင် အလှပြပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာ ပထမဦးဆုံး အဖွဲ့လိုက်စီးနင်းတာဖြစ်သလို ထိုင်းနိုင်ငံက ပညာရှင်တွေနဲ့လည်း ပထမဆုံး ပူးပေါင်း စီးနင်းတာဖြစ်ပါတယ်။ ဇန်နဝါရီ (၁၇)နဲ့ (၁၈) ရက်တွေမှာ ဦးပိန်တံတားအနီးကနေပျံတက်ပြီး (၆) မိုင်လောက် အကွာမှာရှိတဲ့ ရှမ်းလေးကျွန်းကို ဆင်းသက်မှာပါ။ ပြီးရင် ဧရာဝတီမြစ်ကမ်းတစ်လျှောက် ခွင့်ပြုချက်တင်ထားတဲ့ နယ်နိမိတ်ထဲ စီးနင်းမှာဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံလေထီးခုန်အဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်စိုးအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မန္တလေးတွင် ဇန်နဝါရီ (၁၇) စီးနင်းစဉ် ဆင်းသက်ရပ်နားမည့် ရှမ်းလေးကျေးရွာ စာသင်ကျောင်း၊ ဇန်နဝါရီလ (၁၉) ရက်နေ့တွင် ပြင်ဦးလွင်မြို့ပေါ် စီးနင်းရာ၌ ဆင်းသက်ရပ်နားမည့် စေတလုံးကျေးရွာ စာသင်ကျောင်းနှင့် နောင်ပိန်ကျေးရွာစာသင်ကျောင်းများတွင် ကျောင်းသူ၊ကျောင်းသားများကို ကျောင်းသုံး ပစ္စည်းအချို့နှင့် လေယာဉ်ပျံငယ်များကို ပေးဝေမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရထံ ခွင့်ပြုချက်တောင်းခံထားပြီးဖြစ် ပေ (၃၀၀၀) အမြင့်မှ ပျံသန်းရာလမ်းကြောင်းများကိုလည်း လေကြောင်းလိုင်းများနှင့် လွတ်ကင်းစေရန် ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။

ယခုပြုလုပ်သည့် ပထမဦးဆုံးအကြိမ် ပါရာမိုတာစီးနင်းမောင်းနှင်မှုတွင် ထိုင်းနိုင်ငံမှ (၄) ဦးပါဝင်ပြီး ဒုတိယအကြိမ် ထပ်မံစီးနင်းမှုတွင် ထိုင်းနိုင်ငံမှ (၁၇) ဦး အပြင် အိန္ဒိယနိုင်ငံနှင့် ဆွဇ်ဇာလန်နိုင်ငံတို့မှလည်း ပါဝင်ရန် ကမ်းလှမ်းထားကြကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - AKS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~