တာချီလိတ်မြို့ ဦးအားဖါ(တပင်ရွှေထီး)၏ ရုပ်အလောင်အား ဖေဖော်ဝါရီလ(၂)ရက်နေ့၌ တာချီလိတ်မြို့မသုသာန်သစ် တည်ဆောက်ရာ ပုံလို့သို့ ပို့ဆောင်သဂြုင်္ိဟ်မည်

တာချီလိတ်မြို့ ဦးအားဖါ(တပင်ရွှေထီး)၏ ရုပ်အလောင်အား ဖေဖော်ဝါရီလ(၂)ရက်နေ့၌ တာချီလိတ်မြို့မသုသာန်သစ် တည်ဆောက်ရာ ပုံလို့သို့ ပို့ဆောင်သဂြုင်္ိဟ်မည်
ဇနျနဝါရီ 31, 2019
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဇန်န၀ါရီလ(၂၉)ရက်နေ့ နေ့လယ်ပိုင်းအချိန် မီးပွိုင့်၌ သေနတ်ဖြင့် လုပ်ကြံပစ်သတ်ခံရသူ ဦးအားဖါ(တပင်ရွှေထီး)၏ ဈာပနာအား သေဆုံးသွားသူ ဦးအားဖါမှ နာယကအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် တာချီလိတ်မြို့မသုသာန်သစ် တည်ဆောက်ရာ ပုံလို့သို့ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့ နေ့လယ်(၁)နာရီတိတိတွင် ပို့ဆောင် မီးသဂြုင်္ိဟ်မည်ဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသူ အသက်(၅၁)နှစ်ရှိ ဦးအားဖါ(ခ)စိုင်းနွံ(ခ)ဦးတင်လှ၏ ရုပ်အလောင်းအား တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်၊ လွန်းကျိုင်းရှိ နေအိမ်မှ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့ နေ့လယ်(၁)နာရီတွင် စတင်ထွက်ခွာကာ တာချီလိတ်မြို့မသုသာန်သစ် တည်ဆောက်ရာ ပုံလို့သို့ ပို့ဆောင်ပြီး မီးသဂြုင်္ိဟ်မည် ဖြစ်သည်။

အသက်(၅၁)နှစ်ရှိ ဦးအားဖါသည် ၎င်းကိုယ်တိုင် နာယကအနေဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် တာချီလိတ်မြို့မသုသာန်သစ်တည်ဆောက်ရာ(ပုံလို့)နေရာမှ ၂၀၁၉ခုနှစ် ဇန်န၀ါရီလ(၂၉)ရက်နေ့ နေ့လည် (၁၂)နာရီခွဲဝန်းကျင် အချိန်က အပြန်တွင် နေ့လည်(၁၂း၄၅)နာရီဝန်းကျင် အချိန်၌ တာချီလိတ်မြို့ အာခါဈေးရှေ့ရှိ မီးပွိုင့်အရောက်တွင် မီးပွိုင့်မှာ မီးနီနေ၍ ခေတ္တရပ်ကာ စောင့်နေစဉ် ဆိုင်ကယ်ဖြင့်လာသည့် အမည်မသိ အမျိုးသားနှစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်သွားရမှ ၎င်း၏ ခန္ဓာကိုယ်၌ ယာနားထင်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ယာနံစောင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၃)ချက်၊ ယာဘက်ဝမ်းဗိုက်တွင် ကျည်ဖောက်ဝင် ဒဏ်ရာ(၁)ချက်၊ ယာဘက် လက်မောင်းတွင် ကျည်ဖောက်ဝင် ဒဏ်ရာ (၁)ချက် စုစုပေါင် ကျည်ဖောက်ဒဏ်ရာ (၆)ချက်ရရှိထားကာ သေဆုံးသွားခြင်းဖြစ်သည်။


Tachileik News Agency

ဆက်စပ်သတင်း

***********
***********




~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဇန်နဝါရီလ(၂၉)ရက်နေ့ နေ့လယ်ပိုင်းအချိန် မီးပွိုင့်၌ သေနတ်ဖြင့် လုပ်ကြံပစ်သတ်ခံရသူ ဦးအားဖာ(တပင်ရွှေထီး)၏ ဈာပနာအား သေဆုံးသွားသူ ဦးအားဖာမှ နာယကအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် တာချီလိတ်မြို့မသုသာန်သစ် တည်ဆောက်ရာ ပုံလို့သို့ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့ နေ့လယ်(၁)နာရီတိတိတွင် ပို့ဆောင် မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသူ အသက်(၅၁)နှစ်ရှိ ဦးအားဖာ(ခ)စိုင်းနွံ(ခ)ဦးတင်လှ၏ ရုပ်အလောင်းအား တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်၊ လွန်းကျိုင်းရှိ နေအိမ်မှ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့ နေ့လယ်(၁)နာရီတွင် စတင်ထွက်ခွာကာ တာချီလိတ်မြို့မသုသာန်သစ် တည်ဆောက်ရာ ပုံလို့သို့ ပို့ဆောင်ပြီး မီးသင်္ဂြိုဟ်မည် ဖြစ်သည်။

အသက်(၅၁)နှစ်ရှိ ဦးအားဖာသည်၎င်းကိုယ်တိုင် နာယကအနဖြေင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် တာချီလိတ်မြို့မသုသာန်သစ်တည်ဆောက်ရာ(ပုံလို့)နေရာမှ ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၉)ရက်နေ့ နေ့လည် (၁၂)နာရီခွဲဝန်းကျင် အချိန်က အပြန်တွင် နေ့လည်(၁၂း၄၅)နာရီဝန်းကျင် အချိန်၌ တာချီလိတ်မြို့ အာခါဈေးရှေ့ရှိ မီးပွိုင့်အရောက်တွင် မီးပွိုင့်မှာ မီးနီနေ၍ ခေတ္တရပ်ကာ စောင့်နေစဉ် ဆိုင်ကယ်ဖြင့်လာသည့် အမည်မသိ အမျိုးသားနှစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်သွားရမှ၎င်း၏ ခန္ဓာကိုယ်၌ ယာနားထင်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ယာနံစောင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၃)ချက်၊ ယာဘက်ဝမ်းဗိုက်တွင် ကျည်ဖောက်ဝင် ဒဏ်ရာ(၁)ချက်၊ ယာဘက် လက်မောင်းတွင် ကျည်ဖောက်ဝင် ဒဏ်ရာ (၁)ချက် စုစုပေါင် ကျည်ဖောက်ဒဏ်ရာ (၆)ချက်ရရှိထားကာ သေဆုံးသွားခြင်းဖြစ်သည်။

အဆိုပါအမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၅၀/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီး ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့အထိ တရားခံများအား ဖမ်းဆီးဖော်ထုတ်ရမိခြင်း မရှိသေးသည့်အတွက် တရားခံအား ဖမ်းဆီးရမိရေးရန် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များမှ စုံစမ်းဖော်ထုတ်မှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

ဆက်စပ်သတင်း
***********
တာချီလိတ်မြို့ အာခါဈေးမီးပွိုင့်တွင် နေ့ခင်းအချိန်ကြီး ဦးအားဖာ(တပင်ရွှေထီး) သေနတ်ဖြင့် ပစ်သတ်ခံရ
https://www.tachileik.net/2019/01/URp.html
***********

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~