ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕တြင္ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴအတူမ်ား ဖမ္းဆီးရမိ

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕တြင္ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴအတူမ်ား ဖမ္းဆီးရမိ
ဇန်နဝါရီ 8, 2019
By Tachileik News Agency

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္ရွိ ကမာၻဇဘဏ္ခြဲတြင္ ေငြလာလႊဲသူတြင္ ေငြအစစ္မ်ားႏွင့္အတူ က်ပ္ေငြ (၁၀,၀၀၀)တန္အတုမ်ား ပါ၀င္ေန၍  ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥပေဒပုဒ္မ ၁၀၅/၁၀၆ျဖင့္ အမႈဖြင့္ကာ စစ္ေဆးေနလ်က္ရွိေၾကာင္း သိရသည္။

ေမာင္ေတာၿမိဳ႕နယ္ရဲတပ္ဖြဲ႔ ရဲမွဴး သန္႔ေဇာ္ဦး ဦးစီးသည့္ တပ္ဖြဲ႔၀င္မ်ားက သတင္းအရ (၁၀,၀၀၀)က်ပ္တန္ ေငြစကၠဴအတု (၄၀၁)ရြက္ကိုင္ေဆာင္လာသည့္ အသက္(၃၁)ႏွစ္ရွိ ေဇာ္လင္းထက္ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၇)ရက္ေန႔ ေန႔လည္(၂)နာရီခြဲ၀န္းက်င္အခ်ိန္က ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္းသည္။

သက္ဆိုင္ရာ ရဲတပ္ဖြဲ႔မွ ၎အား စစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္ သိမ္းဆည္းရမိသည့္ ေငြစကၠဴအတုမ်ားမွာ ၎ေမာင္းႏွင္သည့္ ယာဥ္ပိုင္ရွင္ သန္း၀င္းေမာင္မွ တဆင့္ ဆက္သြယ္ေပးၿပီး ပုဏၰားၿမိဳ႕ေန ဦးေဇာ္ေဇာ္မွ ဖုန္းျဖင့္ ဆက္သြယ္ကာ ကားေရာင္းရေငြမ်ားဟု ေျပာကာ ယူေဆာင္ခိုင္းျခင္းျဖစ္ေၾကာင္း သိရသည္။

ဖုန္းျဖင့္ ဆက္သြယ္၍ ယူခိုင္းရာတြင္ ဇန္န၀ါရီလ(၅)ရက္ေန႔က ေ၀သာလီေက်းရြာေန အသက္(၂၀)ႏွစ္အရြယ္ရွိ အမ်ဳိးသားထံက က်ပ္သိန္း (၁၀၀)ကို လည္းေကာင္း၊ ဇန္န၀ါရီလ(၆)ရက္ေန႔က ေ၀သာလီ ေက်းရြာေန သံေခ်ာင္း(ခ)ေက်ာ္ေအးစိန္ထံမွ  က်ပ္(၁၆,၂၅၀,၀၀၀)အား လည္းေကာင္း၊ ဇန္န၀ါရီလ(၇)ရက္ေန႔တြင္ သန္း၀င္းေမာင္ ေနအိမ္မွ က်ပ္ ( ၁၃,၈၅၀,၀၀၀)အား လည္းေကာင္း အသီးသီး သြားေရာက္ ယူေဆာင္ခဲ့ေၾကာင္း သိရသည္။

တစ္ဦးခ်င္းစီ၏ ေငြမ်ားအား သီးျခားစီထုပ္၍ ယာဥ္ပိုင္ရွင္ သန္း၀င္းေမာင္၏ ဖုန္းျဖင့္ ဆက္သြယ္ အကူအညီ ေတာင္းခံခ်က္အရ ေဒၚသန္းသန္းစိုး၏ ဘဏ္အေကာင့္ထဲသို႔ လႊဲေပးအပ္စဥ္ သံေခ်ာင္း(ခ)ေက်ာ္ေအးစိန္ ေပးလိုက္သည့္ ေငြ (၁၆,၂၅၀,၀၀၀)က်ပ္အနက္ (၁၀၀၀၀)က်ပ္တန္ ေငြစကၠဳ (၄၀၁)ရြက္မွာ အတုမ်ားျဖစ္ေနသည္ကို စစ္ေဆးေပၚေပါက္၍ ေငြတုမ်ားႏွင့္အတူ လက္၀ယ္ေတြ႕ရွိရသူ ေဇာ္လင္းထက္အား ေမာင္ေတာၿမိဳ႕မရဲစခန္းတြင္ (ပ)၆/၂၀၁၉၊ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥပေဒပုဒ္မ ၁၀၅/၁၀၆ျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ကမာ္ဘဇဘဏ်ခွဲတွင် ငွေလာလွှဲသူတွင် ငွေအစစ်များနှင့်အတူ ကျပ်ငွေ (၁၀,ဝဝဝ)တန်အတုများ ပါဝင်နေ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

မောင်တောမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး သန့်ဇော်ဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များက သတင်းအရ (၁၀,ဝဝဝ)ကျပ်တန် ငွေစက္ကူအတု (၄၀၁)ရွက်ကိုင်ဆောင်လာသည့် အသက်(၃၁)နှစ်ရှိ ဇော်လင်းထက် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၇)ရက်နေ့ နေ့လည်(၂)နာရီခွဲဝန်းကျင်အချိန်က ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်းသည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ၎င်းအား စစ်ဆေးမှုများ ပြုလုပ်ရာတွင် သိမ်းဆည်းရမိသည့် ငွေစက္ကူအတုများမှာ၎င်းမောင်းနှင်သည့် ယာဉ်ပိုင်ရှင် သန်းဝင်းမောင်မှ တဆင့် ဆက်သွယ်ပေးပြီး ပုဏ္ဏားမြို့နေ ဦးဇော်ဇော်မှ ဖုန်းဖြင့် ဆက်သွယ်ကာ ကားရောင်းရငွေများဟု ပြောကာ ယူဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

ဖုန်းဖြင့် ဆက်သွယ်၍ ယူခိုင်းရာတွင် ဇန်နဝါရီလ(၅)ရက်နေ့ကေဝသာလီကျေးရွာနေ အသက်(၂၀)နှစ်အရွယ်ရှိ အမျိုးသားထံက ကျပ်သိန်း (၁၀၀)ကို လည်းကောင်း၊ ဇန်နဝါရီလ(၆)ရက်နေ့ကေဝသာလီ ကျေးရွာနေ သံချောင်း(ခ)ကျော်အေးစိန်ထံမှ ကျပ်(၁၆,၂၅၀,ဝဝဝ)အား လည်းကောင်း၊ ဇန်နဝါရီလ(၇)ရက်နေ့တွင် သန်းဝင်းမောင် နေအိမ်မှ ကျပ် ( ၁၃,၈၅၀,ဝဝဝ)အား လည်းကောင်း အသီးသီး သွားရောက် ယူဆောင်ခဲ့ကြောင်း သိရသည်။

တစ်ဦးချင်းစီ၏ ငွေများအား သီးခြားစီထုပ်၍ ယာဉ်ပိုင်ရှင် သန်းဝင်းမောင်၏ ဖုန်းဖြင့် ဆက်သွယ် အကူအညီ တောင်းခံချက်အရ ဒေါ်သန်းသန်းစိုး၏ ဘဏ်အကောင့်ထဲသို့ လွှဲပေးအပ်စဉ် သံချောင်း(ခ)ကျော်အေးစိန် ပေးလိုက်သည့် ငွေ (၁၆,၂၅၀,ဝဝဝ)ကျပ်အနက် (၁၀၀၀၀)ကျပ်တန် ငွေစက္ကု (၄၀၁)ရွက်မှာ အတုများဖြစ်နေသည်ကို စစ်ဆေးပေါ်ပေါက်၍ ငွေတုများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ ဇော်လင်းထက်အား မောင်တောမြို့မရဲစခန်းတွင် (ပ)၆/၂၀၁၉၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~