တာခ်ီလိတ္ၿမိဳ႕မသုႆန္အတြင္း ခိုေအာင္းေနသည့္ မူးယစ္ေဆးသံုးစြဲသူမ်ားအား ရဲတပ္ဖြဲ႕ႏွင့္ ပူးေပါင္းအဖြဲ႕ ဝင္ေရာက္ ရွင္းလင္း

တာခ်ီလိတ္ၿမိဳ႕မသုႆန္အတြင္း ခိုေအာင္းေနသည့္ မူးယစ္ေဆးသံုးစြဲသူမ်ားအား ရဲတပ္ဖြဲ႕ႏွင့္ ပူးေပါင္းအဖြဲ႕ ဝင္ေရာက္ ရွင္းလင္း
ဇန်နဝါရီ 5, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၊ ပုန္းထြန္ရပ္ကြက္ ႏွင့္ ၀မ္ေကာင္းရပ္ကြက္ အၾကားရွိ ၿမိဳ႕မသုႆန္တြင္ မူးယစ္ေဆးလာေရာက္သံုးစြဲသူမ်ားလာေၾကာင္း သတင္းအရ ရဲတပ္ဖြဲ႔က ပူးေပါင္း အဖြဲ႕ႏွင့္အတူ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၅)ရက္ေန႔ နံနက္ပိုင္းက ဝင္ေရာက္ရွင္းလင္းေၾကာင္း သိရသည္။

“ဒီေနရာမွာ မူးယစ္ေဆးသံုးစြဲသူေတြ လာေရာက္ ခိုေအာင္းေနတယ္ သတင္းအရ ကၽြန္ေတာ္တုိ႔ ရဲတပ္ဖြဲ႕က မိတ္ဖက္အဖြဲ႕အစည္းေတြနဲ႔အတူ ဝင္ေရာက္ရွင္းလင္းျခင္းျဖစ္ပါတယ္။ အမ်ားစုက အိမ္ေျခမဲ့ေတြပါ။ ေမးၾကည့္ေတာ့ တာခ်ီလိတ္ၿမိဳ႕ေပၚက မဟုတ္ဘူး။ နယ္ကေတြ။ သူတုိ႔ေတြ ဒီမွာမေနဖို႔ ေနရပ္ကိုျပန္ဖို႔ေတာ့ အခု ႏွင္ထုတ္ခဲ့တယ္။ အခု မေနခိုင္းေတာ့ဘူးေပါ့။ တစ္ခ်ိဳ႕ေတာ့ တာေလတို႔ဘာတို႔ အနီးဝန္းက်င္ ျပန္ဖို႔ရိွတဲ့သူေတြေတာ့ ျပန္ၾကမယ္ၾကားတယ္။ ေလာေလာဆယ္ အိမ္ေျခမဲ့ေတြျပန္ဖို႔ စီစဥ္ေပးတာမ်ိဳးေတာ့ မလုပ္ေပးထားဘူး။ ဒီသုႆန္ဝန္းထဲ မေနၾကေတာ့ဖို႔ ႏွင္ထုတ္လုိက္တာပဲရိွတယ္။ မူးယစ္ေဆးဝါး အပါအဝင္ ျပႆနာေတြ မ်ားလြန္းလို႔ေပါ့ေနာ္”ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္း နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ကိုကိုဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယင္းကဲ့သို႔ ဝင္ေရာက္ ရွင္းလင္းျခင္းကို တာခ်ီလိတ္ၿမိဳ႕မရဲတပ္ဖြဲ႕ဝင္မ်ား၊  ျပည္သူ႔စစ္၊ မီးသတ္တပ္ဖြဲ႕၊ ပုန္းထြန္ရပ္ကြက္ႏွင့္ ဝမ္ေကာင္းရပ္ကြက္ အုပ္ခ်ဳပ္ေရးအဖြဲ႕တုိ႔ ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ရွင္းလင္း ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လူေနရပ္ကြက္မ်ား အနီးရိွ တာခ်ီလိတ္ၿမိဳ႕မသုႆန္တြင္ အိမ္ေျခမဲ့ေနထုိင္သူမ်ားအျပင္ မူးယစ္ေဆး သံုးစြဲသူမ်ား လာေရာက္ ခိုေအာင္းေလ့ရိွသျဖင့္ မၾကာခဏ ရွင္းလင္းဖယ္ရွားခုိင္းရေလ့ရိွၿပီး အျခား ေဒသမ်ားမွ ေရႊ႕ေျပာင္းအလုပ္ လုပ္ကိုင္ရာမွ အခက္အခဲျဖစ္၍ ေနရပ္မျပန္ႏုိင္သူမ်ား ပါဝင္ပါက ေဒသ တာဝန္ရိွသူမ်ားႏွင့္ လူမႈေရးအဖြဲ႕မ်ားက ကုန္က်စရိတ္ စိုက္ထုတ္၍ ေနရပ္ျပန္ပို႔ေပးျခင္းမ်ားကိုလည္း လုပ္ေဆာင္ခဲ့ဖူးျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ပုန္းထြန္ရပ္ကြက္ရံုးအဖြဲ႔


~~~~~~~~⊰❂Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက် နှင့် ဝမ်ကောင်းရပ်ကွက် အကြားရှိ မြို့မသုဿန်တွင် မူးယစ်ဆေးလာရောက်သုံးစွဲသူများလာကြောင်း သတင်းအရ ရဲတပ်ဖွဲ့က ပူးပေါင်း အဖွဲ့နှင့်အတူ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်ရှင်းလင်းကြောင်း သိရသည်။

“ဒီနေရာမှာ မူးယစ်ဆေးသုံးစွဲသူတွေ လာရောက် ခိုအောင်းနေတယ် သတင်းအရ ကျွန်တော်တို့ ရဲတပ်ဖွဲ့က မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ ဝင်ရောက်ရှင်းလင်းခြင်းဖြစ်ပါတယ်။ အများစုက အိမ်ခြေမဲ့တွေပါ။ မေးကြည့်တော့ တာချီလိတ်မြို့ပေါ်က မဟုတ်ဘူး။ နယ်ကတွေ။ သူတို့တွေ ဒီမှာမနေဖို့ နေရပ်ကိုပြန်ဖို့တော့ အခု နှင်ထုတ်ခဲ့တယ်။ အခု မနေခိုင်းတော့ဘူးပေါ့။ တစ်ချို့တော့ တာလေတို့ဘာတို့ အနီးဝန်းကျင် ပြန်ဖို့ရှိတဲ့သူတွေတော့ ပြန်ကြမယ်ကြားတယ်။ လောလောဆယ် အိမ်ခြေမဲ့တွပြေန်ဖို့ စီစဉ်ပေးတာမျိုးတော့ မလုပ်ပေးထားဘူး။ ဒီသုဿန်ဝန်းထဲ မနကြေတော့ဖို့ နှင်ထုတ်လိုက်တာပဲရှိတယ်။ မူးယစ်ဆေးဝါး အပါအဝင် ပြဿနာတွေ များလွန်းလို့ပေါ့နော်”ဟု တာချီလိတ်မြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကိုကိုဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းကဲ့သို့ ဝင်ရောက် ရှင်းလင်းခြင်းကို တာချီလိတ်မြို့မရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်၊ မီးသတ်တပ်ဖွဲ့၊ ပုန်းထွန်ရပ်ကွက်နှင့် ဝမ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ရှင်းလင်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူနေရပ်ကွက်များ အနီးရှိ တာချီလိတ်မြို့မသုဿန်တွင် အိမ်ခြေမဲ့နေထိုင်သူများအပြင် မူးယစ်ဆေး သုံးစွဲသူများ လာရောက် ခိုအောင်းလေ့ရှိသဖြင့် မကြာခဏ ရှင်းလင်းဖယ်ရှားခိုင်းရလေ့ရှိပြီး အခြား ဒေသများမှ ရွှေ့ပြောင်းအလုပ် လုပ်ကိုင်ရာမှ အခက်အခဲဖြစ်၍ နေရပ်မပြန်နိုင်သူများ ပါဝင်ပါက ဒေသ တာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့များက ကုန်ကျစရိတ် စိုက်ထုတ်၍ နေရပ်ပြန်ပို့ပေးခြင်းများကိုလည်း လုပ်ဆောင်ခဲ့ဖူးခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ပုန်းထွန်ရပ်ကွက်ရုံးအဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~