အကောင်အထည်ဖော်ဆောင်ရန် အခက်အခဲရှိမည့် အဆိုများကို တင်သွင်း မည်ဆိုပါက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်ပင်ပြီးမှ တင်ရန် ၀န်ကြီးချုပ်ပြောကြား

အကောင်အထည်ဖော်ဆောင်ရန် အခက်အခဲရှိမည့် အဆိုများကို တင်သွင်း မည်ဆိုပါက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်ပင်ပြီးမှ တင်ရန် ၀န်ကြီးချုပ်ပြောကြား
ဇနျနဝါရီ 21, 2019
By Tachileik News Agency

အကောင်အထည် ဖော်ဆောင်ရန် အခက်အခဲ ရှိနိုင်မည့် အဆိုများကို လွှတ်တော်တွင် တင်သွင်းမည် ဆိုပါက တိုင်းဒေသကြီးအစိုးရနှင့် တိုင်ပင်၍ တင်စေလိုကြောင်း မကွေးတိုင်းဒေသကြီးဝန် ကြီးချုပ်က ၂၀၁၉ခုနှစ် ဇန်န၀ါရီလ(၂၁)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့်  မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ပြောကြားလိုက်သည်။


ရန်ကုန်နှင့် မန္တလေးတို့တွင်ပင် အချိန်အတွယ်ကိစ္စနှင့် ပတ်သက်၍ တစ်ပဲလျှင် (၇)ရွေးနှင့်  (၈)ရွေး သတ်မှတ်ချက် အပေါ် ဆုံးဖြတ်ခြင်း မပြုနိုင်သေးဘဲ အငြင်းပွားနေကြဆဲဖြစ်ကြောင်းနှင့် ထို့အတူ မကွေးတိုင်းတွင်လည်း (၁၆)ပြည် ဆန့် တင်းတောင်းနှင့် ရောင်း/ဝယ်မှုပြုကြရန် ဆောင်ရွက်ခဲ့သော်လည်း ယခုအ ချိန်ထိ (၃)ပြည်မှ (၄)ပြည်ထိအောင် ဆောင်း၍ ရောင်း ဝယ်မှု ပြုကြဆဲဖြစ်နေသည့် အပေါ် ဆောင်ရွက်ရ ခက်ခဲသည့် ကိစ္စရပ်များအဖြစ်  ဝန်ကြီးချုပ်က သာဓကပြု၍ နှိုင်းယှဉ်ပြောကြားသွားသည်။


သတင်း - ဖီးနစ်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အကောင်အထည် ဖော်ဆောင်ရန် အခက်အခဲ ရှိနိုင်မည့် အဆိုများကို လွှတ်တော်တွင် တင်သွင်းမည် ဆိုပါက တိုင်းဒေသကြီးအစိုးရနှင့် တိုင်ပင်၍ တင်စေလိုကြောင်း မကွေးတိုင်းဒေသကြီးဝန် ကြီးချုပ်က ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၁)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအေဝးတွင် ပြောကြားလိုက်သည်။

“အဆိုတိုင်းကို တိုင်းဒေသကြီးနဲ့ ပြည်ထောင်စုအတွက် ကောင်းစေချင်တဲ့ စေတနာမေတ္တာနဲ့ တင်သွင်း ကြတယ် ဆိုတာ အသိအမှတ်ပြုပါတယ်။ အကောင်အထည် ဖော်ရတဲ့နေရာမှာ အခက်အခဲရှိတဲ့
အတွက် ကြောင့် ဥက္ကဋ္ဌကြီးနဲ့တကွ ကိုယ်စားလှယ်တော်ကြီးများ အဆိုတင်မယ်ဆိုရင် ကျွန်တော်တို့အစိုးရနဲ့ တိုင်ပင်ညှိနှိုင်း ပေးစေလိုပါတယ်”ဟု ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက လွှတ်တော်တွင် တက်ရောက်၍ အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြောကြားရင်း ယင်းသို့ မေတ္တာရပ်ခံလိုက်ခြင်းဖြစ်သည်။

ရန်ကုန်နှင့် မန္တလေးတို့တွင်ပင် အချိန်အတွယ်ကိစ္စနှင့် ပတ်သက်၍ တစ်ပဲလျှင် (၇)ရွေးနှင့် (၈)ရွေး သတ်မှတ်ချက် အပေါ် ဆုံးဖြတ်ခြင်း မပြုနိုင်သေးဘဲ အငြင်းပွားနကြေဆဲဖြစ်ကြောင်းနှင့် ထို့အတူ မကွေးတိုင်းတွင်လည်း (၁၆)ပြည် ဆန့် တင်းတောင်းနှင့် ရောင်း/ဝယ်မှုပြုကြရန် ဆောင်ရွက်ခဲ့သော်လည်း ယခုအ ချိန်ထိ (၃)ပြည်မှ (၄)ပြည်ထိအောင် ဆောင်း၍ ရောင်း ဝယ်မှု ပြုကြဆဲဖြစ်နေသည့် အပေါ် ဆောင်ရွက်ရ ခက်ခဲသည့် ကိစ္စရပ်များအဖြစ် ဝန်ကြီးချုပ်က သာဓကပြု၍ နှိုင်းယှဉ်ပြောကြားသွားသည်။

အဆိုပါ အစည်းအဝေးမှ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၏ အစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားမှုကို လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိ မည်ဖြစ်ဟု လွှတ်တော်ဥက္ကဋ္ဌက ကြေညာကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~