တာချီလိတ်မြို့မသုဿန်တွင် ခိုအောင်းနေသည့် မူးယစ်ဆေးသုံးစွဲသူများအားရှင်းလင်းရာ အမျိုးသား (၂)ဦးကို စိတ်ကြွဆေးပြား၊ ဘိန်းဖြူအနည်းငယ်ဖြင့် ဖမ်းမိ

တာချီလိတ်မြို့မသုဿန်တွင် ခိုအောင်းနေသည့် မူးယစ်ဆေးသုံးစွဲသူများအားရှင်းလင်းရာ အမျိုးသား (၂)ဦးကို စိတ်ကြွဆေးပြား၊ ဘိန်းဖြူအနည်းငယ်ဖြင့် ဖမ်းမိ
ဇန်နဝါရီ 5, 2019
By Tachileik News Agency


ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ အရန်မီးသတ်တပ်ဖွဲ့၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ မြို့မသုဿန်ဘေးရှိ သီရိဟံသာဘုန်းတော်ကြီးကျောင်းအနီး မြေကွက်လပ်တွင် နေ့လယ် (၁၂)နာရီခွဲ ဝန်းကျင်က လမ်းလျှောက်လာသည့် အသက်(၃၀)အရွယ် စည်သူစိုးနှင့် အသက် (၄၁)နှစ်အရွယ် အိုက်လုံတို့နှစ်ဦးအား စစ်ဆေးရာ စည်သူစိုး၏ လွယ်အိတ်အတွင်းမှ စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူတို့ကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။


Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မသုဿန်တွင် မူးယစ်ဆေးရောင်းဝယ်သုံးစွဲကြောင်း သတင်းအရ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့၌ ရဲတပ်ဖွဲ့က ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှင်းလင်းရာ အမျိုးသား(၂)ဦးကို စိတ်ကြွဆေးပြား (၁၄)ပြား၊ ဘိန်းဖြူ(၂)ဂရမ်တို့နှင့်အတူ ဖမ်းမိကြောင်း သိရသည်။

ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ အရန်မီးသတ်တပ်ဖွဲ့၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ မြို့မသုဿန်ဘေးရှိ သီရိဟံသာဘုန်းတော်ကြီးကျောင်းအနီး မြေကွက်လပ်တွင် နေ့လယ် (၁၂)နာရီခွဲ ဝန်းကျင်က လမ်းလျှောက်လာသည့် အသက်(၃၀)အရွယ် စည်သူစိုးနှင့် အသက် (၄၁)နှစ်အရွယ် အိုက်လုံတို့နှစ်ဦးအား စစ်ဆေးရာ စည်သူစိုး၏ လွယ်အိ်တ်အတွင်းမှ စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူတို့ကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် စည်သူစိုးနှင့် အိုက်လုံတို့ကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၃/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၆(၈)/၂၁ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့ 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~