ဒိုးဇက်လောင်းကစား ပြုလုပ်သူ အမျိုးသား (၅)ဦးနှင့် အမျိုးသမီး (၁)ဦးကို ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူ

ဒိုးဇက်လောင်းကစား ပြုလုပ်သူ အမျိုးသား (၅)ဦးနှင့် အမျိုးသမီး (၁)ဦးကို ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူ
ဇနျနဝါရီ 9, 2019
By Tachileik News Agency




Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မိတ္ထီလာ - မလှိုင်ကားလမ်းဘေးမှ လောင်းကစားဝိုင်းကို ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၈ )ရက်နေ့ နေ့လယ် (၁၁) နာရီ (၄၅) မိနစ်အချိန်တွင် ဝင်ရောက်ဖမ်းဆီးရာ အမျိုးသား (၅)ဦးနှင့် အမျိုးသမီး (၁)ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

မိတ္ထီလာမြို့ အမှတ်(၂)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သီရိမင်္ဂလာရပ်ကွက်၊ ထီးသုံးဆင့်ဘုရား အနီးတိုက်တန်း၊ မိတ္ထီလာ-မလှိုင်ကားလမ်းဘေး၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ အမျိုးသား (၅)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ ဒိုးဇက် လောင်းကစား ပြုလုပ်နေသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ (၆)ဦးကို လောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ ဖမ်းဆီးပြီး မိတ္ထီလာအမှတ်(၂)နယ်မြေရဲစခန်းတွင် (ပ)၇/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၂(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~