လန်ချန်း - မဲခေါင်အထူး ရန်ပုံငွေဖြင့် အထူးတန်းဝင်ကော်ဖီထုတ်လုပ်မှုသင်တန်း တာချီလိတ်မြို့တွင် ဖွင့်လှစ်

လန်ချန်း - မဲခေါင်အထူး ရန်ပုံငွေဖြင့် အထူးတန်းဝင်ကော်ဖီထုတ်လုပ်မှုသင်တန်း တာချီလိတ်မြို့တွင် ဖွင့်လှစ်
ဇနျနဝါရီ 9, 2019
By Tachileik News Agency


အဆိုပါ သင်တန်းတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ တောင်သူများ တက်ရောက်နေကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီရာသီ သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေတို့က အဖွင့်အမှာစကားပြောကြားကာ သင်တန်းအကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကော်ဖီ ရာသီ သီးနှံဌာနခွဲ ဦးစီးအရာရှိ ဦးဟန်မင်းဦး၊ ဒုဦးစီးမှူးများဖြစ်ကြသည့် ဦးသန်းထွန်းဦး၊ ဦးရန်နိုင်ထွေးတို့က သင်တန်းပို့ချပေးနေခြင်းဖြစ်သည်။

အဆိုပါ သင်တန်းတွင် ကော်ဖီမျိုးများအကြောင်း၊ ရာသီဥတုနှင့် မြေအမျိုးအစား၊ ပျိုးခင်း တည်ထောင်ထိန်းသိမ်းခြင်း၊ စိုက်ပျိုးခြင်း၊ ကိုင်းဖြတ်ပြုပြင်ခြင်းမှနေ၍ ကော်ဖီသီး ခူးဆွတ်၊ ကြိတ်ခွဲ၊ သိုလှောင်ပြီး ဈေးကွက်တင်ပို့သည့် နည်းစနစ်များ အထိကို စာတွေ့လက်တွေ့ သင်ကြား ပေးနေခြင်းဖြစ်သည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

လန်ချန်း - မဲခေါင် အထူးရန်ပုံငွေအထောက်အပံ့ဖြင့် ဖွင့်လှစ်သည့် အထူးတန်းဝင် ကော်ဖီထုတ်လုပ်မှု နည်းပညာ သင်တန်းကို တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့ နံနက်(၉)နာရီမှ စတင်၍ နှစ်ရက်ကြာ ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ တောင်သူများ တက်ရောက်နကြပြေီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီရာသီ သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေတို့က အဖွင့်အမှာစကားပြောကြားကာ သင်တန်းအကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကော်ဖီ ရာသီ သီးနှံဌာနခွဲ ဦးစီးအရာရှိ ဦးဟန်မင်းဦး၊ ဒုဦးစီးမှူးများဖြစ်ကြသည့် ဦးသန်းထွန်းဦး၊ ဦးရန်နိုင်ထွေးတို့က သင်တန်းပို့ချပေးနခြေင်းဖြစ်သည်။

အဆိုပါ သင်တန်းတွင် ကော်ဖီမျိုးများအကြောင်း၊ ရာသီဥတုနှင့် မြေအမျိုးအစား၊ ပျိုးခင်း တည်ထောင်ထိန်းသိမ်းခြင်း၊ စိုက်ပျိုးခြင်း၊ ကိုင်းဖြတ်ပြုပြင်ခြင်းမှနေ၍ ကော်ဖီသီး ခူးဆွတ်၊ ကြိတ်ခွဲ၊ သိုလှောင်ပြီး ဈေးကွက်တင်ပို့သည့် နည်းစနစ်များ အထိကို စာတွေ့လက်တွေ့ သင်ကြား ပေးနခြေင်းဖြစ်သည်။

သင်တန်းတက်ရောက်သူများအား ကော်ဖီမျိုးစေ့၊ ကော်ဖီနည်းပညာပေးလက်စွဲစာအုပ်၊ GAP စိုက်နည်းစနစ်စာအုပ်၊ လက်ကမ်းစာစောင်၊ ကော်ဖီအခွံချွတ်စက်တို့အား ပေးအပ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - စိုက်ပျိုးရေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~