တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္းရပ္ကြက္အတြင္း ဆိုင္ကယ္တစ္စီး ခုိးခံရ

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္းရပ္ကြက္အတြင္း ဆိုင္ကယ္တစ္စီး ခုိးခံရ
ဇန်နဝါရီ 9, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္တြင္းရွိ ေနအိမ္လိုင္းခန္းငွားတြင္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၈)ရက္ေန႔ ညေန (၃)နာရီ အခ်ိန္က ေနအိမ္ေရွ႕၌ ရပ္ထားသည့္ ဆိုင္ကယ္တစ္စီး ေပ်ာက္ဆံုးသြားသျဖင့္ အမႈဖြင့္ တုိင္ၾကားထားေၾကာင္း သိရသည္။

ဆန္ဆုိင္း(က)ရပ္ကြက္ ပလက္တီနမ္စတားဟိုတယ္ အေနာက္ဘက္ရွိ လိုင္းခန္းငွားတြင္ ေနထိုင္သူ မခိုင္ဇာသင္းသည္ အလုပ္မွ ျပန္လာၿပီးေနာက္ ဆိုင္ကယ္အား ေနအိမ္လိုင္းခန္းငွားေရွ႕တြင္ ရပ္တန္႔ထားရာမွ  ဇန္နဝါရီလ (၉)ရက္ေန႔ နံနက္ (၆)နာရီ၌ အဆိုပါ ေနရာ၌ မေတြ႔ရေတာ့သျဖင့္ အမႈဖြင့္တုိင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေပ်ာက္ဆံုးသြားသည့္ ဆိုင္ကယ္အမ်ဳိးအစားမွာ Honda Wave 100 အမ်ဳိးအစား အျပာ/နက္/မီခိုးေရာင္ ျဖစ္ၿပီး၊ ေဘာင္အမွတ္မွာ MLHJA144BE5422481 ႏွင့္  အင္ဂ်င္အမွတ္မွာ IJ144E0422481 ျဖစ္ေၾကာင္းႏွင့္ ယာဥ္အမွတ္မွာ ၃၈ယ/၃၈၇၃၈ ျဖစ္ကာ လိုင္စင္ရွိ ဆိုင္ကယ္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဆုိင္ကယ္ေပ်ာက္ဆံုးမႈႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၃/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၉ (ဆုိင္ကယ္)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလကုန္မွစ၍ ေနအိမ္ခန္းမ်ားေရွ႕၌ ရပ္ထားသည့္ဆုိင္ကယ္မ်ား မၾကာခဏ ေပ်ာက္ဆံုးေနမႈမ်ား ျဖစ္ေပၚေနေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်တွင်းရှိ နေအိမ်လိုင်းခန်းငှါးတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်နေ့ ညနေ (၃)နာရီ အချိန်က နေအိမ်ရှေ့၌ ရပ်ထားသည့် ဆိုင်ကယ်တစ်စီး ပျောက်ဆုံးသွားသဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။

ဆန်ဆိုင်း(က)ရပ်ကွက် ပလက်တီနမ်စတားဟိုတယ် အနောက်ဘက်ရှိ လိုင်းခန်းငှါးတွင် နေထိုင်သူ မခိုင်ဇာသင်းသည် အလုပ်မှ ပြန်လာပြီးနောက် ဆိုင်ကယ်အား နေအိမ်လိုင်းခန်းငှါးရှေ့တွင် ရပ်တန့်ထားရာမှ ဇန်နဝါရီလ (၉)ရက်နေ့ နံနက် (၆)နာရီ၌ အဆိုပါ နေရာ၌ မတွေ့ရတော့သဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးသွားသည့် ဆိုင်ကယ်အမျိုးအစားမှာ Honda Wave 100 အမျိုးအစား အပြာ/နက်/မီခိုးရောင် ဖြစ်ပြီး၊ ဘောင်အမှတ်မှာ MLHJA144BE5422481 နှင့် အင်ဂျင်အမှတ်မှာ IJ144E0422481 ဖြစ်ကြောင်းနှင့် ယာဉ်အမှတ်မှာ ၃၈ယ/၃၈၇၃၈ ဖြစ်ကာ လိုင်စင်ရှိ ဆိုင်ကယ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိုင်ကယ်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (ဆိုင်ကယ်)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်မှစ၍ နေအိမ်ခန်းများရှေ့၌ ရပ်ထားသည့်ဆိုင်ကယ်များ မကြာခဏ ပျောက်ဆုံးနေမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~