တာခ်ီလိတ္ၿမိဳ႕တြင္ ေန႔ခင္းအခ်ိန္ ဆိုင္ကယ္ခိုးယူသြားသူကို တစ္ရက္အၾကာတြင္ ျပန္လည္ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕တြင္ ေန႔ခင္းအခ်ိန္ ဆိုင္ကယ္ခိုးယူသြားသူကို တစ္ရက္အၾကာတြင္ ျပန္လည္ဖမ္းမိ
ဇန်နဝါရီ 22, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ေန႔ခင္းအခ်ိန္ေပ်ာက္သြားသည့္ ဆိုင္ကယ္တစ္စီးကို တစ္ရက္အၾကာတြင္ ဆိုင္ကယ္ခိုးယူသြားသူအား ဆုိင္ကယ္ႏွင့္အတူ ျပန္လည္ဖမ္းဆီးရမိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္ (၅)လမ္းရွိ ေနအိမ္တစ္လံုးေရွ႕တြင္ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၂၀)ရက္ေန႔ နံနက္(၁၁)နာရီ ၀န္းက်င္အခ်ိန္ ဆိုင္ကယ္ရပ္ထားခဲ့ၿပီး ေန႔လယ္(၂)နာရီ ဝန္းက်င္တြင္ျပန္ထြက္လာရာ ဆိုင္ကယ္မွာ ေပ်ာက္ဆံုးေနသည္ကို ေတြ႔ရသျဖင့္ ရဲစခန္းတြင္ အမႈဖြင့္တုိင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဆုိင္ကယ္ေပ်ာက္ဆံုးမႈအား ရဲတပ္ဖြဲ႕က စံုစမ္းေဖၚထုတ္ရာ ဇန္နဝါရီလ (၂၁)ရက္ေန႔ ညေန (၆)နာရီ (၄၅)မိနစ္အခ်ိန္တြင္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ကိုကိုဦး ႏွင့္ တပ္ဖြဲ႔၀င္မ်ား ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔မွ ပုန္းထြန္ရပ္ကြက္၊ ေငြေစတီလမ္းႏွင့္ စိန္ပန္းလမ္းဆံုတြင္ ေအာင္ေအာင္ (ခ) ရာဂ်ားဆိုသူအား ခိုးယူသြားသည့္ ဆုိင္ကယ္ႏွင့္အတူ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၃၃/၂၀၁၉၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၇၉(ဆိုင္ကယ္)ျဖင့္ အမႈဖြင့္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် နေ့ခင်းအချိန်ပျောက်သွားသည့် ဆိုင်ကယ်တစ်စီးကို တစ်ရက်အကြာတွင် ဆိုင်ကယ်ခိုးယူသွားသူအား ဆိုင်ကယ်နှင့်အတူ ပြန်လည်ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် (၅)လမ်းရှိ နေအိမ်တစ်လုံးရှေ့တွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့ နံနက်(၁၁)နာရီ ဝန်းကျင်အချိန် ဆိုင်ကယ်ရပ်ထားခဲ့ပြီး နေ့လယ်(၂)နာရီ ဝန်းကျင်တွင်ပြန်ထွက်လာရာ ဆိုင်ကယ်မှာ ပျောက်ဆုံးနေသည်ကို တွေ့ရသဖြင့် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိုင်ကယ်ပျောက်ဆုံးမှုအား ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ရာ ဇန်နဝါရီလ (၂၁)ရက်နေ့ ညနေ (၆)နာရီ (၄၅)မိနစ်အချိန်တွင် တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကိုကိုဦး နှင့် တပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ ပုန်းထွန်ရပ်ကွက်၊ ငွေစေတီလမ်းနှင့် စိန်ပန်းလမ်းဆုံတွင် အောင်အောင် (ခ) ရာဂျားဆိုသူအား ခိုးယူသွားသည့် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၃၃/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၉(ဆိုင်ကယ်)ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~