နယူးယော့ပြည်နယ်ရှိ နိုင်ယာဂရာရေတံခွန်တွင် ရေများခဲနေခြင်းကြောင့် အလှဓါတ်ပုံရိုက်လိုသူ ခရီးသွားသူများအတွက် အကြိုက်တွေ့

နယူးယော့ပြည်နယ်ရှိ နိုင်ယာဂရာရေတံခွန်တွင် ရေများခဲနေခြင်းကြောင့် အလှဓါတ်ပုံရိုက်လိုသူ ခရီးသွားသူများအတွက် အကြိုက်တွေ့
ဇန်နဝါရီ 25, 2019
By Tachileik News Agency

ကနေဒါနှင့်နယ်စပ် အမေရိကန်ပြည်ထောင်စု၊ နယူးယော့ပြည်နယ်ရှိ နိုင်ယာဂရာရေတံခွန်တွင်  ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလနောက်ဆုံးပတ် အတွင်း ရေများခဲနေရာ ခရီးသွားအများအပြားလာရောက်ပြီး ရေတံခွန်၏ ရေခဲနေသည့် မြင်ကွင်းကို ဓါတ်ပုံရိုက်ကူးနေကြကြောင်း သိရသည်။



Ref: CGTN


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကနေဒါနှင့်နယ်စပ် အမေရိကန်ပြည်ထောင်စု၊ နယူးယော့ပြည်နယ်ရှိ နိုင်ယာဂရာရေတံခွန်တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလနောက်ဆုံးပတ် အတွင်း ရေများခဲနေရာ ခရီးသွားအများအပြားလာရောက်ပြီး ရေတံခွန်၏ ရေခဲနေသည့် မြင်ကွင်းကို ဓာတ်ပုံရိုက်ကူးနကြေကြောင်း သိရသည်။

ရေတံခွန်တစ်ဝိုက်ဒေသတွင် ဇန်နဝါရီလလယ်နှင့် နောက်ဆုံးပတ်များတွင် ၃၂ ဒီဂရီဖာရင်ဟိုက်နှင့် အနိမ့်ဆုံး ၁၅ ဒီဂရီဖာရင်ဟိုက်အထိရှိခဲ့ကာ ဇန်နဝါရီလ (၂၁)ရက်နေ့က အမြင့်ဆုံး ၈ ဒီဂရီဖာရင်ဟိုက်မှ အနုတ်ဒီဂရီအထိ အပူချိန် သုံးရက်ဆက်တိုက် ကျဆင်းခဲ့ပြီးနောက် ရေတံခွန်၏ အစိတ်အပိုင်းအချို့မှာ ခဲသွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ရေတံခွန် ရေခဲသွားသည့်ဖြစ်စဉ်မှာ ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး ၁၈၄၈ ခုနှစ်က နိုင်ယာဂရာရေတံခွန် တစ်ခုလုံး ရေခဲသွားခဲ့ဖူးကြောင်း သိရသည်။

ဘာသာပြန် - ဆာခူရာ ( Tachileik News Agency )
Ref: CGTN
Photo: ingegroot , REUTERS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~