ထုိင္းႏိုင္ငံတြင္ အလုပ္ လုပ္လိုသူမ်ားကို က်ပ္(၁၀)သိန္းစီရယူၿပီး တရားမဝင္ပို႔ေဆာင္ေနသည့္ ရန္ကုန္မွ ခ်င္းမုိင္ကုမၸဏီကို ဖမ္းဆီး

ထုိင္းႏိုင္ငံတြင္ အလုပ္ လုပ္လိုသူမ်ားကို က်ပ္(၁၀)သိန္းစီရယူၿပီး တရားမဝင္ပို႔ေဆာင္ေနသည့္ ရန္ကုန္မွ ခ်င္းမုိင္ကုမၸဏီကို ဖမ္းဆီး
ဇန်နဝါရီ 30, 2019
By Tachileik News Agency

ျပည္ပအလုပ္အကိုင္ရွာေဖြေရးေအဂ်င္စီလုပ္ငန္းလုိင္စင္ မရိွဘဲ တစ္ဦးလွ်င္ ဝန္ေဆာင္ခ က်ပ္(၁၀)သိန္းႏႈန္းျဖင့္ လူေပါင္း (၂၀၀)ေက်ာ္ကို ထုိင္းႏုိင္ငံသို႔ ပို႔ေဆာင္ခဲ့သည့္ ရန္ကုန္တုိင္းေဒသႀကီး၊ ေျမာက္ဥကၠလာပ ၿမိဳ႕နယ္မွ ခ်င္းမုိင္ကုမၸဏီ ျပည္ပအလုပ္အကိုင္ေအဂ်င္စီလုပ္ကိုင္သူမ်ားကို ဖမ္းဆီး လုိက္ၿပီျဖစ္ေၾကာင္း MOEAF က ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၂၉)ရက္ေန႔တြင္ သတင္းထုတ္ျပန္ထားသည္။

အဆိုပါ ကုမၸဏီသည္ အနယ္နယ္အရပ္ရပ္ရိွ ပြဲစားမ်ားႏွင့္ ေပါင္း၍ လူရွာၿပီး ထုိင္းႏုိင္ငံသို႔ တရားမဝင္လမ္းမွ ပို႔ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

"ကြၽန္ေတာ္တို႔ကို ထိုင္းႏိုင္ငံ အုန္းႏို႔ဗူးစက္ရံုမွာ အလုပ္ လုပ္ရမယ္ဆိုၿပီး ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၇)ရက္ေန႔႔မွာ ေျမာက္ဥကၠလာက ခ်င္းမိုင္ကုမၸဏီမွာ စာခ်ဳပ္ ခ်ဳပ္ပါတယ္။ တဦးကို က်ပ္ေငြ (၉၈၀,၀၀၀)စီ ဒါ႐ိုက္တာ ဦးသန္းဝင္းရဲ႕သား ကိုထိန္လင္းေအာင္ကို ေပးခဲ့ရပါတ ယ္။ပင္လံုခန္းမမွာစာခ်ဳပ္သြား ခ်ဳပ္စရာ မလိုဘူး။ ဒီမွာခ်ဳပ္ရင္ရၿပီ အတူတူပဲလို႔ေျပာပါတယ္။ ဒီဇင္ဘာလ(၂၃)ရက္ေန႔မွာ ျမဝတီကို ေခၚသြားၿပီး ျမဝတီမွာ ရက္နည္းနည္းေနရမယ္လုိ႔ ေျပာပါတယ္။ ျမဝတီၿမိဳ႕မွာ (၂၈) ရက္ၾကာတဲ့အထိေစာင့္ခဲ့ရၿပီး ထူးျခားမႈမရိွတဲ့အျပင္ ပြဲစားေတြပံုစံမူမမွန္၍ ရန္ကုန္ျပန္ဆင္းခဲ့ၿပီး MOEAF ရံုးခ်ဳပ္ကို လာေရာက္တိုင္ၾကား အကူအညီေတာင္းခံခဲ့ပါတယ္”ဟု အလိမ္ခံခဲ့ရသူ ေမာင္ၿဖိဳးေဝေအာင္က ေျပာသည္။

အဆိုပါ ကုမၸဏီသည္ ျပည္ပအလုပ္အကိုင္လိုင္စင္မရိွဘဲ လူစုေဆာင္းၿပီး ထုိင္းႏုိင္ငံသို႔ ပို႔ေဆာင္ေပးရာ အလုပ္သမားမ်ားမွာ ျမဝတီၿမိဳ႕တြင္ (၂၈) ရက္မွ (၃)လေက်ာ္အထိ ေနခဲ့ၾကသည့္အျပင္ ထားဝယ္၊ ထီးခီးလမ္းမွ Border pass ျဖင့္ ထိုင္းႏိုင္ငံ ကခ်နပူရီခ႐ိုင္သို႔ ဝင္ေရာက္ေစၿပီးေနာက္ ထုိင္းႏုိင္ငံတြင္း တရားမဝင္ ဝင္ေရာက္အလုပ္လုပ္ကိုင္ေစခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကုမၸဏီက တရားမဝင္ ပို႔ေဆာင္ခံရသည့္ ျမန္မာလုပ္သားမ်ားမွာ ထုိင္းႏိုင္ငံတြင္း ဖမ္းဆီးခံရၿပီး ျပန္လည္ေရာက္ရိွလာၾကရာ MOEAF ၏ အကူအညီျဖင့္ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနႏွင့္အတူ  ေျမာက္ဥကၠလာ ေဝဘာဂီရဲစခန္းတြင္ အမႈဖြင့္တိုင္ၾကားႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ဒီကေလးေတြကို ထီးခီးလမ္းကေနခိုးပို႔ တာေတြ႕ရတယ္။ တခ်ိဳ႕ကေလးေတြရဲ႕စာအုပ္ေတြမွာ work permit ႐ိုက္ထားတာေတြရိွတယ္လို႔ ကေလးေတြကေျပာတယ္။ work permitက ဘယ္ကရမွာတံုး၊ ဒါအတုပဲျဖစ္မယ္ ။စစ္ၾကည့္ရင္ထပ္ေပၚမွာပဲ။ ထပ္စြဲလို႔ရတယ္။ ျမဝတီမွာလည္း (၃)ေနရာေလာက္မွာ လနဲ႔ခ်ီၿပီးထားတယ္။ ဒီေကာင္ေတြလိမ္တာမ်ားေနၿပီ၊ အမႈေတြလည္းမ်ားေနၿပီ “ဟု ျမန္မာျပည္ပအလုပ္အကိုင္ ဝန္ေဆာင္မႈ လုပ္ငန္း႐ွင္မ်ားအဖြဲ႔ခ်ဳပ္(MOEAF)မွ အမႈေဆာင္ ဦးေက်ာ္ထင္ေက်ာ္က ေျပာသည္။

လက္ရွိတြင္ လိမ္လည္ခံရသည့္ လူငယ္ (၄၆)ဦးကို ေနထုိင္ေရးအတြက္ MOEAF က ေဆာင္ရြက္ေပးထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - MOEAF THAI


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလုပ်ငန်းလိုင်စင် မရှိဘဲ တစ်ဦးလျှင် ဝန်ဆောင်ခ ကျပ်(၁၀)သိန်းနှုန်းဖြင့် လူပေါင်း (၂၀၀)ကျော်ကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပ မြို့နယ်မှ ချင်းမိုင်ကုမ္ပဏီ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ကိုင်သူများကို ဖမ်းဆီး လိုက်ပြီဖြစ်ကြောင်း MOEAF က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ကုမ္ပဏီသည် အနယ်နယ်အရပ်ရပ်ရှိ ပွဲစားများနှင့် ပေါင်း၍ လူရှာပြီး ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းမှ ပို့ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ကို ထိုင်းနိုင်ငံ အုန်းနို့ဗူးစက်ရုံမှာ အလုပ် လုပ်ရမယ်ဆိုပြီး ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့မှာ မြောက်ဥက္ကလာက ချင်းမိုင်ကုမ္ပဏီမှာ စာချုပ် ချုပ်ပါတယ်။ တဦးကို ကျပ်ငွေ (၉၈၀,ဝဝဝ)စီ ဒါရိုက်တာ ဦးသန်းဝင်းရဲ့သား ကိုထိန်လင်းအောင်ကို ပေးခဲ့ရပါတ ယ်။ပင်လုံခန်းမမှာစာချုပ်သွား ချုပ်စရာ မလိုဘူး။ ဒီမှာချုပ်ရင်ရပြီ အတူတူပဲလို့ပြောပါတယ်။ ဒီဇင်ဘာလ(၂၃)ရက်နေ့မှာ မြဝတီကို ခေါ်သွားပြီး မြဝတီမှာ ရက်နည်းနည်းနေရမယ်လို့ ပြောပါတယ်။ မြဝတီမြို့မှာ (၂၈) ရက်ကြာတဲ့အထိစောင့်ခဲ့ရပြီး ထူးခြားမှုမရှိတဲ့အပြင် ပွဲစားတွေပုံစံမူမမှန်၍ ရန်ကုန်ပြန်ဆင်းခဲ့ပြီး MOEAF ရုံးချုပ်ကို လာရောက်တိုင်ကြား အကူအညီတောင်းခံခဲ့ပါတယ်”ဟု အလိမ်ခံခဲ့ရသူ မောင်ဖြိုးဝေအောင်က ပြောသည်။

အဆိုပါ ကုမ္ပဏီသည် ပြည်ပအလုပ်အကိုင်လိုင်စင်မရှိဘဲ လူစုဆောင်းပြီး ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးရာ အလုပ်သမားများမှာ မြဝတီမြို့တွင် (၂၈) ရက်မှ (၃)လကျော်အထိ နေခဲ့ကြသည့်အပြင် ထားဝယ်၊ ထီးခီးလမ်းမှ Border pass ဖြင့် ထိုင်းနိုင်ငံ ကချနပူရီခရိုင်သို့ ဝင်ရောက်စပြေီးနောက် ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီက တရားမဝင် ပို့ဆောင်ခံရသည့် မြန်မာလုပ်သားများမှာ ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရပြီး ပြန်လည်ရောက်ရှိလာကြရာ MOEAF၏ အကူအညီဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့်အတူ မြောက်ဥက္ကလာ ဝေဘာဂီရဲစခန်းတွင် အမှုဖွင့်တိုင်ကြားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဒီကလေးတွေကို ထီးခီးလမ်းကနေခိုးပို့ တာတွေ့ရတယ်။ တချို့ကလေးတွေရဲ့စာအုပ်တွေမှာ work permit ရိုက်ထားတာတွေရှိတယ်လို့ ကလေးတွေကပြောတယ်။ work permitက ဘယ်ကရမှာတုံး၊ ဒါအတုပဲဖြစ်မယ်။စစ်ကြည့်ရင်ထပ်ပေါ်မှာပဲ။ ထပ်စွဲလို့ရတယ်။ မြဝတီမှာလည်း (၃)နေရာလောက်မှာ လနဲ့ချီပြီးထားတယ်။ ဒီကောင်တွေလိမ်တာများနပြေီ၊ အမှုတွေလည်းများနပြေီ “ဟု မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)မှ အမှုဆောင် ဦးကျော်ထင်ကျော်က ပြောသည်။

လက်ရှိတွင် လိမ်လည်ခံရသည့် လူငယ် (၄၆)ဦးကို နေထိုင်ရေးအတွက် MOEAF က ဆောင်ရွက်ပေးထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - MOEAF THAI

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~