ေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြျဖင့္ လုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ ျပည္သူထည့္၀င္ေငြမ်ား ပါ၀င္လာေစရန္ စည္းရံုးေဆာင္ရြက္သင့္ေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး တိုက္တြန္း

ေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြျဖင့္ လုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ ျပည္သူထည့္၀င္ေငြမ်ား ပါ၀င္လာေစရန္ စည္းရံုးေဆာင္ရြက္သင့္ေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး တိုက္တြန္း
ဇန်နဝါရီ 8, 2019
By Tachileik News Agency

ေက်းလက္ေဒသမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လႊတ္ေတာ္မွ ခ်ထားေပးသည့္ ေဒသဖြံ႕ၿဖိဳးရန္ပံုေငြမ်ားျဖင့္ လုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ ျပည္သူထည့္၀င္ေငြမ်ား ပါ၀င္လာေစရန္ စည္းရံုးေဆာင္ရြက္သင့္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက ေျပာၾကားသည္။

“ျပည္သူ လူထုထည့္၀င္ေငြ ေပါ့ေနာ္။ ဒါေလးကိုလည္း ရပ္ရြာအေနနဲ႔ စည္းရံူးေစခ်င္ပါတယ္”ဟု ဇန္န၀ါရီလ (၈)ရက္ေန႔တြင္ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္စုေပါင္းရံုးတြင္ ျပဳလုပ္သည့္ လႊတ္ေတာ္ရန္ပံုေငြ က်ပ္သိန္း ( ၁,၀၀၀ )ေပးအပ္ပြဲ အခမ္းအနား၌ ေျပာၾကားခဲ့သည္။

ျပည္သူလူထု ထည့္၀င္ေငြတြင္ ေငြေၾကးသာမက ရပ္ရြာလူထု၏ လုပ္အားထည့္၀င္မႈ၊ လုပ္ငန္းရွင္မ်ား၏ ပစၥည္း ထည့္၀င္မႈမ်ား ပါ၀င္လာေစလိုေၾကာင္း၊ ယင္းသို႔ ပါ၀င္လာပါက လုပ္ငန္းမ်ား လ်င္ျမန္စြာ ၿပီးစီး ႏိုင္ေၾကာင္း သူက ဆိုသည္။

“ကၽြန္ေတာ္တို႔ ဒီသိန္း (၅၀)နဲ႔ အလုပ္ လုပ္လို႔မရဘူး။ ရြာေတြက အာမခံလို ကၽြန္ေတာ္တို႔ေပးလိုက္တယ္။ တစ္ခ်ိဳ႕ရြာေတြဆို ဟိုဘက္ထိပ္ထိ ရြာလမ္းေပါက္ေအာင္ ခင္းပါမယ္ေျပာတယ္။ ဒါေပမယ့္မခင္းဘူး”ဟု  ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က လႊတ္ေတာ္ရန္ပံုေငြ ခ်ထားေပးရာတြင္ ႀကံဳေတြ႕ရသည့္ အခက္အခဲကို ေျပာျပသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရိွ ရပ္ကြက္၊ ေက်းရြာအုပ္စုမ်ားတြင္ ေဆာင္ရြက္ရမည့္ ေရရရိွေရးလုပ္ငန္း ၅ ခု အတြက္ က်ပ္သိန္း (၂၅၀)၊ ေက်းလက္လမ္း၊ တံတားလုပ္ငန္း (၁၅)ခုအတြက္ က်ပ္သိန္း (၇၄၀)၊ အေထြေထြ အသံုးစရိတ္ က်ပ္(၁၀)သိန္းျဖင့္ က်ပ္သိန္း (၁,၀၀၀)ကို သက္ဆိုင္ရာ တာ၀န္ရိွသူမ်ားကို ေပးအပ္ခဲ့ျခင္းျဖစ္သည္။

“ဒီေငြေၾကးသည္ မိမိရပ္ရြာအတြင္းမွာ မိမိရဲ႕အိမ္ေရွ႕အေရာက္ လုပ္ရမယ့္ လုပ္ငန္းစဥ္။ လမ္း၊ တံတား လုပ္ငန္းေတြမွာ မိဘျပည္သူမ်ားကေနၿပီးေတာ့မွ အားခြန္တစိုက္ က်ိဳးစားေဆာင္ရြက္ေပးဖို႔၊ မွန္မွန္ ကန္ကန္ ျဖစ္ဖို႔၊ ဒုတိယတခ်က္က ေကာင္းေကာင္းမြန္မြန္နဲ႔ သက္မွတ္ထားတဲ့ စံခ်ိန္စံညႊန္းမွီဖို႔ ေမတၱာရပ္ခံအပ္ပါတယ္”ဟု  ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌး၀င္းက ဆိုသည္။

လႊတ္ေတာ္ဖြံ႕ၿဖိဳးေရးရန္ပံုေငြျဖင့္ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ သက္မွတ္အရည္အေသြး မျပည့္မီျခင္း၊ ေငြေၾကးအလြဲသံုးစားမႈမ်ား မျဖစ္ေပၚေစရန္ႏွင့္ တင္ျပထားသည့္ လုပ္ငန္းမ်ား ရာႏႈန္းျပည့္မီေရး အတြက္ ျပည္သူလူထု ပူးေပါင္း ပါ၀င္လာေစရန္ ေဆာင္ရြက္ေစလိုေၾကာင္း သူကေျပာသည္။

“ကြ်န္ေတာ္ ရပ္/ေက်းေတြကို မွာခ်င္တာကေတာ့ အုပ္ခ်ဳပ္ေရးမွဴး၊ စာေရး ႏွစ္ေယာက္ထဲ မလုပ္ပါနဲ႔။ အုပ္ခ်ဳပ္ေရးမွဴး ေငြမကိုင္ပါနဲ႔။ ေကာ္မတီဖြဲ႕ၿပီးေတာ့ ရပ္ရြာကေလးစားရတဲ့ သူေတြနဲ႔ ဘ႑ာေရးမွဴး ခန္႔ၿပီး ေဆာင္ရြက္ပါ။ စာရင္းစစ္ခံႏိုင္ဖို႔လိုပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တိုက္တြန္းေျပာၾကားသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြက္ ေဒသဖြံ႕ၿဖဳိးေရးလုပ္ငန္းမ်ား ေဆာင္ရြက္ႏိုင္ရန္အတြက္ ျပည္ေထာင္စု လႊတ္ေတာ္ ဖြံ႔ၿဖဳိးေရးလုပ္ငန္းဗဟိုေကာ္မတီမွ က်ပ္သိန္း(၁၀၀၀)အား ခ်ေပးလာရာတြင္ တာခ်ီလိတ္၊ တာေလ ႏွင့္ က်ဳိင္းလပ္ၿမိဳ႕တို႔ရွိ ေက်းရြာအုပ္စုႏွင့္ ေက်းရြာမ်ား၌ ေဆာင္ရြက္ရမည့္ ေရသြယ္ယူျခင္း လမ္းခင္းျခင္း လုပ္ငန္း စုစုေပါင္း (၂၀)ပါ၀င္ ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ဆန္းၿဖဳိးထြန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်မှ ချထားပေးသည့် ဒေသဖွံ့ဖြိုးရန်ပုံငွေများဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူထည့်ဝင်ငွေများ ပါဝင်လာစေရန် စည်းရုံးဆောင်ရွက်သင့်ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောကြားသည်။

“ပြည်သူ လူထုထည့်ဝင်ငွေ ပေါ့နော်။ ဒါလေးကိုလည်း ရပ်ရွာအနေနဲ့ စည်းရူံးစေချင်ပါတယ်”ဟု ဇန်နဝါရီလ (၈)ရက်နေ့တွင် တာချီလိတ်ခရိုင်/မြို့နယ်စုပေါင်းရုံးတွင် ပြုလုပ်သည့် လွှတ်တော်ရန်ပုံငွေ ကျပ်သိန်း ( ၁,ဝဝဝ )ပေးအပ်ပွဲ အခမ်းအနား၌ ပြောကြားခဲ့သည်။

ပြည်သူလူထု ထည့်ဝင်ငွေတွင် ငွေကြေးသာမက ရပ်ရွာလူထု၏ လုပ်အားထည့်ဝင်မှု၊ လုပ်ငန်းရှင်များ၏ ပစ္စည်း ထည့်ဝင်မှုများ ပါဝင်လာစေလိုကြောင်း၊ ယင်းသို့ ပါဝင်လာပါက လုပ်ငန်းများ လျင်မြန်စွာ ပြီးစီး နိုင်ကြောင်း သူက ဆိုသည်။

“ကျွန်တော်တို့ ဒီသိန်း (၅၀)နဲ့ အလုပ် လုပ်လို့မရဘူး။ ရွာတွေက အာမခံလို ကျွန်တော်တို့ပေးလိုက်တယ်။ တစ်ချို့ရွာတွေဆို ဟိုဘက်ထိပ်ထိ ရွာလမ်းပေါက်အောင် ခင်းပါမယ်ပြောတယ်။ ဒါပေမယ့်မခင်းဘူး”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က လွှတ်တော်ရန်ပုံငွေ ချထားပေးရာတွင် ကြုံတွေ့ရသည့် အခက်အခဲကို ပြောပြသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ဆောင်ရွက်ရမည့် ရေရရှိရေးလုပ်ငန်း ၅ ခု အတွက် ကျပ်သိန်း (၂၅၀)၊ ကျေးလက်လမ်း၊ တံတားလုပ်ငန်း (၁၅)ခုအတွက် ကျပ်သိန်း (၇၄၀)၊ အထွေထွေ အသုံးစရိတ် ကျပ်(၁၀)သိန်းဖြင့် ကျပ်သိန်း (၁,ဝဝဝ)ကို သက်ဆိုင်ရာ တာဝန်ရှိသူများကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“ဒီငွေကြေးသည် မိမိရပ်ရွာအတွင်းမှာ မိမိရဲ့အိမ်ရှေ့အရောက် လုပ်ရမယ့် လုပ်ငန်းစဉ်။ လမ်း၊ တံတား လုပ်ငန်းတွေမှာ မိဘပြည်သူများကနပြေီးတော့မှ အားခွန်တစိုက် ကျိုးစားဆောင်ရွက်ပေးဖို့၊ မှန်မှန် ကန်ကန် ဖြစ်ဖို့၊ ဒုတိယတချက်က ကောင်းကောင်းမွန်မွန်နဲ့ သက်မှတ်ထားတဲ့ စံချိန်စံညွှန်းမှီဖို့ မေတ္တာရပ်ခံအပ်ပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းက ဆိုသည်။

လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွဖြေင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်မှတ်အရည်အသွေး မပြည့်မီခြင်း၊ ငွေကြေးအလွဲသုံးစားမှုများ မဖြစ်ပေါ်စေရန်နှင့် တင်ပြထားသည့် လုပ်ငန်းများ ရာနှုန်းပြည့်မီရေး အတွက် ပြည်သူလူထု ပူးပေါင်း ပါဝင်လာစေရန် ဆောင်ရွက်စေလိုကြောင်း သူကပြောသည်။

“ကျွန်တော် ရပ်/ကျေးတွေကို မှာချင်တာကတော့ အုပ်ချုပ်ရေးမှူး၊ စာရေး နှစ်ယောက်ထဲ မလုပ်ပါနဲ့။ အုပ်ချုပ်ရေးမှူး ငွေမကိုင်ပါနဲ့။ ကော်မတီဖွဲ့ပြီးတော့ ရပ်ရွာကလေးစားရတဲ့ သူတွေနဲ့ ဘဏ္ဍာရေးမှူး ခန့်ပြီး ဆောင်ရွက်ပါ။ စာရင်းစစ်ခံနိုင်ဖို့လိုပါတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တိုက်တွန်းပြောကြားသည်။

တာချီလိတ်မြို့နယ်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု လွှတ်တော် ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကော်မတီမှ ကျပ်သိန်း(၁၀၀၀)အား ချပေးလာရာတွင် တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ်မြို့တို့ရှိ ကျေးရွာအုပ်စုနှင့် ကျေးရွာများ၌ ဆောင်ရွက်ရမည့် ရေသွယ်ယူခြင်း လမ်းခင်းခြင်း လုပ်ငန်း စုစုပေါင်း (၂၀)ပါဝင် ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~