ေငြေၾကးကိစၥျဖင့္ တရုတ္ႏုိင္ငံမွ အလိုရွိေနသည့္ တရားခံေျပးကို ရန္ကုန္ေလဆိပ္တြင္ ဖမ္းမိ၍ တရုတ္ႏိုင္ငံသို႔ ျပန္လည္လႊဲေျပာင္း ေပးရန္ စီစဥ္ေန

ေငြေၾကးကိစၥျဖင့္ တရုတ္ႏုိင္ငံမွ အလိုရွိေနသည့္ တရားခံေျပးကို ရန္ကုန္ေလဆိပ္တြင္ ဖမ္းမိ၍ တရုတ္ႏိုင္ငံသို႔ ျပန္လည္လႊဲေျပာင္း ေပးရန္ စီစဥ္ေန
ဇန်နဝါရီ 27, 2019
By Tachileik News Agency

တရုတ္ႏုိင္ငံမွ တရားခံေျပးအမ်ိဳးသားတစ္ဦးကို မဂၤလာဒံုၿမိဳ႕နယ္၊ ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္တြင္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၂၆)ရက္ေန႔ ညေန (၆)နာရီ (၅၀)မိနစ္က ဖမ္းဆီးရမိထားၿပီး တရုတ္နုိင္ငံသို႔ ျပန္လည္လႊဲေျပာင္းေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံသား အသက္ (၅၆)ႏွစ္အရြယ္ Liang Xiaolei သည္ တရုတ္ႏိုင္ငံ ႏိုင္းဘို ၿမိဳ႕၊ ဂုန္းရႊင္ရပ္ကြက္ စီမံခန္႔ခြဲေရးေကာ္မတီက ေပးေခ်သည့္ ေျမယာျပန္ဝယ္ယူရန္ ယြမ္သိန္း (၆၀) ေက်ာ္အတြက္ ဝင္ေငြခြန္ယြမ္(၁၀) သိန္း ေက်ာ္ ေပးေဆာင္ရန္ ပ်က္ကြက္ခဲ့၍ ႏိုင္းဘိုၿမိဳ႕တရား႐ုံးမွ ဖမ္းဝရမ္း ထုတ္ဆင့္ထားသူ တရားခံေျပး ျဖစ္ေၾကာင္း သိရသည္။

၎အား  ၂၀၁၈ခုႏွစ္၊ ဒီဇင္ဘာ (၂၀) ရက္ေန႔တြင္ အင္တာပိုလ္၏ အနီေရာင္အဆင့္ ဖမ္းဝရမ္း ထုတ္ျပန္ထားျခင္းျဖစ္ၿပီး ၎အား ဖမ္းဆီးေပးရန္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးကလည္း ေမတၱာရပ္ခံ ထားျခင္းျဖစ္ေၾကာင္း သိရသည္။

Liang Xiaolei သည္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၉) ရက္ေန႔တြင္ ေဟာင္ေကာင္မွ ရန္ကုန္ေလဆိပ္သို႔ ေရာက္ရွိလာျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံမွ ထိုင္းႏိုင္ငံ သုဝဏၰဘူမိေလဆိပ္သို႔ ထိုင္းေလေၾကာင္းလိုင္းျဖင့္ ျပန္လည္ ထြက္ခြာရန္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ေရာက္ရွိလာစဥ္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရသည္။

၎အား မဂၤလာဒုံၿမိဳ႕မရဲစခန္း၌ ခ်ဳပ္ေႏွာင္ထားရွိကာ တ႐ုတ္ႏိုင္ငံသို႔ ျပန္လည္လႊဲေျပာင္းႏိုင္ေရး စီစဥ္လ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တရုတ်နိုင်ငံမှ တရားခံပြေးအမျိုးသားတစ်ဦးကို မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့ ညနေ (၆)နာရီ (၅၀)မိနစ်က ဖမ်းဆီးရမိထားပြီး တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသား အသက် (၅၆)နှစ်အရွယ် Liang Xiaolei သည် တရုတ်နိုင်ငံ နိုင်းဘို မြို့၊ ဂုန်းရွှင်ရပ်ကွက် စီမံခန့်ခွဲရေးကော်မတီက ပေးချေသည့် မြေယာပြန်ဝယ်ယူရန် ယွမ်သိန်း (၆၀) ကျော်အတွက် ဝင်ငွေခွန်ယွမ်(၁၀) သိန်း ကျော် ပေးဆောင်ရန် ပျက်ကွက်ခဲ့၍ နိုင်းဘိုမြို့တရားရုံးမှ ဖမ်းဝရမ်း ထုတ်ဆင့်ထားသူ တရားခံပြေး ဖြစ်ကြောင်း သိရသည်။

၎င်းအား ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ (၂၀) ရက်နေ့တွင် အင်တာပိုလ်၏ အနီရောင်အဆင့် ဖမ်းဝရမ်း ထုတ်ပြန်ထားခြင်းဖြစ်ပြီး၎င်းအား ဖမ်းဆီးပေးရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း မေတ္တာရပ်ခံ ထားခြင်းဖြစ်ကြောင်း သိရသည်။

Liang Xiaolei သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့တွင် ဟောင်ကောင်မှ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့ ထိုင်းလေကြောင်းလိုင်းဖြင့် ပြန်လည် ထွက်ခွာရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအား မင်္ဂလာဒုံမြို့မရဲစခန်း၌ ချုပ်နှောင်ထားရှိကာ တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းနိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~