ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁) တံတားမွ တဆင့္ ဇန္န၀ါရီလ၏ (၁၅)ရက္တာ ကာလအတြင္း ကမၻာလွည့္ ခရီးသည္ (၄၆၀၀)ေက်ာ္ ၀င္ေရာက္

ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁) တံတားမွ တဆင့္ ဇန္န၀ါရီလ၏ (၁၅)ရက္တာ ကာလအတြင္း ကမၻာလွည့္ ခရီးသည္ (၄၆၀၀)ေက်ာ္ ၀င္ေရာက္
ဇန်နဝါရီ 21, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊  ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားမွ တဆင့္ ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီ၏ (၁၅)ရက္တာ ကာလအတြင္း တတိယႏိုင္ငံသား(ကမၻာလွည့္ ခရီးသည္) (၄,၆၀၅)ဦး ျမန္မာႏိုင္ငံအတြင္း၀င္ ေရာက္ခဲ့ၿပီး (၄,၄၁၄)ဦး ထိုင္းႏိုင္ငံဘက္သို႔ ထြက္ခြာခဲ့ေၾကာင္း လဝကဌာနခြဲ(၆) တာခ်ီလိတ္ထံက သိရသည္။

တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားမွ တဆင့္ ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီ(၁)ရက္ေန႔မွ (၁၅)ရက္ေန႔အထိ ၀င္ထြက္သြားလာခဲ့ၾကျခင္း ျဖစ္သည္။

အဆိုပါ ကာလတြင္ ျမန္မာႏိုင္ငံသား (၁၁၂,၆၀၇)ဦး ထိုင္းႏိုင္ငံဖက္သို႔ ထြက္ခြာခဲ့ၿပီး (၁၁၁,၀၄၇)ဦး ျမန္မာႏိုင္ငံဖက္သို႔ ျပန္လည္ ၀င္ေရာက္ခဲ့ေၾကာင္း၊ ထိုင္းႏိုင္ငံသား (၄၈,၇၃၂)ဦး ျမန္မာႏိုင္ငံအတြင္း ၀င္ေရာက္ခဲ့ၿပီး ထိုင္းႏိုင္ငံဖက္သို႔ (၅၀,၀၃၆)ဦး ျပန္လည္ထြက္ခြာခဲ့ေၾကာင္း၊ လာအိုႏိုင္ငံသား(၁၅၀)ဦး ျမန္မာႏိုင္ငံအတြင္း ၀င္ေရာက္ခဲ့ၿပီး (၁၄၉)ဦး ထိုင္းႏိုင္ငံဖက္သို႔ ျပန္လည္ထြက္ခြာခဲ့ေၾကာင္း လဝကဌာနခြဲ(၆) တာခ်ီလိတ္၏  စာရင္းမ်ားအရ သိရသည္။

“ကြ်န္ေတာ္တို႔ ဒီတံတားမွာက ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးအရ ထိုင္းႏိုင္ငံသားကို ႏိုင္ငံျခားသားစာရင္း မထည့္ဘူး။ သူတို႔က ေန႔စဥ္ ျဖတ္သန္းေနၾကတာ၊ အျခားႏိုင္ငံက လူေတြကို တတိယႏိုင္ငံသားလို႔ သံုးတယ္။ အဲဒါေၾကာင့္ ဟိုတယ္ခရီးက စာရင္းေတြနဲ႔ မတူဘူး။ သူတို႔က ျမန္မာႏိုင္ငံသားမဟုတ္ရင္ အကုန္ႏိုင္ငံျခားသား စာရင္းေအာက္ ထည့္လိုက္တာ”ဟု လဝကဌာနခြဲ(၆) တာခ်ီလိတ္မွ တာ၀န္ရိွသူတစ္ဦးက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတား (၂)စင္း ရွိသည့္အနက္ အမွတ္(၁)တံတားအား ႏိုင္ငံျခားသားႏွင့္ ျမန္မာႏုိင္ငံသားမ်ား သြားလာ၀င္ထြက္ျခင္း ႏွင့္အတူ အိမ္သံုးကားမ်ား၊ ေက်ာင္းႀကိဳပို႔ ကားမ်ားႏွင့္ တစ္ႏိုင္တစ္ပိုင္ ပစၥည္းသယ္ေဆာင္မႈမ်ားအတြက္ အသံုးျပဳၿပီး အမွတ္(၂)တံတားအား ကုန္သြယ္ေရးအတြက္ အဓိက သီးသန္႔ အသံုးျပဳသည္။

သတင္း - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~


မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားမှ တဆင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ၏ (၁၅)ရက်တာ ကာလအတွင်း တတိယနိုင်ငံသား(ကမ္ဘာလှည့် ခရီးသည်) (၄,၆၀၅)ဦး မြန်မာနိုင်ငံအတွင်းဝင် ရောက်ခဲ့ပြီး (၄,၄၁၄)ဦး ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာခဲ့ကြောင်း လဝကဌာနခွဲ(၆) တာချီလိတ်ထံက သိရသည်။

တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားမှ တဆင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ဝင်ထွက်သွားလာခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ကာလတွင် မြန်မာနိုင်ငံသား (၁၁၂,၆၀၇)ဦး ထိုင်းနိုင်ငံဖက်သို့ ထွက်ခွာခဲ့ပြီး (၁၁၁,ဝ၄၇)ဦး မြန်မာနိုင်ငံဖက်သို့ ပြန်လည် ဝင်ရောက်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံသား (၄၈,၇၃၂)ဦး မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံဖက်သို့ (၅၀,ဝ၃၆)ဦး ပြန်လည်ထွက်ခွာခဲ့ကြောင်း၊ လာအိုနိုင်ငံသား(၁၅၀)ဦး မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့ပြီး (၁၄၉)ဦး ထိုင်းနိုင်ငံဖက်သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း လဝကဌာနခွဲ(၆) တာချီလိတ်၏ စာရင်းများအရ သိရသည်။

“ကျွန်တော်တို့ ဒီတံတားမှာက နှစ်နိုင်ငံချစ်ကြည်ရေးအရ ထိုင်းနိုင်ငံသားကို နိုင်ငံခြားသားစာရင်း မထည့်ဘူး။ သူတို့က နေ့စဉ် ဖြတ်သန်းနကြေတာ၊ အခြားနိုင်ငံက လူတွေကို တတိယနိုင်ငံသားလို့ သုံးတယ်။ အဲဒါကြောင့် ဟိုတယ်ခရီးက စာရင်းတွေနဲ့ မတူဘူး။ သူတို့က မြန်မာနိုင်ငံသားမဟုတ်ရင် အကုန်နိုင်ငံခြားသား စာရင်းအောက် ထည့်လိုက်တာ”ဟု လဝကဌာနခွဲ(၆) တာချီလိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား (၂)စင်း ရှိသည့်အနက် အမှတ်(၁)တံတားအား နိုင်ငံခြားသားနှင့် မြန်မာနိုင်ငံသားများ သွားလာဝင်ထွက်ခြင်း နှင့်အတူ အိမ်သုံးကားများ၊ ကျောင်းကြိုပို့ ကားများနှင့် တစ်နိုင်တစ်ပိုင် ပစ္စည်းသယ်ဆောင်မှုများအတွက် အသုံးပြုပြီး အမှတ်(၂)တံတားအား ကုန်သွယ်ရေးအတွက် အဓိက သီးသန့် အသုံးပြုသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~