Writen by
Tachileik News Agency
11:41:00 AM
-
0
Comments
မေကြးတိုင္းေဒသႀကီး အတြင္းသို႔ အေထာက္အထားမဲ့ တရားမဝင္ ဝင္ေရာက္လာသည့္ ဘဂၤါလီလူမ်ိဳး(၄)ဦးကို ဇန္ဝါရီလ(၂၄)ရက္ေန႔က တစ္ပတ္အတြင္း ဒုတိယအႀကိမ္ေျမာက္အျဖစ္ ဖမ္းဆီး ရမိေၾကာင္း ေရနံမ နယ္ေျမရဲစခန္းမွ သိရသည္။ဇန္ဝါရီလ(၁၉)ရက္ေန႔က မေကြးတိုင္း မင္းတုန္းၿမိဳ႕နယ္အတြင္း အေထာက္အထားမဲ့ တရားမဝင္ ဝင္ေရာက္လာသည့္ ဘဂၤါလီလူမ်ိဳး(၁၅)ဦးအား ကားျဖင့္ တင္ေဆာင္လာသည့္ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္ (၆)ဦးႏွင့္အတူ ဖမ္းဆီးႏိုင္ခဲ့ၿပီးေနာက္ ဘဂၤါလီလူမ်ိဳး(၄)ဦးကို ထပ္မံ ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ ေၾကာင္း သိရသည္။
ရဲတပ္ဖြဲ႕သည္ သတင္းအရ ကန္တုတ္ေက်းရြာလမ္းဆံု၊ ႔ ပုသိမ္-မံုရြာ ကားလမ္းေပၚရိွ ဘန္႔ျပင္ေက်းရြာ လမ္းေပါက္တို႔တြင္ နံနက္(၇)နာရီအခ်ိန္မွစ၍ ပိတ္ဆို႔စစ္ေဆးရွာေဖြမႈမ်ား ျပဳလုပ္စဥ္ ေန႔လယ္(၁၂)နာရီခဲြ အခ်ိန္ခန္႔တြင္ ေက်ာက္ထပ္ေက်းရြာအေနာက္ ေတာင္ဘက္ (၁)မိုင္ခန္႔အကြာ ေတာထဲ၌ မသကၤာဖြယ္ လူစိမ္းမ်ား ေရာက္ရိွေနေၾကာင္း သတင္းအရ အေထာက္အထားမဲ့ တရားမဝင္ ဝင္ေရာက္လာသည့္ ဘဂၤါလီလူမ်ိဳး အမ်ိဳးသား (၄)ဦးကို သြားေရာက္ ဖမ္း ဆီးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဖမ္းဆီးရမိသူမ်ားအား မင္းလွၿမိဳ႕နယ္ရဲတပ္ဖဲြ႔ႏွင့္ မင္းလွၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာနမွ တာဝန္ရိွသူမ်ား ပူးေပါင္း၍ စစ္ေဆးမႈမ်ား လုပ္ေဆာင္ လွ်က္ရိွေၾကာင္း သိရသည္။
သတင္း - ဖီးနစ္
ဓာတ္ပံု - ရဲတပ္ဖဲြ႔
မကွေးတိုင်းဒေသကြီး အတွင်းသို့ အထောက်အထားမဲ့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုး(၄)ဦးကို ဇန်ဝါရီလ(၂၄)ရက်နေ့က တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ဖမ်းဆီး ရမိကြောင်း ရေနံမ နယ်မြေရဲစခန်းမှ သိရသည်။
ဇန်ဝါရီလ(၁၉)ရက်နေ့က မကွေးတိုင်း မင်းတုန်းမြို့နယ်အတွင်း အထောက်အထားမဲ့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုး(၁၅)ဦးအား ကားဖြင့် တင်ဆောင်လာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၆)ဦးနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ပြီးနောက် ဘင်္ဂါလီလူမျိုး(၄)ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
ရဲတပ်ဖွဲ့သည် သတင်းအရ ကန်တုတ်ကျေးရွာလမ်းဆုံ၊့ ပုသိမ်-မုံရွာ ကားလမ်းပေါ်ရှိ ဘန့်ပြင်ကျေးရွာ လမ်းပေါက်တို့တွင် နံနက်(၇)နာရီအချိန်မှစ၍ ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ ပြုလုပ်စဉ် နေ့လယ်(၁၂)နာရီခွဲ အချိန်ခန့်တွင် ကျောက်ထပ်ကျေးရွာအနောက် တောင်ဘက် (၁)မိုင်ခန့်အကွာ တောထဲ၌ မသင်္ကာဖွယ် လူစိမ်းများ ရောက်ရှိနေကြောင်း သတင်းအရ အထောက်အထားမဲ့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုး အမျိုးသား (၄)ဦးကို သွားရောက် ဖမ်း ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများအား မင်းလှမြို့နယ်ရဲတပ်ဖွဲ့နှင့် မင်းလှမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ စစ်ဆေးမှုများ လုပ်ဆောင် လျှက်ရှိကြောင်း သိရသည်။
သတင်း - ဖီးနစ်
ဓာတ်ပုံ - ရဲတပ်ဖွဲ့
No comments
Post a Comment
Note: Only a member of this blog may post a comment.