လြိဳင္ေကာ္တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ စိုက္ထူ ထားရွိမည္ကို လူငယ္အဖြဲ႔အစည္းမ်ားက ကန္႔ကြက္ ဆႏၵထုတ္ေဖာ္

လြိဳင္ေကာ္တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ စိုက္ထူ ထားရွိမည္ကို လူငယ္အဖြဲ႔အစည္းမ်ားက ကန္႔ကြက္ ဆႏၵထုတ္ေဖာ္
ဇန်နဝါရီ 31, 2019
By Tachileik News Agency

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ရွိ ကႏၶာေဟ၀န္ပန္းၿခံအတြင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ စိုက္ထူ ထားရွိမည့္ ကိစၥႏွင့္ ပတ္သက္၍ ကရင္နီလူငယ္မ်ားအဖြဲ႔မွ ကြက္ကန္႔ဆႏၵထုတ္ေဖာ္မႈကို ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၃၁)ရက္ေန႔ ညေနပိုင္းက ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

လြိဳင္ေကာ္ၿမိဳ႕သို႔ ဇန္န၀ါရီလ(၂၉)ရက္ေန႔က ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္အား သယ္ေဆာင္ ေရာက္ရွိလာရာ တြင္လည္း ကယားျပည္နယ္တြင္းရွိ လူငယ္အဖြဲ႔အစည္းမ်ားက ကန္႔ကြက္ခဲ့ၾကၿပီးေနာက္ ဇန္န၀ါရီလ(၃၁)ရက္ေန႔တြင္ ဗို္လ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ စိုက္ထူထားရွိမည္ျဖစ္ရာ ကရင္နီလူငယ္မ်ားမွ ပိတ္ဆို႔ ဆႏၵျပေနၾကသည့္အတြက္ ရဲတပ္ဖြဲ႔မွ အင္အားမ်ားသံုးကာ ပိတ္ဆို႔ထားလ်က္ရွိေၾကာင္း သိရသည္။

ကယားျပည္နယ္တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ထားရွိရန္ ၂၀၁၈ခုႏွစ္က ျပည္နယ္အစိုးရအဖြဲ႔မွ ဦးေဆာင္ၿပီး လုပ္ေဆာင္ခဲ့ရာတြင္ ေဒသခံတစ္ခ်ဳိ႕ႏွင့္ ကရင္နီလူငယ္မ်ား၏ ကန္႔ကြက္ ဆႏၵျပခဲ့ေသာေၾကာင့္ လူငယ္(၂၃)ဦး ၿငိမ္စုစီပုဒ္မ ၁၉ ႏွင့္ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅(ခ)(ဂ)တို႕ျဖင့္ တရားရင္ဆိုင္ေနရဆဲျဖစ္ေၾကာင္း ႏွင့္္ အဆိုပါ ေၾကးရုပ္ထားရွိရန္ ေအာက္ေျခေဖာင္ေဒးရွင္းကိုသာ တည္ေဆာက္ခဲ့ၿပီး ေၾကးရုပ္ထားရွိေရးအား ယာယီရပ္ဆိုင္းထားရန္ ျပည္နယ္၀န္ႀကီးခ်ဳပ္က သေဘာတူ ထားေၾကာင္းလည္း သိရသည္။

ကႏၶာေဟ၀န္ပန္းၿခံအတြင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ စိုက္ထူထားရွိမည့္ ကိစၥႏွင့္ ပတ္သက္၍ တည္ေဆာင္မႈအား ရပ္တန္႔ထားေပးၿပီး ျပည္သူလူထု၏ သေဘာထားဆႏၵျပဳႏိုင္ရန္ မဲပံုးျပဳလုပ္၍ သေဘာထားရယူေပးရန္ကိုလည္း အဆိုပါ လူငယ္မ်ားက ေတာင္းဆိုထားၾကသည္။

လြိဳင္ေကာ္ၿမိဳ႕ ကႏၶာေဟ၀န္ပန္းျခံ႐ွိ ​ေဖာင္​​ေဒး႐ွင္​း​ေပၚ၌ ဇန္​နဝါရီလ (၃၁)ရက္​​ေန႔ ည​ေနပိုင္​းတြင္​ ဗိုလ္ခ်ဳပ္ေၾကးရုပ္ကို အၿပီး ဆက္လက္စိုက္​ထူသြားရန္​ လုပ္​​ေဆာင္​​ေနၿပီး လူငယ္​မ်ား အ​ေနျဖင္​့ ပိုမိုျပင္​းထန္​စြာ ဆက္​လက္​ကန္​႔ကြက္သြားၾကမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကန္ဓာဟေဝန်ပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူ ထားရှိမည့် ကိစ္စနှင့် ပတ်သက်၍ ကရင်နီလူငယ်များအဖွဲ့မှ ကွက်ကန့်ဆန္ဒထုတ်ဖော်မှုကို ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့ ညနေပိုင်းက ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

လွိုင်ကော်မြို့သို့ ဇန်နဝါရီလ(၂၉)ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား သယ်ဆောင် ရောက်ရှိလာရာ တွင်လည်း ကယားပြည်နယ်တွင်းရှိ လူငယ်အဖွဲ့အစည်းများက ကန့်ကွက်ခဲ့ကြပြီးနောက် ဇန်နဝါရီလ(၃၁)ရက်နေ့တွင် ဗို်လ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူထားရှိမည်ဖြစ်ရာ ကရင်နီလူငယ်များမှ ပိတ်ဆို့ ဆန္ဒပြနကြေသည့်အတွက် ရဲတပ်ဖွဲ့မှ အင်အားများသုံးကာ ပိတ်ဆို့ထားလျက်ရှိကြောင်း သိရသည်။

ကယားပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိရန် ၂၀၁၈ခုနှစ်က ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ပြီး လုပ်ဆောင်ခဲ့ရာတွင် ဒေသခံတစ်ချို့နှင့် ကရင်နီလူငယ်များ၏ ကန့်ကွက် ဆန္ဒပြခဲ့သောကြောင့် လူငယ်(၂၃)ဦး ငြိမ်စုစီပုဒ်မ ၁၉ နှင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)(ဂ)တို့ဖြင့် တရားရင်ဆိုင်နေရဆဲဖြစ်ကြောင်း နှင့် အဆိုပါ ကြေးရုပ်ထားရှိရန် အောက်ခြေဖောင်ဒေးရှင်းကိုသာ တည်ဆောက်ခဲ့ပြီး ကြေးရုပ်ထားရှိရေးအား ယာယီရပ်ဆိုင်းထားရန် ပြည်နယ်ဝန်ကြီးချုပ်က သဘောတူ ထားကြောင်းလည်း သိရသည်။

ကန္ဓာဟေဝန်ပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူထားရှိမည့် ကိစ္စနှင့် ပတ်သက်၍ တည်ဆောင်မှုအား ရပ်တန့်ထားပေးပြီး ပြည်သူလူထု၏ သဘောထားဆန္ဒပြုနိုင်ရန် မဲပုံးပြုလုပ်၍ သဘောထားရယူပေးရန်ကိုလည်း အဆိုပါ လူငယ်များက တောင်းဆိုထားကြသည်။

လွိုင်ကော်မြို့ ကန္ဓာဟေဝန်ပန်းခြံရှိ ​ဖောင်​​ဒေးရှင်​း​ပေါ်၌ ဇန်​နဝါရီလ (၃၁)ရက်​​နေ့ ည​နေပိုင်​းတွင်​ ဗိုလ်ချုပ်ကြေးရုပ်ကို အပြီး ဆက်လက်စိုက်​ထူသွားရန်​ လုပ်​​ဆောင်​​နပြေီး လူငယ်​များ အ​နဖြေင်​့ ပိုမိုပြင်​းထန်​စွာ ဆက်​လက်​ကန်​့ကွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~