ထိုင္းႏိုင္ငံ ဘန္ေကာက္တြင္ အလုပ္ လုပ္ကိုင္ေနသူ ျမန္မာအမ်ဳိးသမီးတစ္ဦး ေငြကိုင္မႈျဖင့္ အေၾကာင္းမဲ့ ဖမ္းခံရၿပီး တာခ်ီလိတ္ဘက္သို႔ လႊဲေျပာင္းခံရ

ထိုင္းႏိုင္ငံ ဘန္ေကာက္တြင္ အလုပ္ လုပ္ကိုင္ေနသူ ျမန္မာအမ်ဳိးသမီးတစ္ဦး ေငြကိုင္မႈျဖင့္ အေၾကာင္းမဲ့ ဖမ္းခံရၿပီး တာခ်ီလိတ္ဘက္သို႔ လႊဲေျပာင္းခံရ
ဇန်နဝါရီ 12, 2019
By Tachileik News Agency

ထိုင္းႏိုင္ငံ အတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသည့္ ေရႊ႕ေျပာင္းျမန္မာႏိုင္ငံသား  (၂၂)ဦးအား ဇန္န၀ါရီလ (၁၂)ရက္ေန႔ ေန႔လည္ပိုင္းက လႊဲေျပာင္း ေပးလာရာတြင္ ဘန္ေကာက္၌ ဖမ္းခံရသည့္ ျမန္မာအမ်ဳိးသမီးတစ္ဦး ပါ၀င္ေၾကာင္းႏွင့္ ၎သည္ ထိုင္းေငြကိုင္မႈျဖင့္ အေၾကာင္းမဲ့ ဖမ္းဆီးခံရသူ ျဖစ္ေၾကာင္း သိရသည္။

"နာမည္က မစန္းၾကည္တဲ့ လႈိင္းဘြဲ႔ၿမိဳ႕ကလို႔ ေျပာတယ္၊ ဘန္ေကာက္က အိမ္ေဆာက္ပစၥည္းဆိုင္မွာ အလုပ္ လုပ္ရင္း ပတ္စပိုစ့္ရွိေပမဲ့ ထိုင္းရဲက ၀င္စစ္ေတာ့  ေငြကိုင္ထားလို႔ ဆိုၿပီး အေၾကာင္းမဲ့ ဖမ္းတာလို႔ သိရတယ္၊ ျမ၀တီဘက္မွာ ေနသူဆိုရင္ တာခ်ီလိတ္ဘက္ကို လႊဲေပးေလ့မရွိဘူး၊ တာခ်ီလိတ္နဲ႔ ျမ၀တီက ေ၀းေတာ့ ျမ၀တီဘက္ လႊဲတဲ့ဘက္ပဲ လႊဲေလ့ရွိတာ။ အခုကေတာ့ တစ္ေယာက္တည္းမို႔ ထင္တယ္ တာခ်ီလိတ္ဘက္ လႊဲေပးလာတယ္၊ အခုလို အေၾကာင္းမဲ့ ဖမ္းဆီးခံရတာနဲ႔ပတ္သက္ၿပီး ႏွစ္ႏုိင္ငံ အစည္းအေ၀းၾကရင္ လူကုန္တားကလည္း ထည့္သြင္းေဆြးေႏြးမယ္လို႔ သိရတယ္"ဟု ျမန္မာဘက္မွ လူလႊဲေျပာင္းလက္ခံေရးအဖြဲ႔မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

လႊဲေျပာင္းေပးလာသည့္ ျမန္မာႏိုင္ငံသားမ်ားတြင္ အမ်ဳိးသား (၁၁)ဦး ႏွင့္ အမ်ဳိးသမီး (၁၁)ဦး စုစုေပါင္း (၂၂)ဦး ပါ၀င္ၿပီး ၎တို႔တြင္ ရွမ္းျပည္နယ္ေတာင္ပိုင္းက အမ်ားဆံုးျဖစ္ေၾကာင္း ႏွင့္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွ (၂)ဦး၊ ရွမ္းျပည္နယ္အေရွ႕ပိုင္းက တစ္ဦး အျပင္ ဘန္ေကာက္၌ ဖမ္းဆီးခံရသည့္ ကရင္ျပည္နယ္ လႈိင္းဘြဲ႔ၿမိဳ႕နယ္မွ (၁)ဦး စသည္တို႔ ပါ၀င္ေၾကာင္း သိရသည္။

ထိုင္းဘက္ တာ၀န္ရွိသူမ်ား၏ လာေရာက္လႊဲေျပာင္းေပးလာမႈကို   ျမန္မာဘက္မွ  ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရးရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။

လာေရာက္လႊဲေျပာင္းေပးလာသူမ်ားတြင္ ျမန္မာႏိုင္ငံသားမဟုတ္ဘဲ အျခားႏိုင္ငံသားမ်ား ပါ၀င္လာျခင္း ရွိမရွိကို ေသခ်ာစြာ စိစစ္ၿပီးမွ လက္ခံေလ့ရွိၿပီး ျမန္မာႏိုင္ငံသား မဟုတ္ဘဲ အျခားႏိုင္ငံသားမ်ား ေရာေႏွာ ပါ၀င္လာပါက ခ်က္ျခင္း ျပန္လည္လႊဲေျပာင္းေပးမႈမ်ား ရွိခဲ့ေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - CNCMC


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ အတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် ရွှေ့ပြောင်းမြန်မာနိုင်ငံသား (၂၂)ဦးအား ဇန်နဝါရီလ (၁၂)ရက်နေ့ နေ့လည်ပိုင်းက လွှဲပြောင်း ပေးလာရာတွင် ဘန်ကောက်၌ ဖမ်းခံရသည့် မြန်မာအမျိုးသမီးတစ်ဦး ပါဝင်ကြောင်းနှင့်၎င်းသည် ထိုင်းငွေကိုင်မှုဖြင့် အကြောင်းမဲ့ ဖမ်းဆီးခံရသူ ဖြစ်ကြောင်း သိရသည်။

"နာမည်က မစန်းကြည်တဲ့ လှိုင်းဘွဲ့မြို့ကလို့ ပြောတယ်၊ ဘန်ကောက်က အိမ်ဆောက်ပစ္စည်းဆိုင်မှာ အလုပ် လုပ်ရင်း ပတ်စပိုစ့်ရှိပေမဲ့ ထိုင်းရဲက ဝင်စစ်တော့ ငွေကိုင်ထားလို့ ဆိုပြီး အကြောင်းမဲ့ ဖမ်းတာလို့ သိရတယ်၊ မြဝတီဘက်မှာ နေသူဆိုရင် တာချီလိတ်ဘက်ကို လွှဲပေးလေ့မရှိဘူး၊ တာချီလိတ်နဲ့ မြဝတီကေဝးတော့ မြဝတီဘက် လွှဲတဲ့ဘက်ပဲ လွှဲလေ့ရှိတာ။ အခုကတော့ တစ်ယောက်တည်းမို့ ထင်တယ် တာချီလိတ်ဘက် လွှဲပေးလာတယ်၊ အခုလို အကြောင်းမဲ့ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ အစည်းအေဝးကြရင် လူကုန်တားကလည်း ထည့်သွင်းဆွေးနွေးမယ်လို့ သိရတယ်"ဟု မြန်မာဘက်မှ လူလွှဲပြောင်းလက်ခံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများတွင် အမျိုးသား (၁၁)ဦး နှင့် အမျိုးသမီး (၁၁)ဦး စုစုပေါင်း (၂၂)ဦး ပါဝင်ပြီး၎င်းတို့တွင် ရှမ်းပြည်နယ်တောင်ပိုင်းက အများဆုံးဖြစ်ကြောင်း နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ (၂)ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းက တစ်ဦး အပြင် ဘန်ကောက်၌ ဖမ်းဆီးခံရသည့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှ (၁)ဦး စသည်တို့ ပါဝင်ကြောင်း သိရသည်။

ထိုင်းဘက် တာဝန်ရှိသူများ၏ လာရောက်လွှဲပြောင်းပေးလာမှုကို မြန်မာဘက်မှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။

လာရောက်လွှဲပြောင်းပေးလာသူများတွင် မြန်မာနိုင်ငံသားမဟုတ်ဘဲ အခြားနိုင်ငံသားများ ပါဝင်လာခြင်း ရှိမရှိကို သေချာစွာ စိစစ်ပြီးမှ လက်ခံလေ့ရှိပြီး မြန်မာနိုင်ငံသား မဟုတ်ဘဲ အခြားနိုင်ငံသားများ ရောနှော ပါဝင်လာပါက ချက်ခြင်း ပြန်လည်လွှဲပြောင်းပေးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~