မည္သည့္ဌာနႏွင့္ သက္ဆိုင္မွန္း မသိရသည့္ တာခ်ီလိတ္ရွိ ခ်စ္ၾကည္ေရးတံတားေပၚ ျမန္မာဘက္ျခမ္းတြင္ ကတၱရာလမ္းပ်က္စီးယိုယြင္းမႈကို စည္ပင္က ျပဳျပင္မည္

မည္သည့္ဌာနႏွင့္ သက္ဆိုင္မွန္း မသိရသည့္ တာခ်ီလိတ္ရွိ ခ်စ္ၾကည္ေရးတံတားေပၚ ျမန္မာဘက္ျခမ္းတြင္ ကတၱရာလမ္းပ်က္စီးယိုယြင္းမႈကို စည္ပင္က ျပဳျပင္မည္
ဇန်နဝါရီ 30, 2019
By Tachileik News Agency

တာခီ်လိတ္ႏွင့္ မယ္ဆိုင္ၿမိဳ႕ကို ဆက္သြယ္ထားသည့္ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္ (၁)တံတားတြင္ ခင္းထားသည့္ ကတၱရာလမ္း ပ်က္စီးယိုယြင္းမႈမ်ားကို မည္သည့္ဌာနႏွင့္ သက္ဆိုင္မွန္း ကြဲကြဲျပားျပား မသိရေသာ္လည္း တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ  မၾကာမီ ျပဳျပင္သြားရန္ ျပင္ဆင္ ေနေၾကာင္း သိရသည္။

“အမွန္က တံတား(တံတားတြင္ တာ၀န္ယူထားသည့္ အဖြဲ႕)နဲ႔ ဆိုင္တာဗ်။ ခ်ိဳင့္ခြက္ေတြ ဘာေတြျဖစ္တဲ့ အခါၾကေတာ့ ကၽြန္ေတာ္တို႔က အမ်ားသူငါ သြားလာမႈ ေကာင္းေစရန္အလို႔ငွာ ကၽြန္ေတာ္တို႔က သြားသြား ျပင္ေပးေနတာ။ ျပင္တာက ဘယ္သူ႔ကိုျပင္ခိုင္းရမွန္းမသိဘူး။ ေဆာက္လုပ္ေရးလိုလို စည္ပင္လိုလို အဲလိုမ်ိဳးေပါ့ေနာ္။ တိတိက်က် မရိွတဲ့အခါၾကေတာ့။ ေနာက္ဆံုးက်ေတာ့ လမ္းဘာညာ ပ်က္တဲ့ အခါက်ေတာ့ ကၽြန္ေတာ္တို႔ပဲ သြားသြားျပင္ေပးရတာ”ဟု တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၏ အမႈေဆာင္အရာရိွ ဦးစိုင္းေအာင္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇန္န၀ါရီလ(၂၈)ရက္ေန႔က ေျပာၾကားထားသည္။

တံတားေပၚတြင္ ခင္းထားသည့္လမ္းမွာ မိုးတြင္းကာလတြင္ တံတားအနီးရိွ ကုကၠိဳပင္မ်ားမွ ေရစက္မ်ား က်ဆင္းၿပီး ခင္းထားသည့္ ႏိုင္လြန္ကတၱရာ သက္တမ္းကုန္ဆံုးခ်ိန္ႏွင့္ တိုက္ဆိုင္ကာ ခ်ိဳင့္ခြက္မ်ားအၿမဲတမ္း ျဖစ္ေပၚတတ္သျဖင့္ ႏွစ္စဥ္ ဖာေထးျပဳျပင္ေနရေၾကာင္း သိရသည္။

ျမန္မာဘက္ျခမ္းမွ တံတားေပၚတြင္ ထိုင္းဘက္အထြက္ လူ၀င္မႈႀကီးၾကပ္ေရးရံုးေရွ႕ လမ္းပခံုးသား ေနရာ၌ မညီညာမႈမ်ား ရိွေနၿပီး ႏိုင္ငံကူးလက္မွတ္တံဆိပ္ရိုက္ႏွိပ္ရန္အတြက္ ဆိုင္ကယ္ရပ္ခ်ိန္တြင္ မၾကာခန ဆိုင္ကယ္လဲက်မႈမ်ားျဖစ္ ေပၚတတ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ထိုင္းႏိုင္ငံဘက္သို႔ ထြက္ခြာသည့္ လမ္းတြင္လည္း ခ်ိဳင့္ခြက္ႏွစ္ခုျဖစ္ေပၚေနကာ ထိုင္းမွ ျမန္မာဘက္ အ၀င္  တံတားအဆင္းတြင္ ခ်ိဳင့္ခြက္တစ္ခု ျဖစ္ေပၚေနရာတြင္ စည္ပင္သာယာေရးဌာနမွ တံတားခ်ိဳင့္ခြက္မ်ား အႀကိမ္ႀကိမ္ဖာေထး ျပဳျပင္ေနေသာ္လည္း ကားဘီးမ်ား၏ ယက္ထုတ္မႈမ်ားေၾကာင့္ ခ်ိဳင့္ခြက္မ်ား မၾကာခဏျဖစ္ေပၚတတ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်နှင့် မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ် (၁)တံတားတွင် ခင်းထားသည့် ကတ္တရာလမ်း ပျက်စီးယိုယွင်းမှုများကို မည်သည့်ဌာနနှင့် သက်ဆိုင်မှန်း ကွဲကွဲပြားပြား မသိရသော်လည်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ မကြာမီ ပြုပြင်သွားရန် ပြင်ဆင် နေကြောင်း သိရသည်။

“အမှန်က တံတား(တံတားတွင် တာဝန်ယူထားသည့် အဖွဲ့)နဲ့ ဆိုင်တာဗျ။ ချိုင့်ခွက်တွေ ဘာတွဖြေစ်တဲ့ အခါကြတော့ ကျွန်တော်တို့က အများသူငါ သွားလာမှု ကောင်းစေရန်အလို့ငှါ ကျွန်တော်တို့က သွားသွား ပြင်ပေးနေတာ။ ပြင်တာက ဘယ်သူ့ကိုပြင်ခိုင်းရမှန်းမသိဘူး။ ဆောက်လုပ်ရေးလိုလို စည်ပင်လိုလို အဲလိုမျိုးပေါ့နော်။ တိတိကျကျ မရှိတဲ့အခါကြတော့။ နောက်ဆုံးကျတော့ လမ်းဘာညာ ပျက်တဲ့ အခါကျတော့ ကျွန်တော်တို့ပဲ သွားသွားပြင်ပေးရတာ”ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၂၈)ရက်နေ့က ပြောကြားထားသည်။

တံတားပေါ်တွင် ခင်းထားသည့်လမ်းမှာ မိုးတွင်းကာလတွင် တံတားအနီးရှိ ကုက္ကိုပင်များမှ ရေစက်များ ကျဆင်းပြီး ခင်းထားသည့် နိုင်လွန်ကတ္တရာ သက်တမ်းကုန်ဆုံးချိန်နှင့် တိုက်ဆိုင်ကာ ချိုင့်ခွက်များအမြဲတမ်း ဖြစ်ပေါ်တတ်သဖြင့် နှစ်စဉ် ဖာထေးပြုပြင်နေရကြောင်း သိရသည်။

မြန်မာဘက်ခြမ်းမှ တံတားပေါ်တွင် ထိုင်းဘက်အထွက် လူဝင်မှုကြီးကြပ်ရေးရုံးရှေ့ လမ်းပခုံးသား နေရာ၌ မညီညာမှုများ ရှိနပြေီး နိုင်ငံကူးလက်မှတ်တံဆိပ်ရိုက်နှိပ်ရန်အတွက် ဆိုင်ကယ်ရပ်ချိန်တွင် မကြာခန ဆိုင်ကယ်လဲကျမှုများဖြစ် ပေါ်တတ်ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာသည့် လမ်းတွင်လည်း ချိုင့်ခွက်နှစ်ခုဖြစ်ပေါ်နေကာ ထိုင်းမှ မြန်မာဘက် အဝင် တံတားအဆင်းတွင် ချိုင့်ခွက်တစ်ခု ဖြစ်ပေါ်နေရာတွင် စည်ပင်သာယာရေးဌာနမှ တံတားချိုင့်ခွက်များ အကြိမ်ကြိမ်ဖာထေး ပြုပြင်နေသော်လည်း ကားဘီးများ၏ ယက်ထုတ်မှုများကြောင့် ချိုင့်ခွက်များ မကြာခဏဖြစ်ပေါ်တတ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~