၂၀၀၈ ဖြဲ႕စည္းပံု အေျခခံဥပေဒျပင္ဆင္ေရး အေရးႀကီးအဆိုႏွင့္ ပတ္သက္၍ အဆိုရွင္တင္ျပခ်ိန္မွသာ ကန္႔ကြက္ရန္ လႊတ္ေတာ္နာယကမွ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ကို သတိေပး

၂၀၀၈ ဖြဲ႕စည္းပံု အေျခခံဥပေဒျပင္ဆင္ေရး အေရးႀကီးအဆိုႏွင့္ ပတ္သက္၍ အဆိုရွင္တင္ျပခ်ိန္မွသာ ကန္႔ကြက္ရန္ လႊတ္ေတာ္နာယကမွ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ကို သတိေပး
ဇန်နဝါရီ 29, 2019
By Tachileik News Agency

ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝး စတင္ခ်ိန္တြင္ အေရးႀကီးအဆိုတစ္ခု တင္သြင္းထားေၾကာင္း လႊတ္ေတာ္ နာယက ေၾကညာခ်ိန္တြင္ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက ကန္႔ကြက္အဆို တင္ျပလာသျဖင့္ အဆိုရွင္တင္ျပခ်ိန္ေရာက္မွသာ ကန္႔ကြက္ အဆိုတင္ရန္ လႊတ္ေတာ္ နယက ဦးတီခြန္ျမတ္က သတိေပးေျပာၾကားလိုက္သည္။

ဒုတိယအႀကိမ္ျပည္ေထာင္စုလႊတ္ေတာ္ (၁၁)ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး တတိယေန႔အျဖစ္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၂၉)ရက္ေန႔က စတင္ခ်ိန္တြင္ မေကြးတိုင္း ေဒသႀကီး မဲဆႏၵနယ္အမွတ္ (၄) မွ ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ၾကည္ညြန္႔က အေရးႀကီး အဆိုတစ္ရပ္ တင္သြင္းထားေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္နယက   ေျပာၾကားခ်ိန္တြင္ ယင္းကဲ့သို႔ ကန္႔ကြက္လိုက္ျခင္းျဖစ္သည္။

“ေကာင္းပါၿပီ။ ေကာင္းပါၿပီ။ အဲဒါကို အဆိုရွင္ကေန တင္ျပလာတဲ့အေပၚမွာလည္းနားေထာင္ပါ။ လႊတ္ေတာ္ကိုယ္စားလွယ္ ခင္ဗ်ား။ အဲဒီၿပီးတဲ့အခါမွာ လႊတ္ေတာ္ကိုယ္စားလွယ္အေနနဲ႔ တင္ျပစရာ ရိွတာေတြကို လည္း တင္ျပႏိုင္ပါတယ္။ ဒါေပမယ္လို႔ ဒီမွာကေတာ့ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရး အတြက္ ေဆာင္ရြက္ေနတာ မွန္ေပမယ့္ ဖြဲ႕စည္းပံု အေျခခံဥပေဒဘက္ကို ဘယ္လို တဆင့္ျခင္း ဖြဲ႕စည္းပံု အေျခခံဥပေဒ ျပဌာန္းခ်က္အတိုင္း အဆင့္ဆင့္ ျပင္ဆင္ႏိုင္ေရးအတြက္ ပထမ ေဆာင္ရြက္ျခင္းျဖစ္ပါတယ္။ ဒီကိစၥကို ေနာက္ေဆြးေႏြးတင္ျပလာတဲ့ အခ်ိန္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ အေနနဲ႔ ကန္႔ကြက္တင္ျပလို႔ ရပါတယ္။”ဟု ျပည္ေထာင္စုလႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က ေျပာသည္။

၂၀၀၈ ခု ဖြဲ႕စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရးလုပ္ငန္းမ်ာ ေဆာလ်င္စြာ ေဆာင္ရြက္ႏိုင္ေရးအတြက္ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီတစ္ရပ္ကို သင့္ေလ်ာ္သည့္ ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားႏွင့္ ဖြဲ႕စည္းရန္ျပည္ေထာင္စုလႊတ္ေတာ္သို႔ တိုက္တြန္းေၾကာင္း အေရးႀကီးအဆိုကို မေကြးတိုင္းေဒသႀကီး မဲဆႏၵနယ္အမွတ္ ၄ မွ ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ၾကည္ညြန္႔က တင္သြင္းခဲ့ျခင္းျဖစ္သည္။

“ကၽြန္ေတာ္တို႔ ေစာေစာက ဦးေအာင္ၾကည္ညြန္႔ ေပးပို႔ထားတဲ့ အေရးႀကီးအဆိုနဲ႔ပတ္သက္ၿပီးေတာ့ ကၽြန္ေတာ္တို႔ ဒီဖြဲ႕စည္းပံုအေျခခံဥပေဒ ျပင္ဖို႔ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ကၽြန္ေတာ္ဖြဲ႕စည္းပံု အေျခခံပုဒ္မ (၄၀၃) အခ်က္ (၃) မွာလည္း လုပ္ထံုးလုပ္နည္းေပးထားပါတယ္။ ဒါကေတာ့ ဖြဲ႕စည္းပံုအေျခခံ ဥပေဒျပင္ဆင္ရန္ တင္သြင္းေသာ ဥပေဒကို  ဥပေဒမႈၾကမ္းအျဖစ္ တင္သြင္းရမည္ဆိုၿပီးေတာ့ ေပးထားပါတယ္။ အလားတူပဲ ျပည္ေထာင္စုလႊတ္ေတာ္ဆိုင္ရာ ဥပေဒေတြမွာလည္း လုပ္ထံုးလုပ္နည္းေတြ ေပးထားပါတယ္။ ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒဆိုင္ရာ ပုဒ္မ ၆၇ က မွာလည္း ေပးထားပါတယ္။ ေနာက္ၿပီးေတာ့ နည္းဥပေဒပုဒ္မ ၁၃၃၊ ၁၃၅၊ ၁၃၇ မွာေပးထားပါတယ္။ အဓိကကေတာ့ ကၽြန္ေတာ္တို႔ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ျပင္မယ္ဆိုရင္ ေပးထားတဲ့ လုပ္ထံုးလုပ္နည္းေတြအရ လႊတ္ေတာ္ ကိုယ္စားလွယ္ အနည္းဆံုး (၂၀) ဦး လက္မွတ္ထိုးထားတဲ့ ဥပေဒမူၾကမ္းအျဖစ္နဲ႔ တင္သြင္းၿပီးေတာ့မွ ကၽြန္ေတာ္တို႔ အေနနဲ႔ ဆက္ၿပီး လုပ္ရမွာ ျဖစ္ပါတယ္။ အခုက ကၽြန္ေတာ္တို႔ ဒီေကာ္မတီဖြဲ႕လိုက္တယ္ ဆိုေတာ့ ကၽြန္ေတာ္တို႔က ဘယ္ဟာေတြကိုျပင္မွာလဲ ဘာေတြကိုျပင္ဖို႔အတြက္တင္သြင္းမွာလဲဆိုတဲ့ အေၾကာင္းအရာေတြကို ကၽြန္ေတာ္တို႔ကဘာမွမသိရပါဘူး။ ဒီျပင္မယ့္ဟာကို ဥပေဒမူၾကမ္းအျဖစ္နဲ႔ တင္သြင္းၿပီးေတာ့မွသာလွ်င္ ဒါကိုဆက္စပ္ေလ့လာၿပီးမွ ဆက္လက္ေဆာင္ရြက္ရမွာ ျဖစ္ပါတယ္။ လုပ္ထံုးလုပ္နည္းအရ နည္းနည္းလြဲမွားေနတယ္လို႔ ကၽြန္ေတာ့္အေနနဲ႔ ယူဆတဲ့အတြက္ ဒါကို စဥ္းစားေဆာင္ရြက္ေပးဖို႔ တင္ျပပါတယ္”ဟု တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက ေျပာသည္။

ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၁) ႀကိမ္ေျမာက္ ပံုမွန္အစည္းအေ၀း တတိယေန႔ကို အစီအစဥ္ (၁၄) ခုျဖင့္ က်င္းပခဲ့ျခင္းျဖစ္ၿပီး အေရးႀကီးအဆိုကို ပံုမွန္အစီအစဥ္မ်ားအၿပီးတြင္ တင္သြင္းေဆြးေႏြးရန္ စီစဥ္ခဲ့ျခင္းျဖစ္သည္။

“အခု ဖြဲ႕စည္းပံုအေျခခံဥပေဒကို ျပင္ဆင္ဖို႔ ပထမအဆင့္ေဆာင္ရြက္ေနျခင္းပဲျဖစ္ပါတယ္။ ျပည္ေထာင္စု လႊတ္ေတာ္ဆိုင္ရာ ဥပေဒ နည္းဥပေဒနဲ႔အညီ ေဆာင္ရြက္ႏိုင္ဖို႔ ဒီအဖြဲ႕ကိုဖြဲ႕စည္းဖို႔ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။ အခုကေတာ့ေခါင္းစဥ္ပဲ တင္ျပထားျခင္းျဖစ္ပါတယ္။ ဒါကိုအေသးစိတ္ ေဆြးေႏြး တင္ျပလာတဲ့ အခ်ိန္မွာ လႊတ္ေတာ္ကိုယ္စားလွယ္အေနနဲ႔ အဲဒီအခ်ိန္မွာလည္း ေဆြးေႏြးႏိုင္ပါတယ္။ အားလံုးမွ်မွ်တတ ပြင့္လင္းျမင္သာစြာနဲ႔ ေဆာင္ရြက္ ႏိုင္ေရးအတြက္ ဒီဥပေဒၾကမ္းပူးေပါင္းေကာ္မတီနဲ႔ ပူးေပါင္း ေဆာင္ရြက္ၿပီးမွ လႊတ္ေတာ္မွာ ပါတီစံုဒီမိုကေရစီျဖစ္တဲ့အတြက္ ပါတီစံုေတြပါ၀င္ပါတယ္။ ပါတီစံုေတြ အကုန္ပါ၀င္ ႏိုင္ေရးအတြက္ ပြင့္လင္းျမင္သာေအာင္ေဆာင္ရြက္ ျခင္းျဖစ္တယ္ဆိုတာကို ရွင္းလင္း တင္ျပလိုပါတယ္”ဟု ဦးတီခြန္ျမတ္က ေျပာသည္။

လႊတ္ေတာ္အစည္းအေ၀း ဒုတိယပိုင္းစတင္ခ်ိန္မွာ အေရးႀကီးအဆိုတင္သြင္းထားၿပီး လႊတ္ေတာ္တြင္ ေဆြးေႏြးရန္ရိွေေၾကာင္း ေျပာၾကားလိုက္ခ်ိန္တြင္ ကန္႔ကြက္အဆိုကို တင္လိုက္ျခင္းျဖစ္သည္။

“ေနာက္တစ္ခုကလည္း ကၽြန္ေတာ္တင္ျပလိုတာက ဒီဟာက ကၽြန္ေတာ္တို႔ အေရးႀကီးအဆိုဆိုေတာ့ အေရးႀကီးအဆိုရဲ႕ သက္မွတ္ခ်က္ေတြရိွပါတယ္။ ဥပေဒပုဒ္မ ၆၆ က အရ တကယ္ကို အေရးႀကီးေဆာင္ရြက္ရမယ့္ကိစၥ ျပည္သူလူထုအတြက္ အေရးႀကီးေဆာင္ရြက္ရမယ့္ကိစၥ အျခားနည္းလမ္းေဆာင္ရြက္လို႔ မရမွ အေရးႀကီးအဆိုကို ေဆာင္ရြက္ရမွာျဖစ္ပါတယ္”ဟု တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္က ေျပာသည္။

Tachileik News Agency
ဓါတ္ပံု - Pyidaungsu Hluttaw



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး စတင်ချိန်တွင် အရေးကြီးအဆိုတစ်ခု တင်သွင်းထားကြောင်း လွှတ်တော် နာယက ကြေညာချိန်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကန့်ကွက်အဆို တင်ပြလာသဖြင့် အဆိုရှင်တင်ပြချိန်ရောက်မှသာ ကန့်ကွက် အဆိုတင်ရန် လွှတ်တော် နယက ဦးတီခွန်မြတ်က သတိပေးပြောကြားလိုက်သည်။

ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့အဖြစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့က စတင်ချိန်တွင် မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အရေးကြီး အဆိုတစ်ရပ် တင်သွင်းထားကြောင်း ပြည်ထောင်စုလွှတ်တော်နယက ပြောကြားချိန်တွင် ယင်းကဲ့သို့ ကန့်ကွက်လိုက်ခြင်းဖြစ်သည်။

“ကောင်းပါပြီ။ ကောင်းပါပြီ။ အဲဒါကို အဆိုရှင်ကနေ တင်ပြလာတဲ့အပေါ်မှာလည်းနားထောင်ပါ။ လွှတ်တော်ကိုယ်စားလှယ် ခင်ဗျား။ အဲဒီပြီးတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ တင်ပြစရာ ရှိတာတွေကို လည်း တင်ပြနိုင်ပါတယ်။ ဒါပေမယ်လို့ ဒီမှာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒပြေင်ဆင်ရေး အတွက် ဆောင်ရွက်နေတာ မှန်ပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေဘက်ကို ဘယ်လို တဆင့်ခြင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းချက်အတိုင်း အဆင့်ဆင့် ပြင်ဆင်နိုင်ရေးအတွက် ပထမ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီကိစ္စကို နောက်ဆွေးနွေးတင်ပြလာတဲ့ အချိန်မှာ လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ ကန့်ကွက်တင်ပြလို့ ရပါတယ်။”ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောသည်။

၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းမျာ ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒပြေင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန်ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၄ မှ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ စောစောက ဦးအောင်ကြည်ညွန့် ပေးပို့ထားတဲ့ အရေးကြီးအဆိုနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ဖွဲ့စည်းပုံ အခြေခံပုဒ်မ (၄၀၃) အချက် (၃) မှာလည်း လုပ်ထုံးလုပ်နည်းပေးထားပါတယ်။ ဒါကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒပြေင်ဆင်ရန် တင်သွင်းသော ဥပဒေကို ဥပဒေမှုကြမ်းအဖြစ် တင်သွင်းရမည်ဆိုပြီးတော့ ပေးထားပါတယ်။ အလားတူပဲ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေတွေမှာလည်း လုပ်ထုံးလုပ်နည်းတွေ ပေးထားပါတယ်။ ပြည်ထောင်စုလွှတ်တော် ဥပဒေဆိုင်ရာ ပုဒ်မ ၆၇ က မှာလည်း ပေးထားပါတယ်။ နောက်ပြီးတော့ နည်းဥပဒေပုဒ်မ ၁၃၃၊ ၁၃၅၊ ၁၃၇ မှာပေးထားပါတယ်။ အဓိကကတော့ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုရင် ပေးထားတဲ့ လုပ်ထုံးလုပ်နည်းတွေအရ လွှတ်တော် ကိုယ်စားလှယ် အနည်းဆုံး (၂၀) ဦး လက်မှတ်ထိုးထားတဲ့ ဥပဒေမူကြမ်းအဖြစ်နဲ့ တင်သွင်းပြီးတော့မှ ကျွန်တော်တို့ အနေနဲ့ ဆက်ပြီး လုပ်ရမှာ ဖြစ်ပါတယ်။ အခုက ကျွန်တော်တို့ ဒီကော်မတီဖွဲ့လိုက်တယ် ဆိုတော့ ကျွန်တော်တို့က ဘယ်ဟာတွေကိုပြင်မှာလဲ ဘာတွေကိုပြင်ဖို့အတွက်တင်သွင်းမှာလဲဆိုတဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့ကဘာမှမသိရပါဘူး။ ဒီပြင်မယ့်ဟာကို ဥပဒေမူကြမ်းအဖြစ်နဲ့ တင်သွင်းပြီးတော့မှသာလျှင် ဒါကိုဆက်စပ်လေ့လာပြီးမှ ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းအရ နည်းနည်းလွဲမှားနေတယ်လို့ ကျွန်တော့်အနေနဲ့ ယူဆတဲ့အတွက် ဒါကို စဉ်းစားဆောင်ရွက်ပေးဖို့ တင်ပြပါတယ်”ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအေဝး တတိယနေ့ကို အစီအစဉ် (၁၄) ခုဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး အရေးကြီးအဆိုကို ပုံမှန်အစီအစဉ်များအပြီးတွင် တင်သွင်းဆွေးနွေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

“အခု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ပထမအဆင့်ဆောင်ရွက်နခြေင်းပဲဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေ နည်းဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ ဒီအဖွဲ့ကိုဖွဲ့စည်းဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခုကတော့ခေါင်းစဉ်ပဲ တင်ပြထားခြင်းဖြစ်ပါတယ်။ ဒါကိုအသေးစိတ် ဆွေးနွေး တင်ပြလာတဲ့ အချိန်မှာ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ အဲဒီအချိန်မှာလည်း ဆွေးနွေးနိုင်ပါတယ်။ အားလုံးမျှမျှတတ ပွင့်လင်းမြင်သာစွာနဲ့ ဆောင်ရွက် နိုင်ရေးအတွက် ဒီဥပဒကြေမ်းပူးပေါင်းကော်မတီနဲ့ ပူးပေါင်း ဆောင်ရွက်ပြီးမှ လွှတ်တော်မှာ ပါတီစုံဒီမိုကရေစီဖြစ်တဲ့အတွက် ပါတီစုံတွေပါဝင်ပါတယ်။ ပါတီစုံတွေ အကုန်ပါဝင် နိုင်ရေးအတွက် ပွင့်လင်းမြင်သာအောင်ဆောင်ရွက် ခြင်းဖြစ်တယ်ဆိုတာကို ရှင်းလင်း တင်ပြလိုပါတယ်”ဟု ဦးတီခွန်မြတ်က ပြောသည်။

လွှတ်တော်အစည်းအေဝး ဒုတိယပိုင်းစတင်ချိန်မှာ အရေးကြီးအဆိုတင်သွင်းထားပြီး လွှတ်တော်တွင် ဆွေးနွေးရန်ရှိကြောင်း ပြောကြားလိုက်ချိန်တွင် ကန့်ကွက်အဆိုကို တင်လိုက်ခြင်းဖြစ်သည်။

“နောက်တစ်ခုကလည်း ကျွန်တော်တင်ပြလိုတာက ဒီဟာက ကျွန်တော်တို့ အရေးကြီးအဆိုဆိုတော့ အရေးကြီးအဆိုရဲ့ သက်မှတ်ချက်တွေရှိပါတယ်။ ဥပဒေပုဒ်မ ၆၆ က အရ တကယ်ကို အရေးကြီးဆောင်ရွက်ရမယ့်ကိစ္စ ပြည်သူလူထုအတွက် အရေးကြီးဆောင်ရွက်ရမယ့်ကိစ္စ အခြားနည်းလမ်းဆောင်ရွက်လို့ မရမှ အရေးကြီးအဆိုကို ဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

Tachileik News Agency
ဓာတ်ပုံ - Pyidaungsu Hluttaw 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~