တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီ ႏွင့္ Thai Allure တို႔ ထိုင္းႏိုင္ငံမွ ၀ယ္ယူသည့္ ေစ်းႏႈန္းျပင္ဆင္ သတ္မွတ္ျခင္း နားလည္မႈ စာခၽြန္လႊာ လက္မွတ္ေရးထိုး

တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီ ႏွင့္ Thai Allure တို႔ ထိုင္းႏိုင္ငံမွ ၀ယ္ယူသည့္ ေစ်းႏႈန္းျပင္ဆင္ သတ္မွတ္ျခင္း နားလည္မႈ စာခၽြန္လႊာ လက္မွတ္ေရးထိုး
ဇန်နဝါရီ 23, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ လွ်ပ္စစ္ဓာတ္အား ျဖန္႔ျဖဴးေရာင္းခ်ရာ၌ မီတာခမ်ား ေလွ်ာ့ခ်ႏိုင္ေရးအတြက္ ထိုင္းႏိုင္ငံမွ ၀ယ္ယူသည့္ ေစ်းႏႈန္းျပင္ဆင္ သတ္မွတ္သည့္ နားလည္မႈ စာခၽြန္လႊာကို တာခ်ီလိတ္မီးလင္းေရးေကာ္မတီ ႏွင့္ Thai Allure ကုမၸဏီ တို႔ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီ (၂၃)ရက္ေန႔တြင္ ခ်ဳပ္ဆိုေၾကာင္း သိရသည္။

“ညေနက Thai Allure နဲ႔ ကၽြန္ေတာ္တုိ႔ စာခ်ဳပ္လက္မွတ္ထိုးလိုက္ၿပီ။ ထိုးလိုက္ေတာ့ Thai Allure ရဲ႕သီးျခား ေဖေဖာ္ရီလ (၁) ရက္ေန႔ကေန စၿပီး (၄) ဘတ္ (၂၅) ျပားနဲ႔ေလွ်ာ့ေကာက္မယ္ဆိုတဲ့ စာလည္းရၿပီ”ဟု တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးေကာ္မတီ တြဲဖက္အတြင္းေရးမွဴး ဦးေက်ာ္စြာလြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇန္န၀ါရီလ (၂၃) ရက္ေန႔တြင္ ေျပာသည္။

ေပ်ာက္ဆံုးယူနစ္မ်ား ေလွ်ာ့ခ်ႏိုင္ေရးအတြက္ အဓိက မိန္းႀကိဳးမ်ား လဲလွယ္တပ္ဆင္ရန္ စီစဥ္ခဲ့ရာတြင္ အမွတ္ ( ၂ )ခ်စ္ၾကည္ ေရးတံတားမွ က်င္းလံုဟိုတယ္အထိ လမ္းပိုင္း ႀကိဳးအမ်ားလဲလွယ္ေရးအတြက္ ထိုင္းအင္ဂ်င္နီယာမ်ားႏွင့္ တိုင္းတာတြက္ ခ်က္ေနၿပီး တိုင္စိုက္မည့္ ေနရာမ်ားမွ သစ္ပင္မ်ား ခုတ္ထြင္ရွင္းလင္းျခင္းကို ေဆာင္ရြက္ေနေၾကာင္း သိရသည္။

လက္ရိွတြင္ မီးလင္းေရး(၂)က ႀကိဳးမ်ားလဲလွယ္ရန္ ထိုင္းအင္ဂ်င္နီယာမ်ား ႏွင့္ ႏွစ္ရက္ၾကာတုိင္းတာေနၿပီး မီးလင္းေရး(၂)၏ ႀကိဳးမ်ားႏွင့္ မီးလင္းေရး(၁)၏ ႀကိဳးမ်ား အေပၚေအာက္ သြယ္တန္းႏုိင္ရန္ ထုိင္းအင္ဂ်င္နီယာမ်ားျဖင့္ တြက္ခ်က္ေနေၾကာင္း သိရသည္။

ၿမိဳ႕မီးလင္းေရးေကာ္မတီမွ တာခ်ီလိတ္တြင္ လွ်ပ္စစ္မီးသံုးစြဲေနသူ ျပည္သူမ်ားအား ေဖေဖာ္၀ါရီလတြင္ သံုးစြဲခဲ့သည့္ လွ်ပ္စစ္ဓာတ္အားခမ်ားကို ေလွ်ာ့ခ်ေပးမည္ ျဖစ္သျဖင့္ ဇန္န၀ါရီလ အတြင္း သံုးစြဲထားသည့္ လွ်ပ္စစ္ဓာတ္အားခမ်ားမွာ ယခင္ႏႈန္းထားမ်ား အတိုင္း ေပးေဆာင္ရမည္ ျဖစ္ၿပီး မတ္လတြင္ ေကာက္ခံမည့္ ( ေဖေဖာ္၀ါရီလအတြင္း အသံုးျပဳခဲ့သည့္ ) သံုးစြဲယူနစ္ခမ်ားမွာ အိမ္သံုး မီတာတြင္ တစ္ယူနစ္ (၆)ဘတ္ မွ (၅)ဘတ္ ျပား(၅၀)သို႔ လည္းေကာင္း၊ ပါ၀ါမီတာမ်ားအတြက္ တစ္ယူနစ္ (၇)ဘတ္(၂၅)ျပားမွ (၆)ဘတ္ (၇၅) ျပားသို႔ လည္းေကာင္း အသီးသီး ေလွ်ာ့ခ် သြားမည္ျဖစ္သည္။

သတင္း - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချရာ၌ မီတာခများ လျှော့ချနိုင်ရေးအတွက် ထိုင်းနိုင်ငံမှ ဝယ်ယူသည့် ဈေးနှုန်းပြင်ဆင် သတ်မှတ်သည့် နားလည်မှု စာချွန်လွှာကို တာချီလိတ်မီးလင်းရေးကော်မတီ နှင့် Thai Allure ကုမ္ပဏီ တို့ ၂၀၁၉ခုနှစ် ဇန်နဝါရီ (၂၃)ရက်နေ့တွင် ချုပ်ဆိုကြောင်း သိရသည်။

“ညနေက Thai Allure နဲ့ ကျွန်တော်တို့ စာချုပ်လက်မှတ်ထိုးလိုက်ပြီ။ ထိုးလိုက်တော့ Thai Allure ရဲ့သီးခြား ဖေဖော်ရီလ (၁) ရက်နေ့ကနေ စပြီး (၄) ဘတ် (၂၅) ပြားနဲ့လျှော့ကောက်မယ်ဆိုတဲ့ စာလည်းရပြီ”ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ (၂၃) ရက်နေ့တွင် ပြောသည်။

ပျောက်ဆုံးယူနစ်များ လျှော့ချနိုင်ရေးအတွက် အဓိက မိန်းကြိုးများ လဲလှယ်တပ်ဆင်ရန် စီစဉ်ခဲ့ရာတွင် အမှတ် ( ၂ )ချစ်ကြည် ရေးတံတားမှ ကျင်းလုံဟိုတယ်အထိ လမ်းပိုင်း ကြိုးအများလဲလှယ်ရေးအတွက် ထိုင်းအင်ဂျင်နီယာများနှင့် တိုင်းတာတွက် ချက်နပြေီး တိုင်စိုက်မည့် နေရာများမှ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းကို ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိတွင် မီးလင်းရေး(၂)က ကြိုးများလဲလှယ်ရန် ထိုင်းအင်ဂျင်နီယာများ နှင့် နှစ်ရက်ကြာတိုင်းတာနပြေီး မီးလင်းရေး(၂)၏ ကြိုးများနှင့် မီးလင်းရေး(၁)၏ ကြိုးများ အပေါ်အောက် သွယ်တန်းနိုင်ရန် ထိုင်းအင်ဂျင်နီယာများဖြင့် တွက်ချက်နေကြောင်း သိရသည်။

မြို့မီးလင်းရေးကော်မတီမှ တာချီလိတ်တွင် လျှပ်စစ်မီးသုံးစွဲနေသူ ပြည်သူများအား ဖေဖော်ဝါရီလတွင် သုံးစွဲခဲ့သည့် လျှပ်စစ်ဓာတ်အားခများကို လျှော့ချပေးမည် ဖြစ်သဖြင့် ဇန်နဝါရီလ အတွင်း သုံးစွဲထားသည့် လျှပ်စစ်ဓာတ်အားခများမှာ ယခင်နှုန်းထားများ အတိုင်း ပေးဆောင်ရမည် ဖြစ်ပြီး မတ်လတွင် ကောက်ခံမည့် ( ဖေဖော်ဝါရီလအတွင်း အသုံးပြုခဲ့သည့် ) သုံးစွဲယူနစ်ခများမှာ အိမ်သုံး မီတာတွင် တစ်ယူနစ် (၆)ဘတ် မှ (၅)ဘတ် ပြား(၅၀)သို့ လည်းကောင်း၊ ပါဝါမီတာများအတွက် တစ်ယူနစ် (၇)ဘတ်(၂၅)ပြားမှ (၆)ဘတ် (၇၅) ပြားသို့ လည်းကောင်း အသီးသီး လျှော့ချ သွားမည်ဖြစ်သည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~