တာချီလိတ်မြို့ရှိ ရွှေမဟာဘောလုံးအကယ်ဒမီ တွင် တတ်ရောက်လိုသည့် လူငယ်အားကစားသမားများ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နောက်ဆုံးထားလျှောက်ထားနိုင်

တာချီလိတ်မြို့ရှိ ရွှေမဟာဘောလုံးအကယ်ဒမီ တွင် တတ်ရောက်လိုသည့် လူငယ်အားကစားသမားများ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နောက်ဆုံးထားလျှောက်ထားနိုင်
ဇနျနဝါရီ 8, 2019
By Tachileik News Agency

တာချီလိတ်တွင် လူငယ်များအတွက် ဘောလုံးပညာရပ်များအား  သင်ကြားပေးမှုအဖြစ် ရွှေမဟာဘောလုံး အကယ်ဒမီက ၂၀၁၉ခုနှစ် မတ်လ(၁)ရက်နေ့တွင် စတင်မည်ဖြစ်ပြီး  မြန်မာနိုင်ငံရှိ မြို့နယ်တိုင်းမှ တတ်ရောက်လိုသူများ အနေဖြင့် ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နောက်ဆုံး ထားကာ လျှောက်ထား နိုင်ကြောင်း သိရသည်။



မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မှ အသိအမှတ်ပြုထားသည့် အကယ်ဒမီဖြစ်သောကြောင့် အဖွဲ့ချုပ်မှ သက်တမ်း အလိုက် နိုင်ငံလက်ရွေးစင်ဘောလုံးသမား  ရွေးချယ်ရာတွင်လည်း အဖွဲ့ချုပ်မှ ဖွင့်လှစ်ထားသော အမျိုးသား အကယ်ဒမီလေးခု နှင့် အတူ တိုက်ရိုက်ရွေးချယ်ခံခွင့် ရရှိမှာဖြစ်ပြီး ထူးချွန်ကစားသမားများ အနေဖြင့် ပြည်ပဘောလုံးကလပ်များ နှင့်လည်း ချိတ်ဆက်တတ်လှမ်း ခွင့် ရရှိမှာဖြစ်ကြောင်း သိရသည်။

ရွှေမဟာဘောလုံးအကယ်ဒမီတွင် တတ်ရောက်လိုသူများအနေဖြင့် ဘောလုံးအားကစားအား အပျော်သဘော နှင့် ကျွမ်းကျင်တတ်မြောက်လိုသော ရည်ရွယ်ချက်ရှိသူများ၊ ကစားသမားတစ်ဦးနှင့် သင့်လျှော်မှု့မရှိသော ကိုယ်လက်အင်္ဂါဖွဲ့စည်းမှု ချို့ယွင်းချက်ရှိသူများ ၊ AIDS ၊ အသဲရောင်အသားဝါ ၊ B ပိုး ၊  C ပိုးရှိသူများ အား တတ်ရောက်ခွင့်ပြုမှာမဟုတ်ပဲ နိုင်ငံတော်ဘောလုံးအဖွဲ့ချုပ် ဘောလုံးအကယ်ဒမီ များမှ ချမှတ်ထားသော စည်းကမ်းများအား လိုက်နာရန် အားကစားသမား နှင့် မိဘ အုပ်ထိန်းသူများမှ လက်မှတ်ရေးထိုးရမည် ဖြစ်ပြီး ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ အမျိုးသားဘောလုံးအကယ်ဒမီများဖြင့် ဖွင့်လှစ်ထားသော နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေး ၊ ပုသိမ်  တို့တွင် အဖွဲ့ချုပ်မှ နိုင်ငံလက်ရွေးစင်များ ရွေးချယ်သည့်အခါ ရွှေမဟာအကယ်ဒမီ ကျောင်းသားများမှ ၎င်းအကယ်ဒမီများ နှင့်အတူ တိုက်ရိုက်သွားရောက် ရွေးချယ်ခံရမှာ ဖြစ်ကြောင်း သိရသည်။

 လျှောက်ထားလိုသော အားကစားသမားများ အနေဖြင့်  တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းအတွင်းရှိ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း တွင် လည်းကောင်း၊ မိုင်းဆတ်မြို့ ၀ိုန်ဝိုင်းရပ်ကွက်၊ ဗထူးလမ်းရှိ ရွှေမဟာ(၁)ကိုယ်ပိုင်အထက်တန်းကျောင်းတွင်လည်းကောင်း ဖုန်း 09447251560 ၊ 0943201909 ၊ 084-52334 သို့ လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - ဆန်းဖြိုးထွန်း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်တွင် လူငယ်များအတွက် ဘောလုံးပညာရပ်များအား သင်ကြားပေးမှုအဖြစ် ရွှေမဟာဘောလုံး အကယ်ဒမီက ၂၀၁၉ခုနှစ် မတ်လ(၁)ရက်နေ့တွင် စတင်မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ မြို့နယ်တိုင်းမှ တတ်ရောက်လိုသူများ အနဖြေင့် ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နောက်ဆုံး ထားကာ လျှောက်ထား နိုင်ကြောင်း သိရသည်။

၂၀၁၉ခုနှစ် မတ်လ(၁)ရက်နေ့မှ စ၍ တာချီလိတ်မြို့တွင် ဖွင့်လှစ်သင်ကြားမည့် ရွှေမဟာဘောလုံး အကယ်ဒမီတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ နည်းပြများ ကိုယ်တိုင် လာရောက်သင်ကြားပေးမည် ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း မြို့နယ်တိုင် ရှိ အသက်(၁၀)နှစ်မှ (၁၆) နှစ်အောက် ကလေးများအား မိဘ အုပ်ထိန်းသူ မှ ကိုယ်တိုင်လာရောက်ကာ လျှောက်ထားပေးရမှာ ဖြစ်ပြီး ၂၀၁၉ ခုနှစ်တစ်နှစ်တာအတွက် အယောက် (၁၀၀) အား ရွေးချယ်လက်ခံ သင်ကြားပေး သွားမှာ ဖြစ်ကြောင်း နှင့် ရွေးချယ်ခံရပါက သင်တန်းကြေးအဖြစ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၂၀၀၀)ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော် အကယ်ဒမီကတော့ ဒီ ၂၀၁၉ ကနေ စပြီး ဖွင့်မှာပေါ့ တစ်နှစ်ပတ်လုံး သင်ကြားသွားမယ်။ လာလျှောက်ရမယ့် ကလေးတွေအနေနဲ့ကတော့ မိဘ အုပ်ထိန်းသူ ကိုယ်တိုင်လာပြီး လျှောက်ထား ပေးရမယ် မှတ်ပုံတင် ရှိတဲ့ သူက မှတ်ပုံတင်၊ ကျောင်းသားဆိုလည်း ကျောင်းသားကဒ်တွေ လိုအပ်မှာပေါ့ အခြား ထောက်ခံချက်တွေ မလိုပါဘူး။ ရွေးချယ်ခံရတဲ့ ကလေးတွေကိုတော့ တစ်လကို ဘတ်နှစ်ထောင် သတ်မှတ် ထားပါတယ် အကယ်ဒမီကို ပေးရမှာပေါ့ “ ဟု ရွှေမဟာဘောလုံးအကယ်ဒမီ မှတာဝန်ခံ ကိုညီညီမင်း က တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မှ အသိအမှတ်ပြုထားသည့် အကယ်ဒမီဖြစ်သောကြောင့် အဖွဲ့ချုပ်မှ သက်တမ်း အလိုက် နိုင်ငံလက်ရွေးစင်ဘောလုံးသမား ရွေးချယ်ရာတွင်လည်း အဖွဲ့ချုပ်မှ ဖွင့်လှစ်ထားသော အမျိုးသား အကယ်ဒမီလေးခု နှင့် အတူ တိုက်ရိုက်ရွေးချယ်ခံခွင့် ရရှိမှာဖြစ်ပြီး ထူးချွန်ကစားသမားများ အနဖြေင့် ပြည်ပဘောလုံးကလပ်များ နှင့်လည်း ချိတ်ဆက်တတ်လှမ်း ခွင့် ရရှိမှာဖြစ်ကြောင်း သိရသည်။

ရွှေမဟာဘောလုံးအကယ်ဒမီတွင် တတ်ရောက်လိုသူများအနဖြေင့် ဘောလုံးအားကစားအား အပျော်သဘော နှင့် ကျွမ်းကျင်တတ်မြောက်လိုသော ရည်ရွယ်ချက်ရှိသူများ၊ ကစားသမားတစ်ဦးနှင့် သင့်လျှော်မှု့မရှိသော ကိုယ်လက်အင်္ဂါဖွဲ့စည်းမှု ချို့ယွင်းချက်ရှိသူများ၊ AIDS၊ အသဲရောင်အသားဝါ၊ B ပိုး၊ C ပိုးရှိသူများ အား တတ်ရောက်ခွင့်ပြုမှာမဟုတ်ပဲ နိုင်ငံတော်ဘောလုံးအဖွဲ့ချုပ် ဘောလုံးအကယ်ဒမီ များမှ ချမှတ်ထားသော စည်းကမ်းများအား လိုက်နာရန် အားကစားသမား နှင့် မိဘ အုပ်ထိန်းသူများမှ လက်မှတ်ရေးထိုးရမည် ဖြစ်ပြီး ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ အမျိုးသားဘောလုံးအကယ်ဒမီများဖြင့် ဖွင့်လှစ်ထားသော နပြေည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုသိမ် တို့တွင် အဖွဲ့ချုပ်မှ နိုင်ငံလက်ရွေးစင်များ ရွေးချယ်သည့်အခါ ရွှေမဟာအကယ်ဒမီ ကျောင်းသားများမှ၎င်းအကယ်ဒမီများ နှင့်အတူ တိုက်ရိုက်သွားရောက် ရွေးချယ်ခံရမှာ ဖြစ်ကြောင်း သိရသည်။

 လျှောက်ထားလိုသော အားကစားသမားများ အနဖြေင့် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းအတွင်းရှိ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း တွင် လည်းကောင်း၊ မိုင်းဆတ်မြို့ ဝိုန်ဝိုင်းရပ်ကွက်၊ ဗထူးလမ်းရှိ ရွှေမဟာ(၁)ကိုယ်ပိုင်အထက်တန်းကျောင်းတွင်လည်းကောင်း ဖုန်း 09447251560၊ 0943201909၊ 084-52334 သို့ လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~