မိုင္းျဖတ္ - တာခ်ီလိတ္ကားလမ္းအေကြ႕တြင္ ကုန္တင္ယာဥ္တစ္စီးမွ ဆိုင္ကယ္အား ၀င္တိုက္မိရာက အမ်ဳိးသားႏွစ္ဦး ျပင္းထန္ ဒဏ္ရာရ

မိုင္းျဖတ္ - တာခ်ီလိတ္ကားလမ္းအေကြ႕တြင္ ကုန္တင္ယာဥ္တစ္စီးမွ ဆိုင္ကယ္အား ၀င္တိုက္မိရာက အမ်ဳိးသားႏွစ္ဦး ျပင္းထန္ ဒဏ္ရာရ
ဇန်နဝါရီ 29, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ မုိင္းျဖတ္ၿမိဳ႕ရိွ မုိင္းျဖတ္ - တာခ်ီလိတ္ကားလမ္းအေကြ႕တြင္ ကုန္တင္ယာဥ္တစ္စီးက တစ္ဖက္ယာဥ္ေၾကာမွ ေမာင္းႏွင္လာသည့္ ဆုိင္ကယ္ကို ဝင္တုိက္မိသျဖင့္ ဆုိင္ကယ္မွ အမ်ိဳးသား(၂)ဦးမွာ ဒဏ္ရာအျပင္းအထန္ရသြားၿပီး တာခ်ီလိတ္ျပည္သူ႔ေဆးရံုႀကီးသို႔ ပို႔ေဆာင္ေပးထားရေၾကာင္း သိရသည္။

၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၂၈)ရက္ေန႔က ဦးတင္စိန္ႏွင့္ ဦးအားဟူတို႔သည္ ဆုိင္ကယ္တစ္စီးျဖင့္ တာခ်ီလိတ္ဘက္မွ မုိင္းျဖတ္ဘက္သို႔ ေမာင္းႏွင္လာစဥ္ ယာဥ္ေမာင္း ခင္လွေမာင္းႏွင္လာသည့္ (၁၄)ဘီးယာဥ္က မုိင္းျဖတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ အသြား မုိင္တုိင္အမွတ္ (၇၂၀/၇၂၁)ၾကား လမ္းအေကြ႕တြင္ တစ္ဖက္ယာဥ္ေၾကာသို႔ ေရာက္သြားကာ ဝင္တုိက္မိျခင္းျဖစ္ေၾကာင္း သိရသည္။

 ယာဥ္တုိက္မႈျဖစ္ပြားေၾကာင္းကို မုိင္းျဖတ္ၿမိဳ႕မရဲတပ္ဖြဲ႕က ညေန (၄)နာရီခြဲအခ်ိန္တြင္ သတင္းရရိွသျဖင့္ သက္ေသမ်ား ပါဝင္သည့္အဖြဲ႕ႏွင့္အတူ သြားေရာက္စစ္ေဆးကာ သဂၤဟလူမႈကူညီေရး အသင္းက ဒဏ္ရာရသူမ်ားအား ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တုိက္မႈႏွင့္ပတ္သက္၍ ယာဥ္ေမာင္း ခင္လွကို မုိင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ) ၁/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၇/၃၃၈ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း -  ကိုသာ
ဓါတ္ပံု -  သဂၤဟလူမႈကူညီေရး အသင္း




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့ရှိ မိုင်းဖြတ် - တာချီလိတ်ကားလမ်းအကွေ့တွင် ကုန်တင်ယာဉ်တစ်စီးက တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ဝင်တိုက်မိသဖြင့် ဆိုင်ကယ်မှ အမျိုးသား(၂)ဦးမှာ ဒဏ်ရာအပြင်းအထန်ရသွားပြီး တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားရကြောင်း သိရသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့က ဦးတင်စိန်နှင့် ဦးအားဟူတို့သည် ဆိုင်ကယ်တစ်စီးဖြင့် တာချီလိတ်ဘက်မှ မိုင်းဖြတ်ဘက်သို့ မောင်းနှင်လာစဉ် ယာဉ်မောင်း ခင်လှမောင်းနှင်လာသည့် (၁၄)ဘီးယာဉ်က မိုင်းဖြတ်ဘက်မှ တာချီလိတ်ဘက်သို့ အသွား မိုင်တိုင်အမှတ် (၇၂၀/၇၂၁)ကြား လမ်းအကွေ့တွင် တစ်ဖက်ယာဉ်ကြောသို့ ရောက်သွားကာ ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားကြောင်းကို မိုင်းဖြတ်မြို့မရဲတပ်ဖွဲ့က ညနေ (၄)နာရီခွဲအချိန်တွင် သတင်းရရှိသဖြင့် သက်သေများ ပါဝင်သည့်အဖွဲ့နှင့်အတူ သွားရောက်စစ်ဆေးကာ သင်္ဂဟလူမှုကူညီရေး အသင်းက ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်း ခင်လှကို မိုင်းဖြတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း -  ကိုသာ
ဓါတ်ပုံ -  သင်္ဂဟလူမှုကူညီရေး အသင်း 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~