တာခ်ီလိတ္တြင္ ဂီတ၀ါသနာပါသည့္ လူငယ္မ်ားအတြက္ ၿပိဳင္ပြဲမဟုတ္သည့္ Tachileik Talent Show အစီအစဥ္ကို စေနေန႔ညတိုင္း ျပဳလုပ္သြားရန္ စတင္

တာခ်ီလိတ္တြင္ ဂီတ၀ါသနာပါသည့္ လူငယ္မ်ားအတြက္ ၿပိဳင္ပြဲမဟုတ္သည့္ Tachileik Talent Show အစီအစဥ္ကို စေနေန႔ညတိုင္း ျပဳလုပ္သြားရန္ စတင္
ဇန်နဝါရီ 27, 2019
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္ ဂီတ၀ါသနာပါသည့္ လူငယ္မ်ားအား စနစ္တက် သီဆိုႏုိင္ရန္အတြက္ ၿပိဳင္ပြဲမဟုတ္သည့္ Tachileik Talent Show အစီအစဥ္ကို စတင္ျခင္းအျဖစ္ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၂၆)ရက္ေန႔ ည(၇)နာရီက ျပဳလုပ္ၿပီး တီး၀ိုင္းအတြက္ ၀ါသနာရွင္ လူငယ္မ်ားမွ A3N Band တီး၀ိုင္းအဖြဲ႔ကိုလည္း ဖြဲ႔စည္းလိုက္ေၾကာင္း သိရသည္။

Tachileik Talent Show အစီအစဥ္ စတင္ျခင္း အထိမ္းအမွတ္အျဖစ္ ျမန္မာႏိုင္ငံဂီတအစည္းအရံုး၏ တာခ်ီလိတ္ၿမိဳ႕နယ္ျမန္မာႏိုင္ငံဂီတအစည္းအရံုး နာယက ဦးစိုင္းလြယ္ခမ္းက အားေပးစကားေျပာၾကားၿပီး Tachileik Talent Show အစီအစဥ္ျဖစ္ေျမာက္ေရးတြက္ အဓိက ပါ၀င္သည့္ အဆိုေတာ္ အိုက္ထြန္း က Tachileik Talent Show  ျဖစ္ေပၚလာပံုႏွင့္ ရည္မွန္းခ်က္၊ ရည္ရြယ္ခ်က္မ်ားကို ရွင္းလင္း ေျပာၾကားသြားသည္။

ရွင္းလင္းေျပာၾကားမႈမ်ားအၿပီးတြင္  Tachileik Talent Show အစီအစဥ္တြင္ တီးခတ္ေပးသြားမည့္ တီး၀ိုင္းအဖြဲ႔သစ္အေနျဖင့္ လိဒ္ဂီတာ တီးခတ္သူ အန္ဂ်လို၊ ဘစ္ဂီတာတီးခတ္သူ ဂါးဂါ၊ ကီးဘုတ္တီးခတ္သူ ေနး ႏွင့္ ဒရမ္တီးခတ္သူ ေအပရာဟမ္ တို႔ (၄)ဦးျဖင့္ A3N Band တီး၀ိုင္းအဖြဲ႔ကို ဖြဲ႔စည္းလိုက္ေၾကာင္း အဆိုေတာ္ အိုက္ထြန္း ေၾကညာသည္။

Tachileik Talent Show အစီအစဥ္အား အဆို၀ါသနာ ႏွင့္ တီး၀ိုင္းအတြက္ ၀ါသနာပါသူမ်ား စိစစ္လက္ခံေရးအတြက္ အဆိုေတာ္အိုက္ထြန္း ႏွင့္ ေတးေရး ကိုႀကီးတို႔က တာ၀န္ယူထားၿပီး၊ ၀ါသနာရွင္ လူငယ္မ်ား တီး၀ိုင္းတိုက္ရန္ ႏွင့္ သီခ်င္းတိုက္ရန္ အတြက္ တာခ်ီလိတ္ၿမိဳ႕ Smile Studio က ပံ့ပိုး ကူညီေပးထားၿပီး၊ Tachileik Talent Show အတြက္ ရွိလာမည့္ကုန္က်မႈကို Singha ဘီယာ ကုမၸဏီ ႏွင့္ Johnny Fitness Center မွ ကိုေဂ်ာ္နီ ႏွင့္ ကိုစိုင္းေနာ္ခမ္း တို႔က တာ၀န္ယူထားၿပီး Tachileik Talent Show ၏ Facebook Page အတြက္ သတင္းျပန္ၾကားေရးႏွင့္ ပတ္သက္၍ Tachileik News Agency မွ ကိုေဇာင္း တို႔က ပံ့ပိုးကူညီေပးထားျခင္း ျဖစ္သည္။

Tachileik Talent Show အစီအစဥ္သည္ ၿပိဳင္ပြဲမဟုတ္ဘဲ အဆို၀ါသနာပါသူမ်ားႏွင့္ အတီး ၀ါသနာပါသူမ်ားကို စနစ္တက်ျဖစ္ရန္အတြက္ စေနေန႔တိုင္းတြင္ သီဆိုမႈမ်ား မျပဳလုပ္မိ တီး၀ိုင္းမ်ားျဖင့္ သီခ်င္း တိုက္ျခင္းမ်ားကို ျပဳလုပ္ေပးသြားမည္ျဖစ္ၿပီး အဆို၀ါသနာပါသူမ်ား ႏွင့္ အတီး၀ါသနာပါသူမ်ားအား Tachileik Talent Show အဖြဲ႔မွ စိစစ္လက္ခံကာ ၀ါသနာပါသူ လူငယ္မ်ားႏွင့္ ေပါင္းစပ္ ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"Tachileik Talent Show ဆိုတာက ၿပိဳင္ပြဲ မဟုတ္ပါဘူး၊ ၀ါသနာပါတဲ့ လူငယ္ေတြကို စနစ္တက် သီဆိုႏိုင္ေအာင္၊ အတီး၀ါသနာပါတဲ့ လူငယ္ေတြကိုလည္း စနစ္တက် တီးႏိုင္ေအာင္ ၀ါသနာပါတူ လူငယ္အခ်င္းခ်င္း ထိေတြ႔ေပးတာမ်ဳိးေတြ လုပ္ေပးသြားမွာပါ။ စေနေန႔တိုင္း သီဆိုမႈေတြ မျပဳလုပ္ခင္မွာ ကြ်န္ေတာ္တို႔ စတူဒီယိုမွာ သီခ်င္းတိုက္တာေတြ အတီးတိုက္တာေတြ လုပ္ေပးမွာ။ တီး၀ိုင္းတိုက္တာ၊ သီခ်င္းတိုက္တာေတြအတြက္ Smile Studio က ပံ့ပိုးကူညီေပးပါတယ္၊ အဆို၀ါသနာရွင္မ်ားအေနနဲ႔ ကြ်န္ေတာ္တုိ႔ကို ဆက္သြယ္လို႔ရပါတယ္။ ကြ်န္ေတာ္တို႔က စိစစ္လက္ခံေပးသြားမွာပါ၊" ဟု အဆိုေတာ္ အိုက္ထြန္းက ေျပာသည္။

Tachileik Talent Show အစီအစဥ္သည္ မတီးတတ္၊ မဆိုတတ္သူမ်ားကို သင္ၾကားေပးသြားမည္ မဟုတ္ဘဲ၊ တီးတတ္၊ ဆိုတတ္သူ လူငယ္မ်ားအေနျဖင့္ ပီပီျပင္ျပင္ ျဖစ္ေပၚလာၿပီး လမ္းေၾကာင္းတစ္ခုကို ဦးတည္ႏို္င္ရန္ ေနရာတစ္ေနရာအျဖစ္ စီစဥ္ေပးထားျခင္း ျဖစ္ေၾကာင္း သိရသည္။

Tachileik Talent Show အစီအစဥ္အား တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ရွမ္းရိုးမကြင္း အေနာက္ဘက္က Johnny Fitness Center ၀န္းထဲတြင္ ျပဳလုပ္ျခင္းျဖစ္ၿပီး အပတ္စဥ္ စေနေန႔ ညတိုင္း ည(၇)နာရီမွ ည(၉)နာရီခြဲအထိ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ႏွင့္  အျခားေန႔မ်ားတြင္ ည(၇)နာရီခြဲမွ ည(၉)နာရီခြဲအထိ သီးျခားေဖ်ာ္ေျဖမႈမ်ား လည္းရွိမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik Talent Show အစီအစဥ္ တြင္ ပါ၀င္လိုသူ ၀ါသနာရွင္ လူငယ္မ်ားအေနျဖင့္ ဆက္သြယ္ေမးျမန္းလိုပါက ကိုအိုက္ထြန္း(အဆိုေတာ္) 095242273 ၊ ကိုႀကီး (ေတးေရး) 09250777919 ႏွင့္ ကိုေဂ်ာ္နီ 095240445 သို႔ ဆက္သြယ္ႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထိုက္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့တွင် ဂီတဝါသနာပါသည့် လူငယ်များအား စနစ်တကျ သီဆိုနိုင်ရန်အတွက် ပြိုင်ပွဲမဟုတ်သည့် Tachileik Talent Show အစီအစဉ်ကို စတင်ခြင်းအဖြစ် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့ ည(၇)နာရီက ပြုလုပ်ပြီး တီးဝိုင်းအတွက် ဝါသနာရှင် လူငယ်များမှ A3N Band တီးဝိုင်းအဖွဲ့ကိုလည်း ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

Tachileik Talent Show အစီအစဉ် စတင်ခြင်း အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဂီတအစည်းအရုံး၏ တာချီလိတ်မြို့နယ်မြန်မာနိုင်ငံဂီတအစည်းအရုံး နာယက ဦးစိုင်းလွယ်ခမ်းက အားပေးစကားပြောကြားပြီး Tachileik Talent Show အစီအစဉ်ဖြစ်မြောက်ရေးတွက် အဓိက ပါဝင်သည့် အဆိုတော် အိုက်ထွန်း က Tachileik Talent Show ဖြစ်ပေါ်လာပုံနှင့် ရည်မှန်းချက်၊ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသွားသည်။

ရှင်းလင်းပြောကြားမှုများအပြီးတွင် Tachileik Talent Show အစီအစဉ်တွင် တီးခတ်ပေးသွားမည့် တီးဝိုင်းအဖွဲ့သစ်အနဖြေင့် လိဒ်ဂီတာ တီးခတ်သူ အန်ဂျလို၊ ဘစ်ဂီတာတီးခတ်သူ ဂါးဂါ၊ ကီးဘုတ်တီးခတ်သူ နေး နှင့် ဒရမ်တီးခတ်သူ အေပရာဟမ် တို့ (၄)ဦးဖြင့် A3N Band တီးဝိုင်းအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အဆိုတော် အိုက်ထွန်း ကြေညာသည်။

Tachileik Talent Show အစီအစဉ်အား အဆိုဝါသနာ နှင့် တီးဝိုင်းအတွက် ဝါသနာပါသူများ စိစစ်လက်ခံရေးအတွက် အဆိုတော်အိုက်ထွန်း နှင့် တေးရေး ကိုကြီးတို့က တာဝန်ယူထားပြီး၊ ဝါသနာရှင် လူငယ်များ တီးဝိုင်းတိုက်ရန် နှင့် သီချင်းတိုက်ရန် အတွက် တာချီလိတ်မြို့ Smile Studio က ပံ့ပိုး ကူညီပေးထားပြီး၊ Tachileik Talent Show အတွက် ရှိလာမည့်ကုန်ကျမှုကို Singha ဘီယာ ကုမ္ပဏီ နှင့် Johnny Fitness Center မှ ကိုဂျော်နီ နှင့် ကိုစိုင်းနော်ခမ်း တို့က တာဝန်ယူထားပြီး Tachileik Talent Show၏ Facebook Page အတွက် သတင်းပြန်ကြားရေးနှင့် ပတ်သက်၍ Tachileik News Agency မှ ကိုဇောင်း တို့က ပံ့ပိုးကူညီပေးထားခြင်း ဖြစ်သည်။

Tachileik Talent Show အစီအစဉ်သည် ပြိုင်ပွဲမဟုတ်ဘဲ အဆိုဝါသနာပါသူများနှင့် အတီး ဝါသနာပါသူများကို စနစ်တကျဖြစ်ရန်အတွက် စနေနေ့တိုင်းတွင် သီဆိုမှုများ မပြုလုပ်မိ တီးဝိုင်းများဖြင့် သီချင်း တိုက်ခြင်းများကို ပြုလုပ်ပေးသွားမည်ဖြစ်ပြီး အဆိုဝါသနာပါသူများ နှင့် အတီးဝါသနာပါသူများအား Tachileik Talent Show အဖွဲ့မှ စိစစ်လက်ခံကာ ဝါသနာပါသူ လူငယ်များနှင့် ပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"Tachileik Talent Show ဆိုတာက ပြိုင်ပွဲ မဟုတ်ပါဘူး၊ ဝါသနာပါတဲ့ လူငယ်တွေကို စနစ်တကျ သီဆိုနိုင်အောင်၊ အတီးဝါသနာပါတဲ့ လူငယ်တွေကိုလည်း စနစ်တကျ တီးနိုင်အောင် ဝါသနာပါတူ လူငယ်အချင်းချင်း ထိတွေ့ပေးတာမျိုးတွေ လုပ်ပေးသွားမှာပါ။ စနေနေ့တိုင်း သီဆိုမှုတွေ မပြုလုပ်ခင်မှာ ကျွန်တော်တို့ စတူဒီယိုမှာ သီချင်းတိုက်တာတွေ အတီးတိုက်တာတွေ လုပ်ပေးမှာ။ တီးဝိုင်းတိုက်တာ၊ သီချင်းတိုက်တာတွေအတွက် Smile Studio က ပံ့ပိုးကူညီပေးပါတယ်၊ အဆိုဝါသနာရှင်များအနေနဲ့ ကျွန်တော်တို့ကို ဆက်သွယ်လို့ရပါတယ်။ ကျွန်တော်တို့က စိစစ်လက်ခံပေးသွားမှာပါ၊" ဟု အဆိုတော် အိုက်ထွန်းက ပြောသည်။

Tachileik Talent Show အစီအစဉ်သည် မတီးတတ်၊ မဆိုတတ်သူများကို သင်ကြားပေးသွားမည် မဟုတ်ဘဲ၊ တီးတတ်၊ ဆိုတတ်သူ လူငယ်များအနဖြေင့် ပီပီပြင်ပြင် ဖြစ်ပေါ်လာပြီး လမ်းကြောင်းတစ်ခုကို ဦးတည်နို်င်ရန် နေရာတစ်နေရာအဖြစ် စီစဉ်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik Talent Show အစီအစဉ်အား တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရှမ်းရိုးမကွင်း အနောက်ဘက်က Johnny Fitness Center ဝန်းထဲတွင် ပြုလုပ်ခြင်းဖြစ်ပြီး အပတ်စဉ် စနေနေ့ ညတိုင်း ည(၇)နာရီမှ ည(၉)နာရီခွဲအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် အခြားနေ့များတွင် ည(၇)နာရီခွဲမှ ည(၉)နာရီခွဲအထိ သီးခြားဖျော်ဖြေမှုများ လည်းရှိမည်ဖြစ်ကြောင်း သိရသည်။

Tachileik Talent Show အစီအစဉ် တွင် ပါဝင်လိုသူ ဝါသနာရှင် လူငယ်များအနဖြေင့် ဆက်သွယ်မေးမြန်းလိုပါက ကိုအိုက်ထွန်း(အဆိုတော်) 095242273၊ ကိုကြီး (တေးရေး) 09250777919 နှင့် ကိုဂျော်နီ 095240445 သို့ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~