တာခ်ီလိတ္ခရိုင္တြင္ ျမစိမ္းေရာင္ေက်းရြာစီမံခ်က္ ယူနစ္ (၈)ခု ထပ္တိုးေဆာင္ရြက္ေပးသြားမည္

တာခ်ီလိတ္ခရိုင္တြင္ ျမစိမ္းေရာင္ေက်းရြာစီမံခ်က္ ယူနစ္ (၈)ခု ထပ္တိုးေဆာင္ရြက္ေပးသြားမည္
ဇန်နဝါရီ 31, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ခရိုင္ရိွ ၿမိဳ႕နယ္ (၃) ၿမိဳ႕နယ္တြင္ ၂၀၁၈-၁၉ ဘ႑ာေရးႏွစ္ အတြင္း ျမစိမ္းေရာင္ေက်းရြာ စီမံခ်က္လုပ္ေဆာင္ရန္အတြက္ ေက်းရြာ (၁၂) ရြာကို ယူနစ္(၈)ခု ခြဲ၍ တာခ်ီလိတ္ခရိုင္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစီးဌာနက ထပ္တိုး ေဆာင္ရြက္ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ဆီေနာ္ေက်းရြာ၊ ခုတ္ဝေက်းရြာ၊ ေဟြစိုက္ေက်းရြာႏွင့္ ရန္ေအာင္ေက်းရြာ၊ မယ္အုန္း(၁)ေက်းရြာႏွင့္ ၾသကာပါေက်းရြာတို႔ အတြက္ ယူနစ္ (၄) ခု၊ မိုင္းျဖတ္ၿမိဳ႕နယ္တြင္ နမ့္ေဟြယြန္းေက်းရြာႏွင့္ နမ့္ေဟြလံုေက်းရြာ တို႔အတြက္ ယူနစ္ (၁) ခု၊ မိုင္းေယာင္းၿမိဳ႕နယ္တြင္ ၀မ္ဘန္းေက်းရြာ၊ ဒြင္းႏြဲ႕ေက်းရြာႏွင့္ တာေပါက္ေက်းရြာ၊ တာက်န္းေက်းရြာတို႔ အတြက္ ယူနစ္ (၁) ခု စုစုေပါင္း ေက်းရြာ (၁၂) ရြာအတြက္ ယူနစ္ (၈) ခုကို ထပ္တိုးေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျမစိမ္းေရာင္ေက်းရြာမ်ားကို အခ်က္ (၆) ခ်က္ျဖင့္ အဓိက ေရြးခ်ယ္ျခင္းျဖစ္ရာတြင္ ေလွ်ာက္ထားသည့္ ေက်းရြာမ်ားမွာ အိမ္ေျခအနည္းဆံုး(၈၀)ႏွင့္အထ က္ရိွရန္လိုအပ္ရာ အိမ္ေျခမျပည့္မီသည့္ ေက်းရြာမ်ား အတြက္ ေက်းရြာ (၂) ရြာကို ေပါင္းစပ္ဖြဲ႕စည္းကာ စီမံကိန္းအတြက္ ေလွ်ာက္ထားႏိုင္ၿပီး ယင္းေက်းရြာမ်ားအတြက္ ယူနစ္တစ္ခုအျဖစ္ သတ္မွတ္ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“သက္ဆိုင္ရာေက်းရြာက ဒီစီမံကိန္းကို ေဆာင္ရြက္ခ်င္ပါတယ္။ လိုခ်င္ပါတယ္ဆိုရင္ေတာ့ မိမိတို႔ သက္ဆိုင္ရာ ၿမိဳ႕နယ္ ေက်းလက္ဦးစီးဌာနေတြမွာ ေလွ်ာက္လႊာ တင္ထားလို႔ရပါတယ္။ ေလွ်ာက္လႊာ တင္ထားၿပီးလို႔ရိွရင္ ကၽြန္ေတာ္တို႔က စီစစ္ၿပီးေတာ့ ေဆာင္ရြက္ေပးမွာ ျဖစ္ပါတယ္။ သူတို႔ေတြ ဆႏၵရိွတယ္ ဆိုတာေလးကိုပဲ ေလွ်ာက္လႊာေရးၿပီး တင္ထားရင္ ရပါတယ္ဗ်။ ေလွ်ာက္လႊာေရးတာက ဘယ္ပံုစံနဲ႔ပဲ ေရးေရး သူတို႔အဆင္ေျပသလို ေရးတတ္သလိုေရးေပါ့။ ကၽြန္ေတာ္တို႔ ဒါကို မွတ္တမ္းတင္ၿပီးေတာ့ ရြာေရြးတဲ့ အခါမွာ ထည့္သြင္းေဆာင္ရြက္ေပးသြားမွာ ျဖစ္ပါတယ္ခင္ဗ်”ဟု တာခ်ီလိတ္ခရိုင္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစီးဌာန ခရိုင္ဦးစီးမွဴး ဒုတိယညႊန္ၾကားေရးမွဴး ဦးသန္းလြင္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ဇန္န၀ါရီလ ၃၀ ရက္ေန႔က ေျပာသည္။

ျမစိမ္းေရာင္ေက်းရြာ စီမံကိန္းမ်ားအတြက္ (၁) ယူနစ္လွ်င္ က်ပ္သိန္း (၃၀၀) ႏႈန္းျဖင့္ ေဆာင္ရြက္ေနၿပီး အလုပ္အကိုင္ အခြင့္အလမ္းမ်ားတိုးတက္ေစၿပီး ဆင္းရဲမြဲေတမႈႏႈန္းေလွ်ာ့ခ်ႏိုင္ရန္ႏွင့္ မေမွ်ာ္မွန္းႏိုင္ေသာ သဘာ၀ေဘးအႏၱရာယ္မ်ား က်ေရာက္လာပါက တုန္႔ျပန္မႈအားေကာင္းေသာ လူမႈအဖြဲ႕အစည္းမ်ား ေပၚေပါက္လာေစရန္စသည့္ ရည္ရြယ္ခ်က္ (၄) ခ်က္ျဖင့္ ၂၀၁၄ ခုႏွစ္မွ စတင္အေကာင္အထည္ ေဖာ္ေဆာင္ရြက္လာခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္အတြင္း ေက်းရြာ (၅၅၇) ရြာရိွရာတြင္ ျမစိမ္းေရာင္စီမံကိန္း အေကာင္အထည္ ေဖာ္ေဆာင္ႏိုင္မႈ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလအထိ ေက်းရြာမ်ားေပါင္း (၁၂၉) ရြာ ယူနစ္ေပါင္း (၈၉) ယူနစ္ျဖင့္ တာခ်ီလိတ္ခရိုင္၏ (၂၃) ရာခိုင္ႏႈန္းသာ ေဆာင္ရြက္ႏိုင္ေသးေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်ခရိုင်ရှိ မြို့နယ် (၃) မြို့နယ်တွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အတွင်း မြစိမ်းရောင်ကျေးရွာ စီမံချက်လုပ်ဆောင်ရန်အတွက် ကျေးရွာ (၁၂) ရွာကို ယူနစ်(၈)ခု ခွဲ၍ တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ထပ်တိုး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်တွင် ဆီနော်ကျေးရွာ၊ ခုတ်ဝကျေးရွာ၊ ဟွေစိုက်ကျေးရွာနှင့် ရန်အောင်ကျေးရွာ၊ မယ်အုန်း(၁)ကျေးရွာနှင့် သြကာပါကျေးရွာတို့ အတွက် ယူနစ် (၄) ခု၊ မိုင်းဖြတ်မြို့နယ်တွင် နမ့်ဟွေယွန်းကျေးရွာနှင့် နမ့်ဟွေလုံကျေးရွာ တို့အတွက် ယူနစ် (၁) ခု၊ မိုင်းယောင်းမြို့နယ်တွင် ဝမ်ဘန်းကျေးရွာ၊ ဒွင်းနွဲ့ကျေးရွာနှင့် တာပေါက်ကျေးရွာ၊ တာကျန်းကျေးရွာတို့ အတွက် ယူနစ် (၁) ခု စုစုပေါင်း ကျေးရွာ (၁၂) ရွာအတွက် ယူနစ် (၈) ခုကို ထပ်တိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာများကို အချက် (၆) ချက်ဖြင့် အဓိက ရွေးချယ်ခြင်းဖြစ်ရာတွင် လျှောက်ထားသည့် ကျေးရွာများမှာ အိမ်ခြေအနည်းဆုံး(၈၀)နှင့်အထ က်ရှိရန်လိုအပ်ရာ အိမ်ခြေမပြည့်မီသည့် ကျေးရွာများ အတွက် ကျေးရွာ (၂) ရွာကို ပေါင်းစပ်ဖွဲ့စည်းကာ စီမံကိန်းအတွက် လျှောက်ထားနိုင်ပြီး ယင်းကျေးရွာများအတွက် ယူနစ်တစ်ခုအဖြစ် သတ်မှတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“သက်ဆိုင်ရာကျေးရွာက ဒီစီမံကိန်းကို ဆောင်ရွက်ချင်ပါတယ်။ လိုချင်ပါတယ်ဆိုရင်တော့ မိမိတို့ သက်ဆိုင်ရာ မြို့နယ် ကျေးလက်ဦးစီးဌာနတွေမှာ လျှောက်လွှာ တင်ထားလို့ရပါတယ်။ လျှောက်လွှာ တင်ထားပြီးလို့ရှိရင် ကျွန်တော်တို့က စီစစ်ပြီးတော့ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ သူတို့တွေ ဆန္ဒရှိတယ် ဆိုတာလေးကိုပဲ လျှောက်လွှာရေးပြီး တင်ထားရင် ရပါတယ်ဗျ။ လျှောက်လွှာရေးတာက ဘယ်ပုံစံနဲ့ပဲ ရေးရေး သူတို့အဆင်ပြေသလို ရေးတတ်သလိုရေးပေါ့။ ကျွန်တော်တို့ ဒါကို မှတ်တမ်းတင်ပြီးတော့ ရွာရွေးတဲ့ အခါမှာ ထည့်သွင်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျ”ဟု တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန်းလွင်က တာချီလိတ် သတင်းအေဂျင်စီသို့ ဇန်နဝါရီလ ၃၀ ရက်နေ့က ပြောသည်။

မြစိမ်းရောင်ကျေးရွာ စီမံကိန်းများအတွက် (၁) ယူနစ်လျှင် ကျပ်သိန်း (၃၀၀) နှုန်းဖြင့် ဆောင်ရွက်နပြေီး အလုပ်အကိုင် အခွင့်အလမ်းများတိုးတက်စပြေီး ဆင်းရဲမွဲတေမှုနှုန်းလျှော့ချနိုင်ရန်နှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက တုန့်ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန်စသည့် ရည်ရွယ်ချက် (၄) ချက်ဖြင့် ၂၀၁၄ ခုနှစ်မှ စတင်အကောင်အထည် ဖော်ဆောင်ရွက်လာခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း ကျေးရွာ (၅၅၇) ရွာရှိရာတွင် မြစိမ်းရောင်စီမံကိန်း အကောင်အထည် ဖော်ဆောင်နိုင်မှု ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ ကျေးရွာများပေါင်း (၁၂၉) ရွာ ယူနစ်ပေါင်း (၈၉) ယူနစ်ဖြင့် တာချီလိတ်ခရိုင်၏ (၂၃) ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်သေးကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~