မိုင်းဖုန်းဆရာတော်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် အလှူရှင်မိသားစုများက မိုင်းဖုန်းဒေသအတွင်း မြေဧက (၃၀) လှူဒါန်း

မိုင်းဖုန်းဆရာတော်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် အလှူရှင်မိသားစုများက မိုင်းဖုန်းဒေသအတွင်း မြေဧက (၃၀) လှူဒါန်း
ဇနျနဝါရီ 3, 2019
By Tachileik News Agency

သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရ၏ သက်တော် (၅၆) နှစ်ပြည့် ဝိဇာတမွေးနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စု၊ ပါဆာကျေးရွာရှိ မိုင်းဖုန်းဆရာတော်ကျောင်းတိုက်အနီးရှိ မြေဧက(၃၀) ကို စေတနာရှင် မိသားစုများက လှူဒါန်းလိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်း၊ ပါဆာကျေးရွာ၊ လွမ်လိန်းကျောင်းတိုက်အနီး လက်ရှိ ဘူတန်ကျောင်းဆောင်သစ် ဆောက်လုပ်ထားသည့် နေရာအပါအ၀င် အကျယ်အ၀န်း ဧက(၃၀)ရှိသည့် မြေနေရာအား  စေနာရှင် အလှူရှင်များ ဖြစ်သည့်  ဦးဖရန်စစ် စိုင်းထွန်းရီ နှင့် ဒေါ်မာဒလေးနာ နန်းဝိုးကျန် နှင့် သားသမီးများ ၊ ဦးရစ်ချတ်နှင့် ဒေါ်နန်းပီးယာရီ မိသားစု၊ ဦးကျော်လင်းခိုင် မိသားစုနှင့် ဒေါ်ခိုင်ခိုင်သင်း မိသားစုတို့မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့က လှူဒါန်းရာ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရက လက်ခံတော်မူကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်၏ သက်တော် (၅၆)နှစ်ပြည့် ဝိဇာတမွေးနေ့မှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့၌ ကျရောက်မည်ဖြစ်ရာ ဇန်နဝါရီလ (၁)ရက်နေ့မှ (၅)ရက်နေ့အထိ ဆရာတော်၏ကျောင်းတိုက်တွင် ဝိဇာတမွေးနေ့ တရားပွဲများကို ကျင်းပနေပြီး ပြည်တွင်း၊ပြည်ပမှ လာရောက်ဖူးမြော်သူ အမြောက်အများ လာရောက်နေကြခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂Unicode Version ~~~~~~~~

သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရ၏ သက်တော် (၅၆) နှစ်ပြည့် ဝိဇာတမွေးနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စု၊ ပါဆာကျေးရွာရှိ မိုင်းဖုန်းဆရာတော်ကျောင်းတိုက်အနီးရှိ မြေဧက(၃၀) ကို စေတနာရှင် မိသားစုများက လှူဒါန်းလိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်း၊ ပါဆာကျေးရွာ၊ လွမ်လိန်းကျောင်းတိုက်အနီး လက်ရှိ ဘူတန်ကျောင်းဆောင်သစ် ဆောက်လုပ်ထားသည့် နေရာအပါအဝင် အကျယ်အဝန်း ဧက(၃၀)ရှိသည့် မြေနေရာအား စေနာရှင် အလှူရှင်များ ဖြစ်သည့် ဦးဖရန်စစ် စိုင်းထွန်းရီ နှင့် ဒေါ်မာဒလေးနာ နန်းဝိုးကျန် နှင့် သားသမီးများ၊ ဦးရစ်ချတ်နှင့် ဒေါ်နန်းပီးယာရီ မိသားစု၊ ဦးကျော်လင်းခိုင် မိသားစုနှင့် ဒေါ်ခိုင်ခိုင်သင်း မိသားစုတို့မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့က လှူဒါန်းရာ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရက လက်ခံတော်မူကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်၏ သက်တော် (၅၆)နှစ်ပြည့် ဝိဇာတမွေးနေ့မှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့၌ ကျရောက်မည်ဖြစ်ရာ ဇန်နဝါရီလ (၁)ရက်နေ့မှ (၅)ရက်နေ့အထိ ဆရာတော်၏ကျောင်းတိုက်တွင် ဝိဇာတမွေးနေ့ တရားပွဲများကို ကျင်းပနပြေီး ပြည်တွင်း၊ပြည်ပမှ လာရောက်ဖူးမြော်သူ အမြောက်အများ လာရောက်နကြခြေင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - အိုက်သား၊ Noynoy Wongyai

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~