ထိုင္းႏိုင္ငံအတြင္း ဇန္န၀ါရီလတစ္လတာကာလအတြင္း၌ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသားမ်ားကို တာခ်ီလိတ္သို႔ လႊဲေျပာင္းလာရာ (၁၇၄)ဦး ရွိလာခဲ့ၿပီး ကန္႔သတ္နယ္ေျမကို ေက်ာ္လြန္သြားျခင္းေၾကာင္း ဖမ္းဆီးခံရသူ အမ်ားအျပား ပါ၀င္

ထိုင္းႏိုင္ငံအတြင္း ဇန္န၀ါရီလတစ္လတာကာလအတြင္း၌ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသားမ်ားကို တာခ်ီလိတ္သို႔ လႊဲေျပာင္းလာရာ (၁၇၄)ဦး ရွိလာခဲ့ၿပီး ကန္႔သတ္နယ္ေျမကို ေက်ာ္လြန္သြားျခင္းေၾကာင္း ဖမ္းဆီးခံရသူ အမ်ားအျပား ပါ၀င္
ဇန်နဝါရီ 31, 2019
By Tachileik News Agency
ထိုင္းႏိုင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးျဖင့္ ဖမ္းဆီးခံရသည့္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားကို ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ၏ တစ္လတာ ကာလအတြင္း တာခ်ီလိတ္သို႔ ျပန္လည္လႊဲေျပာင္းေပးလာရာမွာ စုစုေပါင္း (၁၇၄)ဦး ရွိၿပီျဖစ္ေၾကာင္း သိရၿပီး ၎တို႔ထဲတြင္ ကန္႔သတ္နယ္ေျမကို ေက်ာ္လြန္သြားျခင္းေၾကာင့္ ဖမ္းဆီးခံရသူ အမ်ားအျပား ပါ၀င္ေၾကာင္း သိရသည္။

"သြားတာကေတာ့ ဒီတိုင္းပဲေပါ့၊ ရိုးရိုးစာအုပ္လုပ္ၿပီးသြားတယ္၊ ဘန္ေကာက္မေရာက္ခင္ ဂိတ္မွာ ဖမ္းခံရတယ္၊ အဲ့လိုမ်ဳိးကမ်ားတယ္၊ ျဖတ္တုန္းကေတာ့  ျမန္မာဘက္ကေန ထုတ္ေပးတဲ့ စာအုပ္နဲ႔ တရား၀င္သြားတယ္၊ ဟိုဖက္လည္းေရာက္ေရာ ကန္႔သတ္နယ္ေျမလြန္သြားတဲ့အခါ ဥပမာ ဘန္႔ထန္႔ဂိတ္တို႔ ဖေယာင္းတို႔၊ ခ်င္းမိုင္တို႔ေရာက္ေတာ့ ဖမ္းခံရတာမ်ားတယ္"ဟု ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီ ေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC)မွ ကိုထြန္းႏိုင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇန္န၀ါရီလ(၃၁)ရက္ေန႔တြင္ ေျပာသည္။

၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ၏ (၁၇၄)ေယာက္ေျမာက္အျဖစ္ ဇန္န၀ါရီလ(၃၁)ရက္ေန႔တြင္ မယ္ဆုိင္ဘက္ တာ၀န္ရွိသူမ်ားက လာေရာက္လႊဲေျပာင္းလာရာမွာ  ျမန္မာႏုိင္ငံသား (၂၄)ဦးတြင္ အမ်ဳိးသား (၁၂)ဦး ႏွင့္ အမ်ဳိးသမီး (၁၂)ဦး ပါ၀င္ေၾကာင္းႏွင့္ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ဇန္န၀ါရီလ(၃၁)ရက္ေန႔အထိ  အမ်ဳိးသား(၁၁၁)ဦး ႏွင့္ အမ်ဳိးသမီး(၅၉)ဦးအျပင္ ကေလးငယ္(၄)ဦး စုစုေပါင္း (၁၇၄)ဦးရွိၿပီျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံအတြင္း လာေရာက္ အလုပ္ လုပ္ကိုင္ႏိုင္ရန္အတြက္ လူမႈကြန္ရက္မ်ားမွ တဆင့္လည္း ေခၚသူမ်ားလည္းရွိရာတြင္ သြားေရာက္သူမ်ားမွ ဖမ္းဆီးခံရမႈမ်ားႏွင့္လည္း ႀကံဳေတြ႔ခဲ့ရသည္မ်ားလည္း ရွိေၾကာင္း သိရသည္။

"Facebook ေတြထဲကေန ထိုင္းမွာ လာလုပ္၊ အလုပ္ေကာင္းတယ္ဆိုၿပီး ေခၚတဲ့ အစိတ္အပိုင္းေတြလည္း ရွိတယ္၊"ဟု ကိုထြန္းႏိုင္ဦးက ေျပာသည္။

ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးျဖင့္ ဖမ္းဆီးခံရသူမ်ားအား ထိုင္းဥပေဒအရ ေရးယူေဆာင္ရြက္မႈမ်ားၿပီးေျမာက္ပါက ျမန္မာႏိုင္ငံ တာခ်ီလိတ္ၿမိဳ႕သို႔ လႊဲေျပာင္းေပးလာေလ့ရွိရာတြင္ တာခ်ီလိတ္မွ  ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္ အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳ တုိက္ဖ်က္ေရးရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီ ေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံေပးေလ့ရွိၿပီး ေနရပ္ျပန္ရန္အတြက္ အခက္အခဲရွိသူမ်ားကိုလည္း ပူးေပါင္းေဆာင္ရြက္ေပးေလ့ရွိေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - CNCMC



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများကို ၂၀၁၉ခုနှစ် ဇန်နဝါရီလ၏ တစ်လတာ ကာလအတွင်း တာချီလိတ်သို့ ပြန်လည်လွှဲပြောင်းပေးလာရာမှာ စုစုပေါင်း (၁၇၄)ဦး ရှိပြီဖြစ်ကြောင်း သိရပြီး၎င်းတို့ထဲတွင် ကန့်သတ်နယ်မြေကို ကျော်လွန်သွားခြင်းကြောင့် ဖမ်းဆီးခံရသူ အများအပြား ပါဝင်ကြောင်း သိရသည်။

"သွားတာကတော့ ဒီတိုင်းပဲပေါ့၊ ရိုးရိုးစာအုပ်လုပ်ပြီးသွားတယ်၊ ဘန်ကောက်မရောက်ခင် ဂိတ်မှာ ဖမ်းခံရတယ်၊ အဲ့လိုမျိုးကများတယ်၊ ဖြတ်တုန်းကတော့ မြန်မာဘက်ကနေ ထုတ်ပေးတဲ့ စာအုပ်နဲ့ တရားဝင်သွားတယ်၊ ဟိုဖက်လည်းရောက်ရော ကန့်သတ်နယ်မြေလွန်သွားတဲ့အခါ ဥပမာ ဘန့်ထန့်ဂိတ်တို့ ဖယောင်းတို့၊ ချင်းမိုင်တို့ရောက်တော့ ဖမ်းခံရတာများတယ်"ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီ စောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC)မှ ကိုထွန်းနိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၃၁)ရက်နေ့တွင် ပြောသည်။

၂၀၁၉ခုနှစ် ဇန်နဝါရီလ၏ (၁၇၄)ယောက်မြောက်အဖြစ် ဇန်နဝါရီလ(၃၁)ရက်နေ့တွင် မယ်ဆိုင်ဘက် တာဝန်ရှိသူများက လာရောက်လွှဲပြောင်းလာရာမှာ မြန်မာနိုင်ငံသား (၂၄)ဦးတွင် အမျိုးသား (၁၂)ဦး နှင့် အမျိုးသမီး (၁၂)ဦး ပါဝင်ကြောင်းနှင့် ဇန်နဝါရီလ(၁)ရက်နေ့မှ ဇန်နဝါရီလ(၃၁)ရက်နေ့အထိ အမျိုးသား(၁၁၁)ဦး နှင့် အမျိုးသမီး(၅၉)ဦးအပြင် ကလေးငယ်(၄)ဦး စုစုပေါင်း (၁၇၄)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ် လုပ်ကိုင်နိုင်ရန်အတွက် လူမှုကွန်ရက်များမှ တဆင့်လည်း ခေါ်သူများလည်းရှိရာတွင် သွားရောက်သူများမှ ဖမ်းဆီးခံရမှုများနှင့်လည်း ကြုံတွေ့ခဲ့ရသည်များလည်း ရှိကြောင်း သိရသည်။

"Facebook တွေထဲကနေ ထိုင်းမှာ လာလုပ်၊ အလုပ်ကောင်းတယ်ဆိုပြီး ခေါ်တဲ့ အစိတ်အပိုင်းတွေလည်း ရှိတယ်၊"ဟု ကိုထွန်းနိုင်ဦးက ပြောသည်။

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရသူများအား ထိုင်းဥပဒေအရ ရေးယူဆောင်ရွက်မှုများပြီးမြောက်ပါက မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ လွှဲပြောင်းပေးလာလေ့ရှိရာတွင် တာချီလိတ်မှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီ စောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံပေးလေ့ရှိပြီး နေရပ်ပြန်ရန်အတွက် အခက်အခဲရှိသူများကိုလည်း ပူးပေါင်းဆောင်ရွက်ပေးလေ့ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~