ထိုင္းႏိုင္ငံအတြင္း ဖမ္းဆီးရမိသည့္ ျမန္မာႏိုင္ငံသား (၁၄)ဦးကို အေရးယူၿပီးေနာက္ တာခ်ီလိတ္သို႔ လႊဲေျပာင္း

ထိုင္းႏိုင္ငံအတြင္း ဖမ္းဆီးရမိသည့္ ျမန္မာႏိုင္ငံသား (၁၄)ဦးကို အေရးယူၿပီးေနာက္ တာခ်ီလိတ္သို႔ လႊဲေျပာင္း
ဇန်နဝါရီ 11, 2019
By Tachileik News Agency

ျမန္မာ - ထုိင္းနယ္စပ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံတြင္း ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသား (၁၄)ဦးကို ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၀)ရက္ေန႔ နံနက္ပိုင္းက ထုိင္းႏုိင္ငံက လာေရာက္ လႊဲေျပာင္းေပးလာေၾကာင္း သိရသည္။

လႊဲေျပာင္းေပးလာသည့္ ျမန္မာႏိုင္ငံသားမ်ားကို ျမန္မာဘက္မွ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရးရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံမယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC ) တို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။

ထိုင္းႏုိင္ငံတြင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံရၿပီး ျပန္လည္လြတ္ေျမာက္လာသည့္ ျမန္မာႏိုင္ငံသားမ်ားကို ထုိင္းႏုိင္ငံက ျမန္မာႏိုင္ငံနယ္စပ္ေဒသၿမိဳ႕မ်ားသို႔ ျပန္လည္လႊဲေျပာင္းေပးေလ့ရိွရာ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕သို႔ အမ်ိဳးသား (၈)ဦးႏွင့္ အမ်ိဳးသမီး (၆)ဦး  ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၁)ရက္ေန႔ ေန႔လည္(၁)နာရီ၀န္းက်င္က  လာေရာက္ လႊဲေျပာင္းေပးျခင္းျဖစ္သည္။

လာေရာက္လႊဲေျပာင္းေပးလာသူမ်ားအတြင္ ျမန္မာႏိုင္ငံသားမဟုတ္ဘဲ အျခားႏိုင္ငံသားမ်ား ပါ၀င္လာျခင္း ရွိမရွိကို ေသခ်ာစြာ စိစစ္ၿပီးမွ လက္ခံေလ့ရွိၿပီး ျမန္မာႏိုင္ငံသား မဟုတ္ဘဲ အျခားႏိုင္ငံသားမ်ား ေရာေႏွာ ပါ၀င္လာပါက ခ်က္ျခင္း ျပန္လည္လႊဲေျပာင္းေပးမႈမ်ား ရွိခဲ့ေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - CNCMC



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၁၄)ဦးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံက လာရောက် လွှဲပြောင်းပေးလာကြောင်း သိရသည်။

လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများကို မြန်မာဘက်မှ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC ) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံက မြန်မာနိုင်ငံနယ်စပ်ဒေသမြို့များသို့ ပြန်လည်လွှဲပြောင်းပေးလေ့ရှိရာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အမျိုးသား (၈)ဦးနှင့် အမျိုးသမီး (၆)ဦး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့ နေ့လည်(၁)နာရီဝန်းကျင်က လာရောက် လွှဲပြောင်းပေးခြင်းဖြစ်သည်။

လာရောက်လွှဲပြောင်းပေးလာသူများအတွင် မြန်မာနိုင်ငံသားမဟုတ်ဘဲ အခြားနိုင်ငံသားများ ပါဝင်လာခြင်း ရှိမရှိကို သေချာစွာ စိစစ်ပြီးမှ လက်ခံလေ့ရှိပြီး မြန်မာနိုင်ငံသား မဟုတ်ဘဲ အခြားနိုင်ငံသားများ ရောနှော ပါဝင်လာပါက ချက်ခြင်း ပြန်လည်လွှဲပြောင်းပေးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~