တာခ်ီလိတ္ၿမိဳ႕တြင္ ႏွစ္ရက္တာ ျပဳလုပ္ခဲ့သည့္ သားအိမ္ေခါင္းကင္ဆာ အခမဲ့စမ္းသပ္ကုသေပးမႈအစီအစဥ္သို႔ အမ်ဳိးသမီးေပါင္း (၁,၆၄၀)ဦး လာေရာက္ ျပသ

တာခ်ီလိတ္ၿမိဳ႕တြင္ ႏွစ္ရက္တာ ျပဳလုပ္ခဲ့သည့္ သားအိမ္ေခါင္းကင္ဆာ အခမဲ့စမ္းသပ္ကုသေပးမႈအစီအစဥ္သို႔ အမ်ဳိးသမီးေပါင္း (၁,၆၄၀)ဦး လာေရာက္ ျပသ
ဇန်နဝါရီ 27, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ရိွ ျပည္သူ႔ေဆးရံုေဟာင္းအတြင္းတြင္ ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီလ (၂၆)ရက္ႏွင့္ (၂၇)ရက္ေန႔က ျပဳလုပ္ခဲ့သည့္ သားအိမ္ေခါင္းကင္ဆာ အခမဲ့ စမ္းသပ္ကုသေပးမႈ အစီအစဥ္တြင္ အမ်ဳိးသမီးေပါင္း (၁,၆၄၀)ဦး လာေရာက္စမ္းသပ္ ကုသမႈခံယူခဲ့ေၾကာင္း သိရသည္။

“ကၽြန္မတို႔ တာခ်ီလိတ္ခရိုင္ၿပီးရင္ က်ိဳင္းတံုခရိုင္ေပါ့။ ခရိုင္ေတြ အကုန္လုပ္ေပးမွာ။ ၿပီးေတာ့မွ ၿမိဳ႕နယ္ေတြလာမွာ။ ရွမ္းျပည္နယ္ႀကီးက အေရွ႕ရယ္၊ ေျမာက္ရယ္၊ ေတာင္ရယ္ရိွေတာ့ က်ယ္ျပန္႔တယ္ေလ။ အားလံုးမွ်ႏိုင္ေအာင္ အရင္ဆံုး လုပ္သြားေပးမွာရွင့္”ဟု အခမဲ့စမ္းသပ္ကုမႈ အစီအစဥ္ကို ဦးေဆာင္ျပဳလုပ္သည့္ ရွမ္းျပည္နယ္အမ်ဳိးသမီးေရးရာအဖြဲ႔ နာယက၊ ေဒၚနန္းေရႊျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇန္န၀ါရီလ (၂၆) ရက္တြင္ေျပာသည္။

အမ်ိဳးသမီးမ်ားတြင္ အျဖစ္အမ်ားဆံုးႏွင့္ ေသေပ်ာက္မႈအမ်ားဆံုး ကင္ဆာစာရင္း၀င္သည့္ သားအိမ္ေခါင္းကင္ဆာ စမ္းသပ္ ကုသေပးမႈအစီအစဥ္တြင္ ဇန္န၀ါရီလ (၂၆) ရက္ေန႔က (၁,၂၄၉)ဦး၊
(၂၇)ရက္တြင္ (၃၉၁)ဦး လာေရာက္စစ္ေဆးကုသမႈခံယူခဲ့ ေၾကာင္းသိရသည္။

“လုပ္သြားတဲ့ေနရာမွာလည္း အဓိကေျပာရင္ ကၽြန္မတို႔ကို လိုက္လုပ္ေပးမယ့္ ဒီ OG ႀကီးေတြ၊ ပါေမာကၡ OG ႀကီးေတြ၊ သူတို႔အားတဲ့အခ်ိန္နဲ႔ ညိႇၿပီးေတာ့ လုပ္ရတာပါရွင့္။ ကၽြန္မတို႔ဆီမွာရိွတဲ့ရန္ပံုေငြေပါ့ေနာ္။ ကၽြန္မတို႔က ကုသမႈတစ္ခုၿပီးရင္ ေဆး၀ယ္တယ္။ အမ်ိဳးသမီးေတြကို စမ္းသပ္တဲ့ ပစၥည္းေတြကလည္း တစ္ခါသံုးပဲ။ သားအိမ္ေခါင္းဖြင့္တဲ့ ဘဲႏႈတ္သီးတို႔။ လက္အိတ္ အကုန္လံုးေပါ့ေနာ္။ အမ်ားနဲ႔ လုပ္တဲ့ အခါက်ေတာ့ ကူးစက္မႈဘာညာ မျဖစ္ေအာင္ေပါ့။ တစ္ခါသံုးပစၥည္း ေတြစုေဆာင္းရတယ္။ ေဆးရည္ေကာ ဆက္စပ္တဲ့ ပစၥည္းေတြ အားလံုးကလည္း ရန္ကုန္ ဒါမွမဟုတ္ မႏၱေလးကေန မွာရတယ္။ လူႏွစ္ေထာင္စာေလာက္ ရရင္ေတာ့ ကၽြန္မတို႔ လုပ္ငန္းစတယ္ေပါ့။ ကၽြန္မလက္ထဲ ေငြသိန္း(၁၀၀)ေလာက္ရိွရင္ လုပ္ငန္းစတယ္ေပါ့။ ကၽြန္မတို႔ စရိတ္စကေတြေရာ၊ ကၽြန္မတို႔ ပင့္ေခၚတဲ့ ဆရာ၀န္မႀကီးေတြေရာ ေလယာဥ္စရိတ္တို႔ တည္းခိုခန္းစရိတ္တို႔ ဘာညာေတြေပါ့။ အားလံုး အဆင္ေျပေအာင္ေပါ့။ ကၽြန္မတို႔ေခၚလာတဲ့ ဆရာ၀န္ႀကီးေတြ အကုန္လံုး စိတ္ခ်မ္းသာ လက္ခ်မ္းသာနဲ႔ ကၽြန္မတို႔ ျပည္သူအတြက္ကို ေစတနာထားၿပီးေတာ့ လုပ္ေပးႏိုင္ေအာင္ေပါ့။ စိတ္ၾကည္ၾကည္သာသာနဲ႔ စမ္းသပ္ေတာ့ ျပည္သူေတြလည္း စိတ္ခ်မ္းသာတာေပါ့”ဟု ေဒၚနန္းေရႊျမင့္က ေျပာသည္။

သားအိမ္ေခါင္းကင္ဆာ စမ္းသပ္ ကုသေပးမႈအစီအစဥ္မ်ားကို ေတာင္ႀကီးၿမိဳ႕၊ နမ့္ဆန္ၿမိဳ႕၊ ေညာင္ေရႊၿမိဳ႕နယ္ရိွ တာေလး၊ စံကားေက်းရြာ၊ လားရိႈးၿမိဳ႕၊ ေက်ာက္မဲခရိုင္၊ မူဆယ္ခရိုင္၊ ဆီဆိုင္ၿမိဳ႕မ်ားတြင္ သြားေရာက္ကုသခဲ့ၿပီး လူနာ(၆,၀၀၀)ေက်ာ္ စမ္းသပ္ကုသေပးခဲ့ၿပီး တာခ်ီလိတ္ၿမိဳ႕ အပါအ၀င္ လူနာ (၇,၀၀၀)ေက်ာ္ကို စမ္းသပ္ကုသေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ပြည်သူ့ဆေးရုံဟောင်းအတွင်းတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၂၆)ရက်နှင့် (၂၇)ရက်နေ့က ပြုလုပ်ခဲ့သည့် သားအိမ်ခေါင်းကင်ဆာ အခမဲ့ စမ်းသပ်ကုသပေးမှု အစီအစဉ်တွင် အမျိုးသမီးပေါင်း (၁,၆၄၀)ဦး လာရောက်စမ်းသပ် ကုသမှုခံယူခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ တာချီလိတ်ခရိုင်ပြီးရင် ကျိုင်းတုံခရိုင်ပေါ့။ ခရိုင်တွေ အကုန်လုပ်ပေးမှာ။ ပြီးတော့မှ မြို့နယ်တွေလာမှာ။ ရှမ်းပြည်နယ်ကြီးက အရှေ့ရယ်၊ မြောက်ရယ်၊ တောင်ရယ်ရှိတော့ ကျယ်ပြန့်တယ်လေ။ အားလုံးမျှနိုင်အောင် အရင်ဆုံး လုပ်သွားပေးမှာရှင့်”ဟု အခမဲ့စမ်းသပ်ကုမှု အစီအစဉ်ကို ဦးဆောင်ပြုလုပ်သည့် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ဒေါ်နန်းရွှမြေင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ (၂၆) ရက်တွင်ပြောသည်။

အမျိုးသမီးများတွင် အဖြစ်အများဆုံးနှင့် သေပျောက်မှုအများဆုံး ကင်ဆာစာရင်းဝင်သည့် သားအိမ်ခေါင်းကင်ဆာ စမ်းသပ် ကုသပေးမှုအစီအစဉ်တွင် ဇန်နဝါရီလ (၂၆) ရက်နေ့က (၁,၂၄၉)ဦး၊
(၂၇)ရက်တွင် (၃၉၁)ဦး လာရောက်စစ်ဆေးကုသမှုခံယူခဲ့ ကြောင်းသိရသည်။

“လုပ်သွားတဲ့နေရာမှာလည်း အဓိကပြောရင် ကျွန်မတို့ကို လိုက်လုပ်ပေးမယ့် ဒီ OG ကြီးတွေ၊ ပါမောက္ခ OG ကြီးတွေ၊ သူတို့အားတဲ့အချိန်နဲ့ ညှိပြီးတော့ လုပ်ရတာပါရှင့်။ ကျွန်မတို့ဆီမှာရှိတဲ့ရန်ပုံငွေပေါ့နော်။ ကျွန်မတို့က ကုသမှုတစ်ခုပြီးရင် ဆေးဝယ်တယ်။ အမျိုးသမီးတွေကို စမ်းသပ်တဲ့ ပစ္စည်းတွေကလည်း တစ်ခါသုံးပဲ။ သားအိမ်ခေါင်းဖွင့်တဲ့ ဘဲနှုတ်သီးတို့။ လက်အိတ် အကုန်လုံးပေါ့နော်။ အများနဲ့ လုပ်တဲ့ အခါကျတော့ ကူးစက်မှုဘာညာ မဖြစ်အောင်ပေါ့။ တစ်ခါသုံးပစ္စည်း တွေစုဆောင်းရတယ်။ ဆေးရည်ကော ဆက်စပ်တဲ့ ပစ္စည်းတွေ အားလုံးကလည်း ရန်ကုန် ဒါမှမဟုတ် မန္တလေးကနေ မှာရတယ်။ လူနှစ်ထောင်စာလောက် ရရင်တော့ ကျွန်မတို့ လုပ်ငန်းစတယ်ပေါ့။ ကျွန်မလက်ထဲ ငွေသိန်း(၁၀၀)လောက်ရှိရင် လုပ်ငန်းစတယ်ပေါ့။ ကျွန်မတို့ စရိတ်စကတွေရော၊ ကျွန်မတို့ ပင့်ခေါ်တဲ့ ဆရာဝန်မကြီးတွေရော လေယာဉ်စရိတ်တို့ တည်းခိုခန်းစရိတ်တို့ ဘာညာတွေပေါ့။ အားလုံး အဆင်ပြေအောင်ပေါ့။ ကျွန်မတို့ခေါ်လာတဲ့ ဆရာဝန်ကြီးတွေ အကုန်လုံး စိတ်ချမ်းသာ လက်ချမ်းသာနဲ့ ကျွန်မတို့ ပြည်သူအတွက်ကို စေတနာထားပြီးတော့ လုပ်ပေးနိုင်အောင်ပေါ့။ စိတ်ကြည်ကြည်သာသာနဲ့ စမ်းသပ်တော့ ပြည်သူတွေလည်း စိတ်ချမ်းသာတာပေါ့”ဟု ဒေါ်နန်းရွှမြေင့်က ပြောသည်။

သားအိမ်ခေါင်းကင်ဆာ စမ်းသပ် ကုသပေးမှုအစီအစဉ်များကို တောင်ကြီးမြို့၊ နမ့်ဆန်မြို့၊ ညောင်ရွှမြေို့နယ်ရှိ တာလေး၊ စံကားကျေးရွာ၊ လားရှိုးမြို့၊ ကျောက်မဲခရိုင်၊ မူဆယ်ခရိုင်၊ ဆီဆိုင်မြို့များတွင် သွားရောက်ကုသခဲ့ပြီး လူနာ(၆,ဝဝဝ)ကျော် စမ်းသပ်ကုသပေးခဲ့ပြီး တာချီလိတ်မြို့ အပါအဝင် လူနာ (၇,ဝဝဝ)ကျော်ကို စမ်းသပ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~