မိုင္းဆတ္-တာခ်ီလိတ္ကားလမ္းအား "ဝ"အထူးေဒသ(၂)မွ ႏိုင္ငံေတာ္သို႔လႊဲေျပာင္းေပးအပ္လိုက္ၿပီး လမ္းအသံုးျပဳခမေကာက္ခံေတာ့

မိုင္းဆတ္-တာခ်ီလိတ္ကားလမ္းအား "ဝ"အထူးေဒသ(၂)မွ ႏိုင္ငံေတာ္သို႔လႊဲေျပာင္းေပးအပ္လိုက္ၿပီး လမ္းအသံုးျပဳခမေကာက္ခံေတာ့
ဒီဇင်ဘာ 1, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ခ႐ိုင္ႏွင ့္တာခ်ီလိတ္ခ႐ိုင္ ဆက္သြယ္ထားေသာ မိုင္းဆတ္-တာခ်ီလိတ္ကားလမ္းအား "၀"အထူးေဒသ(၂)မွ ႏိုင္ငံေတာ္သို႔ ၂၀၁၈ ခုႏွစ္၊ ႏို၀င္ဘာလ (၃၀) ရက္ေန႔ နံနက္ (၉) နာရီတြင္ လႊဲေျပာင္းေပးလုိက္ၿပီး “ဝ”အထူးေဒသ(၂)အေနျဖင့္ လမ္းပိုင္းအသံုးျပဳခကို ေကာက္ခံေတာ့မည္ မဟုတ္ေၾကာင္း သိရသည္။

လမ္းလႊဲေျပာင္းေပးအပ္ျခင္းအား မိုင္းဆတ္ခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနအစည္းအေဝးခန္းမ၌ ရွမ္းျပည္နယ္လမ္းပန္းဆက္သြယ္ေရး၀န္ႀကီး  ဦးခြန္ရဲေထြး၊ ရွမ္းျပည္နယ္စည္ပင္သာ ယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္း၊ ရွမ္းျပည္နယ္အစိုးရအဖဲြ႔ အတြင္းေရးမွဴး ဦးစိုးစိုးေဇာ္ႏွင့္ ဌာနဆိုင္ရာတာ၀န္ရိွသူမ်ား၊ "၀"အထူးေဒသ(၂)၊ စစ္ေဒသ(၁၇၁)မွ ႏိုင္ငံေရးမွဴး ဦးအားဖူႏွင့္ ဒုတပ္မဟာမွဴး ဦးေပါက္္အိုက္ခမ္းတို႔ဦးေဆာင္ ေသာ အဖဲြ႔၀င္(၁၀)ဦးတို႔တက္ေရာက္သည့္ ႏွစ္ဖက္ညိႇႏိႈင္းအစည္းအေဝးတြင္ လႊဲေျပာင္းလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

မိုင္းဆတ္-တာခ်ီလိတ္ကားလမ္းအား "၀"အထူးေဒသ(၂)၊ စစ္ေဒသ(၁၇၁)က ၁၉၉၈ခုႏွစ္တြင္ မိမိအစီအစဥ္ျဖင့္ ေဖါက္လုပ္ခဲ့ျခင္းျဖစ္ၿပီး အစိုးရႏွင့္ခ်ဳပ္ဆိုထားသည့္စာခ်ဳပ္စာတမ္းမရိွသျဖင့္ လမ္းလႊဲေျပာင္းေပးအပ္ရာတြင္ စာခ်ဳပ္ စာတမ္းျဖင့္ လက္မွတ္ေရးထိုးျခင္းမျပဳဘဲ ႐ိုး႐ိုးရွင္းရွင္းသာ လႊဲေျပာင္းေပးမည္ျဖစ္ၿပီး “ဝ”အထူးေဒသ(၂)မွ ေဒသခံျပည္သူမ်ားအတြက္ လက္ေဆာင္အျဖစ္ ႏိုင္ငံေတာ္သို႔ လႊဲေျပာင္္းေပးအပ္ျခင္းျဖစ္ေၾကာင္း အဆိုပါ လမ္းပိုင္းလႊဲေျပာင္းေပးရာတြင္ "၀" အထူးေဒသ(၂)၊စစ္ေဒသ(၁၇၁) ႏိုင္ငံေရးမွဴး ဦးအားဖူက ေျပာၾကားခဲ့သည္ဟု သိရသည္။

အဆိုပါလမ္းပိုင္း အပ္ႏွံေရးအတြက္ UWSA “ဝ” အထူးေဒသ(၂)မွ တာဝန္ရိွသူမ်ားႏွင့္ သက္ဆုိင္ရာဌာနတို႔က ၂၀၁၈ ခုႏွစ္ ေမလ(၆)ရက္ေန႔တြင္ မုိင္းဆတ္ခရိုင္ အေထြေထြ အုပ္ခ်ဳပ္ေရးမွဴးရံုး၌  ေဆြးေႏြးခဲ့ၾကၿပီး ျပည္ေထာင္စုအစိုးရသို႔ သေဘာထားမွတ္ခ်က္ႏွင့္အတူ တင္ျပခဲ့ျခင္းျဖစ္သည္။

တာခ်ီလိတ္ - မုိင္းဆတ္ကားလမ္း ဆိုးဝါးစြာပ်က္စီးေနမႈအား ရာသီမေရြးသြားလာႏုိင္မည့္လမ္းအျဖစ္ ျပဳျပင္ေပးရန္ ျပည္သူ႔လႊတ္ေတာ္တြင္ မိုင္းတုံမဲဆႏၵနယ္မွ ဦးေအာင္ေက်ာ္ဦးက ၂၀၁၇ ခုႏွစ္ ႏုိဝင္ဘာလ (၁)ရက္ေန႔က ေမးခြန္းေမးျမန္းခြင့္ တင္ျပထားခဲ့ၿပီးေနာက္ ေျခာက္လေက်ာ္အၾကာ ေမလတြင္ အဆုိပါ ေမးခြန္းအား လႊတ္ေတာ္၌ တင္ျပခြင့္ရခဲ့ရာ အဆုိပါလမ္းပိုင္းကိစၥႏွင့္ပတ္သက္၍ ၂၀၁၈ ခုႏွစ္ ေမလ (၂၇)ရက္ေန႔တြင္ က်င္းပသည့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာနအစည္းအေဝးတြင္“ဝ”အထူးေဒသမွ တာဝန္ရိွသူမ်ားႏွင့္ ေဆြးေႏြးထားေၾကာင္း နယ္စပ္ေရးရာဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္သန္းထြဋ္က လႊတ္ေတာ္တြင္ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

တာခ်ီလိတ္ - မုိင္းဆတ္လမ္းပိုင္းမွာ စုစုေပါင္း (၆၀.၄)မုိင္ရွည္လ်ားၿပီး ၁၉၉၂ ခုႏွစ္တြင္ "ဝ"အထူးေဒသ(၂) ေတာင္ပိုင္းက  ေဖါက္လုပ္ခဲ့ကာ ယာဥ္ျဖတ္သန္းခ ေကာက္ခံေနခဲ့ျခင္းျဖစ္ကာ လမ္းပိုင္းရိွ အတက္အဆင္းႀကီးမားသည့္ လြယ္ဆမ္ဆုန္ေတာင္ႀကီး၏ (၆)မုိင္ခန္႔အရွည္ကို ကတၱရာလမ္းခင္းထားကာ လမ္းပိုင္းအတြင္း သံုးမုိင္ငါးဖာလံုခန္႔မွာ ေျမသားျဖစ္သျဖင့္ ပ်က္စီးေနျခင္းျဖစ္သည္။

တာခ်ီလိတ္ - မုိင္းဆတ္လမ္းပိုင္းမွာ စုစုေပါင္း (၆၀.၄)မုိင္ရွည္လ်ားၿပီး ၁၉၉၂ ခုႏွစ္တြင္ "ဝ"အထူးေဒသ(၂) ေတာင္ပိုင္းက ေဖါက္လုပ္ခဲ့ကာ ယာဥ္ျဖတ္သန္းခ ေကာက္ခံေနခဲ့ျခင္းျဖစ္သည္။

အဆိုပါ လမ္းပိုင္းမွာ မိုးရာသီအတြင္း ဆိုးရြားစြာပ်က္စီးၿပီး မိုင္(၆၀)ေက်ာ္ခရီးကို  (၇) နာရီခန္႔အထိ ေမာင္းႏွင္ေနရသည့္အတြက္ ေဒသခံျပည္သူမ်ားက အျမန္ဆုံးျပဳျပင္ ေဆာင္ရြက္ေပးရန္ ေမွ်ာ္လင့္ေနၾကျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #သန္းေဇာ္(မိုင္းဆတ္)

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဆတ်-တာချီလိတ်ကားလမ်းအား "ဝ"အထူးဒေသ(၂)မှ နိုင်ငံတော်သို့လွှဲပြောင်းပေးအပ်လိုက်ပြီး လမ်းအသုံးပြုခမကောက်ခံတော့
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်နှင့်တာချီလိတ်ခရိုင် ဆက်သွယ်ထားသော မိုင်းဆတ်-တာချီလိတ်ကားလမ်းအား "ဝ"အထူးဒေသ(၂)မှ နိုင်ငံတော်သို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့ နံနက် (၉) နာရီတွင် လွှဲပြောင်းပေးလိုက်ပြီး “ဝ”အထူးဒေသ(၂)အနေဖြင့် လမ်းပိုင်းအသုံးပြုခကို ကောက်ခံတော့မည် မဟုတ်ကြောင်း သိရသည်။
လမ်းလွှဲပြောင်းပေးအပ်ခြင်းအား မိုင်းဆတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး  ဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ်စည်ပင်သာ ယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ "ဝ"အထူးဒေသ(၂)၊ စစ်ဒေသ(၁၇၁)မှ နိုင်ငံရေးမှူး ဦးအားဖူနှင့် ဒုတပ်မဟာမှူး ဦးပေါက်အိုက်ခမ်းတို့ဦးဆောင် သော အဖွဲ့ဝင်(၁၀)ဦးတို့တက်ရောက်သည့် နှစ်ဖက်ညှိနှိုင်းအစည်းအဝေးတွင် လွှဲပြောင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဆတ်-တာချီလိတ်ကားလမ်းအား "ဝ"အထူးဒေသ(၂)၊ စစ်ဒေသ(၁၇၁)က ၁၉၉၈ခုနှစ်တွင် မိမိအစီအစဉ်ဖြင့် ဖေါက်လုပ်ခဲ့ခြင်းဖြစ်ပြီး အစိုးရနှင့်ချုပ်ဆိုထားသည့်စာချုပ်စာတမ်းမရှိသဖြင့် လမ်းလွှဲပြောင်းပေးအပ်ရာတွင် စာချုပ် စာတမ်းဖြင့် လက်မှတ်ရေးထိုးခြင်းမပြုဘဲ ရိုးရိုးရှင်းရှင်းသာ လွှဲပြောင်းပေးမည်ဖြစ်ပြီး “ဝ”အထူးဒေသ(၂)မှ ဒေသခံပြည်သူများအတွက် လက်ဆောင်အဖြစ် နိုင်ငံတော်သို့ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း အဆိုပါ လမ်းပိုင်းလွှဲပြောင်းပေးရာတွင် "ဝ" အထူးဒေသ(၂)၊စစ်ဒေသ(၁၇၁) နိုင်ငံရေးမှူး ဦးအားဖူက ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါလမ်းပိုင်း အပ်နှံရေးအတွက် UWSA “ဝ” အထူးဒေသ(၂)မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနတို့က ၂၀၁၈ ခုနှစ် မေလ(၆)ရက်နေ့တွင် မိုင်းဆတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌  ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုအစိုးရသို့ သဘောထားမှတ်ချက်နှင့်အတူ တင်ပြခဲ့ခြင်းဖြစ်သည်။

တာချီလိတ် - မိုင်းဆတ်ကားလမ်း ဆိုးဝါးစွာပျက်စီးနေမှုအား ရာသီမရွေးသွားလာနိုင်မည့်လမ်းအဖြစ် ပြုပြင်ပေးရန် ပြည်သူ့လွှတ်တော်တွင် မိုင်းတုံမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဦးက ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့က မေးခွန်းမေးမြန်းခွင့် တင်ပြထားခဲ့ပြီးနောက် ခြောက်လကျော်အကြာ မေလတွင် အဆိုပါ မေးခွန်းအား လွှတ်တော်၌ တင်ပြခွင့်ရခဲ့ရာ အဆိုပါလမ်းပိုင်းကိစ္စနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် မေလ (၂၇)ရက်နေ့တွင် ကျင်းပသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအစည်းအဝေးတွင်“ဝ”အထူးဒေသမှ တာဝန်ရှိသူများနှင့် ဆွေးနွေးထားကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

တာချီလိတ် - မိုင်းဆတ်လမ်းပိုင်းမှာ စုစုပေါင်း (၆၀.၄)မိုင်ရှည်လျားပြီး ၁၉၉၂ ခုနှစ်တွင် "ဝ"အထူးဒေသ(၂) တောင်ပိုင်းက ဖေါက်လုပ်ခဲ့ကာ ယာဉ်ဖြတ်သန်းခ ကောက်ခံနေခဲ့ခြင်းဖြစ်ကာ လမ်းပိုင်းရှိ အတက်အဆင်းကြီးမားသည့် လွယ်ဆမ်ဆုန်တောင်ကြီး၏ (၆)မိုင်ခန့်အရှည်ကို ကတ္တရာလမ်းခင်းထားကာ လမ်းပိုင်းအတွင်း သုံးမိုင်ငါးဖာလုံခန့်မှာ မြေသားဖြစ်သဖြင့် ပျက်စီးနေခြင်းဖြစ်သည်။

တာချီလိတ် - မိုင်းဆတ်လမ်းပိုင်းမှာ စုစုပေါင်း (၆၀.၄)မိုင်ရှည်လျားပြီး ၁၉၉၂ ခုနှစ်တွင် "ဝ"အထူးဒေသ(၂) တောင်ပိုင်းက ဖေါက်လုပ်ခဲ့ကာ ယာဉ်ဖြတ်သန်းခ ကောက်ခံနေခဲ့ခြင်းဖြစ်သည်။

အဆိုပါ လမ်းပိုင်းမှာ မိုးရာသီအတွင်း ဆိုးရွားစွာပျက်စီးပြီး မိုင်(၆၀)ကျော်ခရီးကို  (၇) နာရီခန့်အထိ မောင်းနှင်နေရသည့်အတွက် ဒေသခံပြည်သူများက အမြန်ဆုံးပြုပြင် ဆောင်ရွက်ပေးရန် မျှော်လင့်နေကြခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #သန်းဇော်(မိုင်းဆတ်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~