ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္အလုိက္ အားကစားၿပိဳင္ပြဲမ်ားတြင္ တာခ်ီလိတ္ၿမိဳ႕နယ္က ေရႊ (၁၅)ခုျဖင့္ ဦးေဆာင္ေန

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္အလုိက္ အားကစားၿပိဳင္ပြဲမ်ားတြင္ တာခ်ီလိတ္ၿမိဳ႕နယ္က ေရႊ (၁၅)ခုျဖင့္ ဦးေဆာင္ေန
ဒီဇင်ဘာ 2, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား TSDP အစီအစဥ္အရ က်င္းပေနသည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္အလုိက္ အားကစားၿပိဳင္ပြဲမ်ားတြင္ တာခ်ီလိတ္က ေရႊတံဆိပ္(၁၅)ခုျဖင့္ ဦးေဆာင္ေနေၾကာင္း သိရသည္။

“ေျပးခုန္ပစ္မွာ ေရႊ(၁၁)ခု၊ ၾကက္ေတာင္မွာ အမ်ိဳးသား ေရႊ(၃)ခု၊ ပိုက္ေက်ာ္ျခင္း (၂)ေယာက္တြဲမွာ ေရႊ (၁)ခု၊ ေငြနဲ႔ေၾကးတံဆိပ္ရထားတာေတြလည္းရိွပါတယ္။ ေနာက္ စားပြဲတင္တင္းနစ္အသင္းလုိက္မွာ ဒုတိယ၊ ႏွစ္ေယာက္တြဲမွ ဒုတိယရထားတယ္။ ေဘာလံုးကေတာ့ ယွဥ္ၿပိဳင္ေနဆဲပါ။ ေရႊတံဆိပ္ကေတာ့ မႏွစ္က တာခ်ီလိတ္မွာ က်င္းပတုန္းကထက္ ပိုရတယ္”ဟု တာခ်ီလိတ္ ၿမိဳ႕နယ္အားကစားမွဴး ဦးသန္းလိႈင္က တာခ်ီိလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္အလုိက္ ေဘာလံုး၊ ပိုက္ေက်ာ္ျခင္း၊ စားပြဲတင္တင္းနစ္၊ ၾကက္ေတာင္ႏွင့္ ေျပးခုန္ပစ္ၿပိဳင္ပြဲမ်ားကို ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၂၉)ရက္ေန႔မွ ဒီဇင္ဘာလ (၁၁)ရက္ေန႔အထိ က်င္းပေနျခင္းျဖစ္ၿပီး ဒီဇင္ဘာလ(၂)ရက္ေန႔တြင္ ေဘာလံုးၿပိဳင္ပြဲမွလြဲ၍ က်န္ၿပိဳင္ပြဲအားလံုး ယွဥ္ၿပိဳင္ၿပီးစီးသြားၿပီျဖစ္ေၾကာင္း သိရသည္။

 ၿမိဳ႕နယ္အလုိက္ေဘာလံုးၿပိဳင္ပြဲတြင္ တာခ်ီလိတ္ၿမိဳ႕နယ္အသင္းက ဒီဇင္ဘာလ (၃)ရက္ေန႔ နံနက္(၈)နာရီ၌ မိုင္းျဖတ္ၿမိဳ႕နယ္အသင္းႏွင့္ ကစားမည္ျဖစ္ၿပီး ဒီဇင္ဘာလ (၄)ရက္ေန႔ ညေနပိုင္းတြင္ မိုင္းတံုၿမိဳ႕နယ္အသင္းႏွင့္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ၿမိဳ႕နယ္အလုိက္အားကစားၿပိဳင္ပြဲမ်ားကို ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ ဒီဇင္ဘာလ (၁၈)ရက္ေန႔ႏွင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)တြင္ ဒီဇင္ဘာလ (၂၂)ရက္ေန႔တို႔၌ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု -Than Hlaing

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မြို့နယ်အလိုက် အားကစားပြိုင်ပွဲများတွင် တာချီလိတ်မြို့နယ်က ရွှေ (၁၅)ခုဖြင့် ဦးဆောင်နေ
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ၂၀၁၈ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား TSDP အစီအစဉ်အရ ကျင်းပနေသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မြို့နယ်အလိုက် အားကစားပြိုင်ပွဲများတွင် တာချီလိတ်က ရွှေတံဆိပ်(၁၅)ခုဖြင့် ဦးဆောင်နေကြောင်း သိရသည်။

“ပြေးခုန်ပစ်မှာ ရွှေ(၁၁)ခု၊ ကြက်တောင်မှာ အမျိုးသား ရွှေ(၃)ခု၊ ပိုက်ကျော်ခြင်း (၂)ယောက်တွဲမှာ ရွှေ (၁)ခု၊ ငွေနဲ့ကြေးတံဆိပ်ရထားတာတွေလည်းရှိပါတယ်။ နောက် စားပွဲတင်တင်းနစ်အသင်းလိုက်မှာ ဒုတိယ၊ နှစ်ယောက်တွဲမှ ဒုတိယရထားတယ်။ ဘောလုံးကတော့ ယှဉ်ပြိုင်နေဆဲပါ။ ရွှေတံဆိပ်ကတော့ မနှစ်က တာချီလိတ်မှာ ကျင်းပတုန်းကထက် ပိုရတယ်”ဟု တာချီလိတ် မြို့နယ်အားကစားမှူး ဦးသန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မြို့နယ်အလိုက် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်နှင့် ပြေးခုန်ပစ်ပြိုင်ပွဲများကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၂၉)ရက်နေ့မှ ဒီဇင်ဘာလ (၁၁)ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်ပြီး ဒီဇင်ဘာလ(၂)ရက်နေ့တွင် ဘောလုံးပြိုင်ပွဲမှလွဲ၍ ကျန်ပြိုင်ပွဲအားလုံး ယှဉ်ပြိုင်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

 မြို့နယ်အလိုက်ဘောလုံးပြိုင်ပွဲတွင် တာချီလိတ်မြို့နယ်အသင်းက ဒီဇင်ဘာလ (၃)ရက်နေ့ နံနက်(၈)နာရီ၌ မိုင်းဖြတ်မြို့နယ်အသင်းနှင့် ကစားမည်ဖြစ်ပြီး ဒီဇင်ဘာလ (၄)ရက်နေ့ ညနေပိုင်းတွင် မိုင်းတုံမြို့နယ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက်အားကစားပြိုင်ပွဲများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဒီဇင်ဘာလ (၁၈)ရက်နေ့နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဒီဇင်ဘာလ (၂၂)ရက်နေ့တို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -Than Hlaing

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~