တာခ်ီလိတ္ၿမိဳ႕မေစ်းတြင္ အမိႈက္စနစ္တက်စြန္႔ပစ္ေရးအတြက္ စည္ပင္က ကြင္းဆင္းေဆာင္ရြက္မည္

တာခ်ီလိတ္ၿမိဳ႕မေစ်းတြင္ အမိႈက္စနစ္တက်စြန္႔ပစ္ေရးအတြက္ စည္ပင္က ကြင္းဆင္းေဆာင္ရြက္မည္
ဒီဇင်ဘာ 30, 2018
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ ၿမိဳ႕မေစ်းတြင္ အမိႈက္ပံုး၊ အမိႈက္ကန္မရိွသျဖင့္ အမိႈက္ပံုး ထားရိွေပးရန္ႏွင့္ အမိႈက္စတစ္တက်စြန္႔ပစ္ေရးအတြက္ စည္းရံုးေဆာင္ရြက္ရန္ ၿမိဳ႕နယ္စည္ပင္သာယာေရး ဌာနက ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ(၃၁)ရက္ေန႔တြင္ စတင္လုပ္ေဆာင္မည္ဟု သိရသည္။

 “ကၽြန္ေတာ္တို႔ သိမ္းတာေတာ့ ေန႔တုိင္းသိမ္းပါတယ္။ ဒါေပမဲ့ ပစ္တာက ပစ္စလက္ခတ္လာပံုေတာ့ ဖရိုဖရဲေတြ အကုန္ျဖစ္ကုန္တာေပါ့။ ကၽြန္ေတာ္တုိ႔ မနက္ျဖန္ကစၿပီး ဆိုင္တိုင္းကို ေလာေလာဆယ္မွာ အမိႈက္ပစ္စင္ လုပ္တာ မၿပီးခင္မွာ ေသခ်ာထုပ္ပိုးပစ္ဖို႔ ကြင္းဆင္းေျပာတာေတာ့ လုပ္ေတာ့မယ္။ လိုအပ္ရင္ေတာ့ အမိႈက္ပစ္တာေစာင့္ၾကည့္ဖို႔ ဝန္ထမ္းတစ္ဦးထားေပးဖို႔လိုရင္လည္း ထားမွာေပါ့။ အမိႈက္ဒီတုိင္းလာပစ္ရင္ အိတ္နဲ႔ထည့္ၿပီးပစ္ေအာင္ ေျပာဖို႔ေပါ့။ ဒီကိစၥကို ေစ်းသူေစ်းသားေတြ တင္ျပထားတာလည္း ရိွပါတယ္။ ကၽြန္ေတာ္တုိ႔လည္း အမိႈက္ပံုးခ်ေပးတာက သြားခ်ေပးလိုက္လို႔ရတယ္။ ဒါေပမဲ့ အမိႈက္သိမ္းကား သိမ္းတဲ့အခ်ိန္မွာ ဒီပံုးႀကီးေတြ မဖို႔လည္းမလြယ္၊ ဒီထဲကျပန္ထုတ္တင္ဖို႔လည္း မလြယ္ေတာ့ အဆင္ေျပမယ့္နည္းလမ္းလည္း စဥ္းစားရတယ္။ အခုက ေလးေပေလာက္အျမင့္ စင္လုပ္ၿပီး အမိႈက္ပံုးႀကီးေတြ တင္ထားမယ္။ အမိႈက္ပစ္သူေတြလည္း တက္ၿပီးပစ္လုိ႔ရေအာင္ လုပ္ေပးထားမယ္။ အမိႈက္သိမ္းကားလာရင္ ဒီစင္ေပၚကေန အမိႈက္ပံုးသြန္ယူသြားလို႔ေအာင္ လုပ္ဖို႔ စီစဥ္ထားပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးစိုင္းေအာင္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕မေစ်းတြင္ အမိႈက္သိမ္းလုပ္ငန္းကို တာဝန္ယူထားသည့္ ပုဂၢလိက ကုမၸဏီတစ္ခုက ေန႔စဥ္အမိႈက္သိမ္းေပးေနေသာ္လည္း အမိႈက္ပစ္ရန္ အမိႈက္ကန္၊ အမိႈက္ပံုးမရိွျခင္းႏွင့္ အမိႈက္ပံုတြင္ အမိႈက္မ်ားအား အိတ္မ်ားျဖင့္ စနစ္တက်စြန္႔ပစ္မႈ လုပ္ေဆာင္ျခင္းမရိွသျဖင့္ အနီးဝန္းက်င္ ဆုိင္ခန္းမ်ားမွာ အနံ႔အသက္မ်ားျဖင့္ အဆင္မေျပျဖစ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

အမိႈက္စနစ္တက်စြန္႔ပစ္ေရး ေစ်းသူေစ်းသူမ်ားအား စည္းရံုးျခင္းကို စည္ပင္သာယာဌာနအေနျဖင့္ ကြင္းဆင္းေဆာင္ရြက္ရာတြင္ ေစ်းအိမ္သာမ်ား တာဝန္ယူလုပ္ကိုင္သူအေနျဖင့္ အိမ္သာမ်ား သန္႔ရွင္းသန္႔ရပ္စြာ ထားရိွေပးျခင္းရိွ၊ မရိွကိုလည္း စစ္ေဆးမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

ဓါတ္ပံု - ေအာင္ေက်ာ္ဝင္းစိန္
~~~~~~~~⊰❂Unicode Version ~~~~~~~~
တာချီလိတ်မြို့မဈေးတွင် အမှိုက်စနစ်တကျစွန့်ပစ်ရေးအတွက် စည်ပင်က ကွင်းဆင်းဆောင်ရွက်မည်
****************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မြို့မဈေးတွင် အမှိုက်ပုံး၊ အမှိုက်ကန်မရှိသဖြင့် အမှိုက်ပုံး ထားရှိပေးရန်နှင့် အမှိုက်စတစ်တကျစွန့်ပစ်ရေးအတွက် စည်းရုံးဆောင်ရွက်ရန် မြို့နယ်စည်ပင်သာယာရေး ဌာနက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် စတင်လုပ်ဆောင်မည်ဟု သိရသည်။

 “ကျွန်တော်တို့ သိမ်းတာတော့ နေ့တိုင်းသိမ်းပါတယ်။ ဒါပေမဲ့ ပစ်တာက ပစ်စလက်ခတ်လာပုံတော့ ဖရိုဖရဲတွေ အကုန်ဖြစ်ကုန်တာပေါ့။ ကျွန်တော်တို့ မနက်ဖြန်ကစပြီး ဆိုင်တိုင်းကို လောလောဆယ်မှာ အမှိုက်ပစ်စင် လုပ်တာ မပြီးခင်မှာ သေချာထုပ်ပိုးပစ်ဖို့ ကွင်းဆင်းပြောတာတော့ လုပ်တော့မယ်။ လိုအပ်ရင်တော့ အမှိုက်ပစ်တာစောင့်ကြည့်ဖို့ ဝန်ထမ်းတစ်ဦးထားပေးဖို့လိုရင်လည်း ထားမှာပေါ့။ အမှိုက်ဒီတိုင်းလာပစ်ရင် အိတ်နဲ့ထည့်ပြီးပစ်အောင် ပြောဖို့ပေါ့။ ဒီကိစ္စကို ဈေးသူဈေးသားတွေ တင်ပြထားတာလည်း ရှိပါတယ်။ ကျွန်တော်တို့လည်း အမှိုက်ပုံးချပေးတာက သွားချပေးလိုက်လို့ရတယ်။ ဒါပေမဲ့ အမှိုက်သိမ်းကား သိမ်းတဲ့အချိန်မှာ ဒီပုံးကြီးတွေ မဖို့လည်းမလွယ်၊ ဒီထဲကပြန်ထုတ်တင်ဖို့လည်း မလွယ်တော့ အဆင်ပြေမယ့်နည်းလမ်းလည်း စဉ်းစားရတယ်။ အခုက လေးပေလောက်အမြင့် စင်လုပ်ပြီး အမှိုက်ပုံးကြီးတွေ တင်ထားမယ်။ အမှိုက်ပစ်သူတွေလည်း တက်ပြီးပစ်လို့ရအောင် လုပ်ပေးထားမယ်။ အမှိုက်သိမ်းကားလာရင် ဒီစင်ပေါ်ကနေ အမှိုက်ပုံးသွန်ယူသွားလို့အောင် လုပ်ဖို့ စီစဉ်ထားပါတယ်”ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့မဈေးတွင် အမှိုက်သိမ်းလုပ်ငန်းကို တာဝန်ယူထားသည့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက နေ့စဉ်အမှိုက်သိမ်းပေးနေသော်လည်း အမှိုက်ပစ်ရန် အမှိုက်ကန်၊ အမှိုက်ပုံးမရှိခြင်းနှင့် အမှိုက်ပုံတွင် အမှိုက်များအား အိတ်များဖြင့် စနစ်တကျစွန့်ပစ်မှု လုပ်ဆောင်ခြင်းမရှိသဖြင့် အနီးဝန်းကျင် ဆိုင်ခန်းများမှာ အနံ့အသက်များဖြင့် အဆင်မပြေဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။

အမှိုက်စနစ်တကျစွန့်ပစ်ရေး ဈေးသူဈေးသူများအား စည်းရုံးခြင်းကို စည်ပင်သာယာဌာနအနေဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် ဈေးအိမ်သာများ တာဝန်ယူလုပ်ကိုင်သူအနေဖြင့် အိမ်သာများ သန့်ရှင်းသန့်ရပ်စွာ ထားရှိပေးခြင်းရှိ၊ မရှိကိုလည်း စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~