တာခ်ီလိတ္ၿမိဳ႕ အထက္တန္းေက်ာင္းမွ အၿငိမ္းစား ဆရာ၊ဆရာမမ်ားအား ပူေဇာ္ကန္ေတာ့ပဲြသို႔ အၿငိမ္းစား ဆရာ၊ဆရာမ (၂၁)ဦး တက္ေရာက္

တာခ်ီလိတ္ၿမိဳ႕ အထက္တန္းေက်ာင္းမွ အၿငိမ္းစား ဆရာ၊ဆရာမမ်ားအား ပူေဇာ္ကန္ေတာ့ပဲြသို႔ အၿငိမ္းစား ဆရာ၊ဆရာမ (၂၁)ဦး တက္ေရာက္
ဒီဇင်ဘာ 31, 2018
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းတြင္ ၂၀၁၈ ခုနွစ္၊ ဒီဇင္ဘာလ (၃၁)ရက္ေန႔ ညေနက အေျခခံပညာအထက္တန္းေက်ာင္း (တာခ်ီလိတ္)ေက်ာင္းသားေက်ာင္းသူေဟာင္းမ်ားက အၿငိမ္းစားယူသြားသည့္ ဆရာ၊ဆရာမ (၂၁)ဦးကို ပူေဇာ္ကန္ေတာ့ပြဲက်င္းပသည္။

တာခ်ီလိတ္ၿမိဳ႕ အေျခခံပညာအထက္တန္းေက်ာင္းတြင္ ၁၉၆၀ ခုႏွစ္အတြင္းမွ ၂၀၁၁ ခုႏွစ္အတြင္း တာဝန္ထမ္းေဆာင္ခဲ့ၿပီး အၿငိမ္းစားယူသြားၾကသည့္  ဆရာႀကီး၊ဆရာမႀကီးမ်ား ျဖစ္ၾကေသာ ဦးဖုိးသိန္းရွင္၊ ဦးေမာင္ငယ္၊ ေဒၚခင္ေမႏြဲ႔၊ ဦးစုိင္းတစ္လုံ၊ ဦးစိန္လြင္၊ ဦးကိုကုိႀကီး၊ ေဒၚျမေရႊ၊ ဦးရာခ်ိန္၊ ဦးလွရွယ္၊ ဦးခင္ေမာင္၊ ေဒၚမိုင္းရာပြန္း၊ ေဒၚခမ္းမြန္း၊ ဦးဒါးလီယုိ၊ ေဒၚခင္ေမဝင္း၊ ေဒၚခင္ခင္ရီ၊ ေဒၚတင္ဝင္းရီ၊ ေဒၚနန္းခင္စိန္၊ ဦးေစာလႈိင္၊ ဦးေက်ာ္သိန္း၊ ဦးေက်ာ္သူႏွင့္ ဦးခင္ေမာင္ျမင့္တုိ႔အား ဖိတ္ၾကား၍ ကန္ေတာ့ၾကျခင္းျဖစ္သည္။

အၿငိမ္းစားဆရာ၊ဆရာမႀကီးမ်ားအား ပူေဇာ္ကန္ေတာ့ပြဲကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၃၁)ရက္ေန႔ ညေန (၅)နာရီမွ (၆)နာရီအထိ က်င္းပျခင္းျဖစ္ၿပီး ေက်ာင္းသားေက်ာင္းသူေဟာင္းမ်ားက ကန္ေတာ့ခ်ိဳးျဖင့္ ကန္ေတာ့ျခင္း၊ ကန္ေတာ့ေငြမ်ား ေပးအပ္ျခင္း၊ ဆရာ၊ဆရာမမ်ားကို ေကၽြးေမြးဧည့္ခံျခင္းတို႔ျဖင့္ အခမ္းအနားအား က်င္းပျခင္းျဖစ္သည္။


Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ အထက်တန်းကျောင်းမှ အငြိမ်းစား ဆရာ၊ဆရာမများအား ပူဇော်ကန်တော့ပွဲသို့ အငြိမ်းစား ဆရာ၊ဆရာမ (၂၁)ဦး တက်ရောက်
**************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့ ညနေက အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)ကျောင်းသားကျောင်းသူဟောင်းများက အငြိမ်းစားယူသွားသည့် ဆရာ၊ဆရာမ (၂၁)ဦးကို ပူဇော်ကန်တော့ပွဲကျင်းပသည်။

တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၁၉၆၀ ခုနှစ်အတွင်းမှ ၂၀၁၁ ခုနှစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ပြီး  အငြိမ်းစားယူသွားခဲ့ကြသည့် ဆရာကြီး၊ဆရာမကြီးများ ဖြစ်ကြသော ဦးဖိုးသိန်းရှင်၊ ဦးမောင်ငယ်၊ ဒေါ်ခင်မေနွဲ့၊ ဦးစိုင်းတစ်လုံ၊ ဦးစိန်လွင်၊ ဦးကိုကိုကြီး၊ ဒေါ်မြရွှေ၊ ဦးရာချိန်၊ ဦးလှရှယ်၊ ဦးခင်မောင်၊ ဒေါ်မိုင်းရာပွန်း၊ ဒေါ်ခမ်းမွန်း၊ ဦးဒါးလီယို၊ ဒေါ်ခင်မေဝင်း၊ ဒေါ်ခင်ခင်ရီ၊ ဒေါ်တင်ဝင်းရီ၊ ဒေါ်နန်းခင်စိန်၊ ဦးစောလှိုင်၊ ဦးကျော်သိန်း၊ ဦးကျော်သူနှင့် ဦးခင်မောင်မြင့်တို့အား ဖိတ်ကြား၍ ကန်တော့ကြခြင်းဖြစ်သည်။

အငြိမ်းစားဆရာ၊ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့ ညနေ (၅)နာရီမှ (၆)နာရီအထိ ကျင်းပခြင်းဖြစ်ပြီး ကျောင်းသားကျောင်းသူဟောင်းများက ကန်တော့ချိုးဖြင့် ကန်တော့ခြင်း၊ ကန်တော့ငွေများ ပေးအပ်ခြင်း၊ ဆရာ၊ဆရာမများကို ကျွေးမွေးဧည့်ခံခြင်းတို့ဖြင့် အခမ်းအနားအား ကျင်းပခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~